Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဖြစ်ရပ်မှန် ရုပ်ရှင်ကားတွေရဲ့ နောက်ကွယ်က စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ (၂)

$
0
0

တကယ့် အဖြစ်အပျက်တွေကို ရုပ်ရှင်ရိုက်ဖို့ဆိုရင် ဒါရိုက်တာတွေဟာ ရုပ်ရှင်စမရိုက်ခင် တချို့သော လေ့လာ ဆန်းစစ်ချက်တွေကို ပြုလုပ်ရပါတယ်။ တကယ့် အဖြစ်အပျက်ကနေ သွေဖယ်မသွားရအောင်နဲ့ ကြည့်ရှုသူ စိတ်ဝင်စားစေဖို့အတွက် တချို့သော အကြောင်းအရာတွေကို ချန်လှပ်ထားခဲ့လေ့ရှိတာကြောင့် ဒီထဲကမှ တချို့သော ဖြစ်ရပ်မှန် ဇာတ်ကားတွေရဲ့ နောက်ကွယ်က စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) The Revenant (2015)

ဝက်ဝံတကောင်ရဲ့ တိုက်ခိုက်မှုကြောင့် သေလုမြောပါး ဝေဒနာတွေ ခံစားခဲ့ရပြီး အမဲလိုက် အဖွဲ့ရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ Hugh Glass တယောက် သူ့ရဲ့ အသက်ရှင် ရပ်တည်ရေးအတွက် တယောက်တည်း ရုန်းကန်ရင်ဆိုင်ရပုံနဲ့ ပြန်လည် လက်စားချေပုံတွေကို ရိုက်ကူးပြသထားတဲ့ ဒီဇာတ်ကားရဲ့ တကယ့် အဖြစ်မှန်မှာတော့ ဝက်ဝံနဲ့ တိုက်ခိုက်ခဲ့တဲ့ ကာလဟာ ဇာတ်ကားထဲကလို ဆောင်းရာသီမှာ မဟုတ်ပါဘူး။ နွေရာသီမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တကယ့် Hugh Glass ဟာ ဇာတ်ကားထဲမှာလို John Fitzgerald ကို ကလဲ့စား မချေခဲ့ဘဲ ခွင့်လွှတ်ခဲ့တယ် ဆိုတာပဲ ဖြစ်ပါတယ်။

(၂) The Wolf Of Wall Street (2013)

အောင်မြင်တဲ့ Stockbroker တဦးဖြစ်တဲ့ Jordan Belfort ဟာ ပါတီပွဲတွေ တအုန်းအုန်းနဲ့ သောက်ပွဲစားပွဲတွေ ရက်ဆက်လိုလို ကျင်းပတာကြောင့် FBI ရဲ့သတိထားစောင့်ကြည့်စရာ စီးပွားရေး လုပ်ငန်းရှင်တဦး အကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်ကားရဲ့ နောက်ကွယ်က တကယ့်အဖြစ်မှန်မှာတော့ Jordan Belfort ဟာ ရုပ်ရှင်ထဲကလို ပါတီပွဲတွေ၊ ဆေးနဲ့ အရက်တွေကို အလွန်အကျွံသုံးစွဲနေတဲ့ လုပ်ငန်းရှင်တယောက် မဟုတ်ဘူး ဆိုတာပါပဲ။ ကြည့်ရှုသူ စိတ်ဝင်စားအောင် ဒါရိုက်တာက ဒီအခန်းတွေကို ထည့်သွင်း ရိုက်ကူးခဲ့တာသာ ဖြစ်ပါတယ်။

(၃) Eddie the Eagle (2016)

Eddie Evans ဆိုတဲ့ အင်္ဂလန်နှင်းလျှော စကိတ်စီးသမား တဦးရဲ့ဘဝကို ပြန်လည် ပုံဖော် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ ရုပ်ရှင်ထဲက Eddie နဲ့ မတူတဲ့အချက်ကတော့ Eddie ဟာ စတန့်တချို့ကို ကားတွေ၊ ဘတ်စ်ကားတွေပေါ် ကျော်စီးပြခဲ့ဖူးပြီး သူ့ဘဝရဲ့ အချိန် တော်တော်များများဟာ စိတ်ကျန်းမာရေး ဆေးရုံပေါ်မှာပဲ အချိန်ကုန်ဆုံးခဲ့ရသူ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်ဖြစ်ရပ်မှန် ရုပ်ရှင်ကားတွေရဲ့ နောက်ကွယ်က စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ (၁) 

Ref: brightside.me

The post ဖြစ်ရပ်မှန် ရုပ်ရှင်ကားတွေရဲ့ နောက်ကွယ်က စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ (၂) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ