Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

‘ X Factor ’ ပုံစံတူ တရုတ်သီချင်းဆိုပြိုင်ပွဲမှာ ဗြိတိသျှအဆိုတော် Jessie J အနိုင်ရ

$
0
0

၂၀၁၄ ခုနှစ်မှာ Ariana Grande ၊ Nicki Minaj တို့နဲ့အတူ သီဆိုခဲ့တဲ့ “Bang Bang” သီချင်းနဲ့ လူသိများတဲ့ အဆိုတော် Jessie J ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ “The X Factor” တရုတ်ဗားရှင်းလို့  သိကြတဲ့ သီချင်းဆို ပြိုင်ပွဲ တခုဖြစ်တဲ့ “Singer” အစီအစဉ်မှာ အနိုင်ရရှိခဲ့ပါတယ်။ The Telegraph သတင်းစာရဲ့ အဆိုအရ ကြည့်ရှုသူ သန်း ၂၅၀  ပတ်ဝန်းကျင်ရှိတဲ့  အဲဒီနာမည်ကျော် သီချင်းဆိုပြိုင်ပွဲ ကို ဖိတ်ကြားခံရတဲ့  အာရှတိုက်ပြင်ပက ပထမဆုံး အဆိုတော် တယောက်လည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

UK နိုင်ငံမှာထုတ်လွှင့်တဲ့ “The Voice” အစီအစဉ်မှာ ဒိုင်လူကြီးတဦးအနေနဲ့  ပါဝင်ခဲ့ပေမယ့် အခု  တရုတ်သီချင်းဆို ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်တဦးအနေနဲ့ အလှည့်အပြောင်း ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုလိုမျိုး တရုတ်ရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့  သီချင်းဆိုပြိုင်ပွဲ တခုမှာ ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့  လူတော်တော်များများ က ပဟေဠိ  ဖြစ်နေခဲ့ကြပေမယ့် အခုလိုမျိုး အနိုင်ရရှိလိုက်ပြီးတဲ့နောက် သူဟာ သူ့ရဲ့ Instagram အကောင့်မှာ  ရှည်လျား တဲ့ပို့စ်တခုကို တင်ပြီး အကြောင်းအရင်းကို ရှင်းပြခဲ့ပါတယ်။

X Factor အဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အဆိုတော် Jessie J

အဆိုတော် Jessie J က “ပြီးခဲ့တဲ့နှစ်၊ တရုတ်နိုင်ငံက အဆိုတော်ပြိုင်ပွဲတခုမှာ ကျမကို ယှဉ်ပြိုင်ဖို့ တောင်းဆိုခဲ့ ကြပါတယ်။  လူတော်တော်များများက ဒါကို သိသွားကြမယ်ဆိုရင် အံ့သြ သွားကြမယ်ဆိုတာကိုလည်း သိပါတယ်၊  အခုလိုမျိုး သီချင်း ဆိုပြိုင်ပွဲတခုမှာ  ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့တဲ့  အကြောင်းကတော့ ကျမဟာ အများနဲ့ ယှဉ်ပြိုင်ရတဲ့ လူတယောက် ဖြစ်လာနိုင်မ လား  လို့ပါ” လို့ ရေးသားခဲ့ပါတယ်။ သူ့ရဲ့  အနိုင်ရ  ဖျော်ဖြေမှုကို လူ တစ်ဘီလီယံလောက် ကြည့်ရှုခဲ့ကြပြီးတော့  အဲဒီ  ဖျော်ဖြေမှုတခုလုံးဟာ  အံ့သြလောက်ဖွယ် လေ့လာသင်ယူနိုင် ခဲ့တဲ့ အတွေ့အကြုံတခုဖြစ်တယ်လို့  သူကဆိုပါတယ်။  အဆိုတော် Jessie က “ကျမ ပြီးခဲ့တဲ့ည(ဧပြီ ၁၆) ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်၊ ဒါပေမယ့် ကျမတို့အားလုံး အနိုင်ရရှိမှုဟာ  တကယ့်ကိုပဲ မှော်ဆန်တဲ့  အရာတခုရဲ့ အစပဲ ဖြစ်ပါတယ်”  လို့ ရေးသားခဲ့ပါတယ်။ သူ့ရဲ့  အနိုင်ရ  ဖျော်ဖြေမှုကတော့  ကွယ်လွန်သူ အဆိုတော် Whitney Houston ရဲ့ နာမည်ကျော်သီချင်း ‘I Will Always Love You’ ကို ပြန်လည်သီဆိုမှုပဲ  ဖြစ်ပါတယ်။

Etcanada

The post ‘ X Factor ’ ပုံစံတူ တရုတ်သီချင်းဆိုပြိုင်ပွဲမှာ ဗြိတိသျှအဆိုတော် Jessie J အနိုင်ရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ