Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အနုပညာရှင်များရဲ့ Facebook အကောင့်များ ဆက်တိုက်ဆိုသလို Hack ခံနေရ

$
0
0

အခုရက်ပိုင်း အတွင်းမှာ အနုပညာရှင်များရဲ့ Facebook အကောင့်များကို Hacker များက အကောင့်ဟက်ကာ ဝင်ရောက် ထိန်းသိမ်းကြပြီး ငွေကြေး အလှူ တောင်းခံမှုများ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။

အနုပညာရှင် တော်တော်များများရဲ့ Facebook အကောင့်များ သိမ်းယူခံရပြီးနောက် အဆိုတော် ဝေလ၊ အိချောပိုနဲ့ အလှမယ် မေမြတ်နိုးတို့ရဲ့ အကောင့်များမှာတော့ “မင်းတို့ အကောင့်တွေကို 9MC က သိမ်းယူလိုက်ပြီ မင်းတို့ အကောင့်တွေကို ငါတို့ အပိုင်မယူပါဘူး။ ပြန်ပေးပါမှာ Control By 9MC” ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

ဒီလို အကောင့်ကို Hack ခံရပြီး နောက်မှတော့ အနုပညာရှင်များထံ ဖုန်းဆက်ပြီး အလှူငွေ ကောက်ခံခြင်းများ ကြုံတွေ့ရတယ်လို့လည်း အကောင့်ဟက်ခံရတဲ့ အနုပညာရှင် အချို့က ဆိုပါတယ်။

ဒါနဲ့ပတ်သတ်လို့ Fcebook အကောင့် အဟက်ခံခဲ့ရတဲ့ အလှမယ် ဟန်တီက “အလှူငွေလိုလို့ လာကောက်လို့ တောင်းတယ်ဆိုရင် ဟန်သီက ပေးနိုင်ပါတယ်။ ဘယ်လောက်ပဲ ဖြစ်ဖြစ်၊ သူတို့က ၃ သိန်း လွှဲပြီးရင် ပြေစာပို့ပေး၊ ပြေစာပို့ပေးရင် အကောင့် ပြန်ပေးမယ်လို့ ပြောတယ်။ သူတို့လက်ထဲမှာလည်း ဒီလိုမျိုး Celebrities အကောင့်တွေ ရှိတယ်လို့ ပြောတယ်” လို့ ဆိုပါတယ်။

ဟန်သီက “တခုလည်း ပြောလိုက်သေးတယ်။ ပရဟိတဆိုတာ ဒီလိုမျိုး အကောင့်တွေကို ငွေညှစ်ပြီး ဟက်လုပ်ပြီး အကူအညီ လာတောင်းရင်တော့ ဟန်တီက မပေးနိုင်ဘူး” ဆိုပြီး ဧရာဝတီကို ဖြေဆိုဖူးပါတယ်။

သရုပ်ဆောင် စံရတီမိုးမြင့် ကလည်း အကောင့်Hack ခံရပြီး ငွေကြေးတောင်းခံရတဲ့အပေါ်မှာ “ပိုက်ဆံလိုချင်ရင်လည်း သဲက တိရိစ္ဆာန်လေးတွေကိုတောင် လှူပါတယ်။ လိုချင်ရင်လည်း ဒီတိုင်း အလှူလာခံလည်း ပေးပါတယ်ရှင်” ဆိုပြီး အကောင့် ဟက်သူများကို ပြန်လည်ရေးသား တုန့်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အနုပညာရှင်များဖြစ်ကြတဲ့ အဆိုတော် ဝေလ၊ အိချောပို၊ ယဉ်လက်၊ မေမြတ်နိုး၊ ဟန်တီ၊ စံရတီမိုးမြင့်၊ ဧငြိမ်းဖြူ ၊ အဆိုတော် အမွန်း အစရှိတဲ့ အနုပညာရှင်များရဲ့ အကောင့်များ Hack ခြင်းကို ခံရထားရပြီး ဒီလိုမျိုးဆက်တိုက်  ဖြစ်ပေါ်နေမှုအပေါ်မှာ အနုပညာရှင်များအနေနဲ့ စိုးရိမ်မှုများ ရှိနေပေမယ့် အကောင့်များ Hack ခံရပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုတော့ ဖြန့်ဝေခြင်း ပြုလုပ်ထားတာ မတွေ့ရပါဘူး။

ဆက်စပ် သတင်းလင့်ခ် – Facebook အကောင့် ဟက်ခံရပြီး အလှူငွေ ၃ သိန်းပေးရန် အတောင်းခံရတဲ့ အလှမယ် ဟန်သီ

The post အနုပညာရှင်များရဲ့ Facebook အကောင့်များ ဆက်တိုက်ဆိုသလို Hack ခံနေရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258