Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဂျပန် “တက်နေဝန်း” အလံဓာတ်ပုံကို Like ပေးခဲ့သည့်အတွက် မင်းသား Steven Yeun ပြန်လည် တောင်းပန်

$
0
0

ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသား မင်းသား Steven Yeun ဟာ ဂျပန်နိုင်ငံရဲ့ “တက်နေဝန်း” အလံပုံ ပါရှိတဲ့ ဓာတ်ပုံ တခုကို Like ပေးခဲ့ပြီးနောက် ဝေဖန်ခဲ့ခံရပါတယ်။

မေလ ၁၁ ရက်နေ့မှာ မင်းသား Steven Yeun ဟာ ရုပ်ရှင်ဒါရိုက်တာ Joe Lynch က Instagram မှာ တင်ခဲ့တဲ့ ဂျပန် “တက်နေဝန်း” အလံနဲ့ ပြုလုပ်ထားတဲ့ အကျီကို ဝတ်ဆင်ထားတဲ့ ကောင်လေးတယောက်ရဲ့ ဓာတ်ပုံကို Like ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အခုတော့ အဲဒီ ဓာတ်ပုံကို ပြန်လည် ဖြုတ်ချလိုက်ပြီ ဖြစ်ပါတယ်။

အင်တာနက်သုံးစွဲသူတွေဟာ အဲဒါကို မြင်တွေ့ခဲ့ပြီးတဲ့နောက်ပိုင်း မင်းသားရဲ့ အဆင်အခြင်မဲ့တဲ့ လုပ်ရပ်အတွက် ရှုတ်ချ ပြောဆိုခဲ့ကြပါတယ်။ဂျပန်နိုင်ငံရဲ့ “တက်နေဝန်း” အလံဟာ ကိုရီးယားမှာတော့ အကဲဆတ်တဲ့ ကိစ္စရပ် ဖြစ်ပြီးတော့ ဒါဟာ ဒုတိယကမ္ဘာစစ်အတွင်းက ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့အပေါ် အကျိုးသက်ရောက်မှုရှိခဲ့တဲ့ ဂျပန်တို့ရဲ့ နယ်ချဲ့စနစ်ကို ကိုယ်စားပြုတဲ့ သင်္ကေတလို့ လူတော်တော်များများက ရှုမြင်နေကြတာပါ။

အလံ နောက်ကွယ်မှာရှိတဲ့ သမိုင်းနောက်ခံ အကြောင်းအရာကြောင့် ကိုရီးယားနဲ့ တရုတ်လူမျိုး တော်တော်များများဟာ အဲဒီအလံကြောင့် စိတ်ဆိုး ဒေါသထွက်လေ့ရှိပြီး အဲဒီအလံကို နာဇီတို့ရဲ့ စကြာပုံနဲ့ နှိုင်းယှဉ်လေ့ရှိကြပါတယ်။ အဲဒီ အငြင်းပွားဖွယ်ကိစ္စရပ်ကြောင့် မင်းသား Steven Yeun ဟာ သူ့ရဲ့ အမှားအတွက် တောင်းပန်ကြောင်း ထုတ်ပြန် ရေးသားခဲ့ပြီး အခုအတွေ့အကြုံကနေ သင်ယူပါမယ်ဆိုတဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီ တောင်းပန်စာထဲမှာ တော့ မစဉ်းစားဘဲ အခုလိုမျိုး Instagram မှာ တင်ထားတဲ့ ပုံကို Like ပေးခဲ့မိတဲ့အတွက် စိတ်ထိခိုက်ခဲ့ကြတဲ့ သူတွေကို တောင်းပန်ပါကြောင်း၊ အခုလို အတွေ့အကြုံကနေ သင်ခန်းစာ ယူပြီး နောက်ထပ် အခုလို အမှားမျိုး ကျူးလွန်တာမျိုး မရှိ နိုင်အောင် ကြိုးစားနေထိုင်ပါမယ့် အကြောင်း ရေးသားခဲ့ပါတယ်။ မင်းသား Steven Yeun ဟာ နာမည်ကျော် အမေရိကန် ရုပ်သံဇာတ်လမ်းတွဲ တခုဖြစ်တဲ့ “Walking Dead” မှာ ပါဝင် သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။

Ref: allkpop

The post ဂျပန် “တက်နေဝန်း” အလံဓာတ်ပုံကို Like ပေးခဲ့သည့်အတွက် မင်းသား Steven Yeun ပြန်လည် တောင်းပန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ