Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အချစ်တော်ခွေးလေးကို ဆုံးရှုံးလိုက်ရလို့ အဲလိဇဘက်ဘုရင်မကြီး ဝမ်းနည်းပူဆွေးနေ

$
0
0

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ဟာ သူ့ရဲ့ ပထမဆုံး Corgi အမျိုးအစားခွေးမလေး Susan ရဲ့ နောက်ဆုံးလက်ကျန် မျိုးဆက် ဖြစ်တဲ့ ခွေးလေး Willow သေဆုံးခဲ့ပြီးတဲ့နောက်မှာ နှလုံးထိခိုက် ကြေကွဲ နေတယ်လို့ သတင်းတွေမှာဆိုပါတယ်။ သက်တော်၉၁ နှစ်အရွယ် ဘုရင်မကြီးဟာ ပြီးခဲ့တဲ့ဧပြီ ၁၅ ရက်မှာ သူ့ရဲ့အချစ်တော်ခွေးလေး Willow ကို ဝင်ဆာနန်းတော် မှာပဲ နာကျင်မှုမရှိစေဘဲ  အဆုံးစီရင်ခဲ့တာလည်း  ဖြစ်ပါတယ်။  အသက်ရနေပြီဖြစ်တဲ့ အဲဒီ  တော်ဝင်ခွေးဟာ  ကင်ဆာနဲ့ ပတ်သတ်တဲ့ အဖျားရောဂါတခုကို ခံစားခဲ့ရပြီးတော့ သူ့ရဲ့ပိုင်ရှင်ဖြစ်တဲ့ ဘုရင်မကြီးက ထပ်ပြီး ရောဂါဘယတွေကို မခံစား စေချင် တော့တာဖြစ်ပါတယ်။ သတင်းရင်းမြစ်တခုက “ဘုရင်မကြီးဟာ သူ့ရဲ့ခွေးတွေခံစားနေရတာကို မကြည့်ရက်ပါဘူး ၊  ပြီးတော့ သူ့အတွက် ဆုံးရှုံးမှုကို  မြန်မြန်ဖြစ်စေပေမယ့်လည်း ဒီလိုမျိုး  ဆောင်ရွက်လိုက်ရတာဟာ အကြင်နာဆုံး လုပ်ရပ် ဖြစ်မယ်ဆိုတာကို သူသိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီခွေးလေးကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းအထိ လေ့ကျင့်ခန်းလုပ်ပေးနေပြီး အစာကျွေးနေခဲ့တာ ဖြစ်ပေမယ့် သူ့ရဲ့ အခြေအနေက ပိုဆိုးရွားလာလို့ တိရိစ္ဆာန်အထူးကုဆရာဝန်တဦးကို ခေါ်ဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။ အဲဒီခွေးလေး ကို နန်းတော်ရဲ့ မြေပြင်တနေရာမှာ  မြှပ်နှံသဂြိုဟ်လိုက်ပြီး  Willow  လို့ရေးသားထားတဲ့နာမည်နဲ့အတူ ဘုရင်မကြီးရဲ့ ယုံကြည်ရတဲ့ အဖော်မွန်ဆိုတဲ့ စကားလုံးတွေကို ရေးထိုးထားတဲ့ ကဗ္ဗည်းကျောက်တိုင်တခုကိုပါ အဲဒီနေရာမှာ စိုက်ထူထား တယ်လို့ ဆိုပါတယ်။

ခွေးလေး Willow ဟာ ဘုရင်မကြီးရဲ့ အသက် ၁၈ နှစ်ပြည့်အချိန်တုန်းက လက်ဆောင်အဖြစ် ပထမဆုံးရရှိခဲ့တဲ့ Corgi အမျိုးအစားခွေးမလေး Susan ရဲ့ သွေးသားလည်း ဖြစ်ပါတယ်။ အတွင်းသတင်းတွေရဲ့ အဆိုအရ ဘုရင်မကြီးဟာ သူ ချစ်မြတ်နိုးရတဲ့ အဖော်မွန်ဆုံးရှုံးလိုက်ရလို့ တော်တော်လေးကို ဝမ်းနည်းနေတယ်လို့ သိရပါတယ်။ သတင်းရင်းမြစ်တခုက “ဘုရင်မကြီးဟာ နှစ်တော်တော်များများလောက်မှာ သူ့ရဲ့ Corgi ခွေးတကောင်ချင်းစီအတွက် ဝမ်းနည်းခဲ့ရပါတယ်၊ ဒါပေ မယ့်  တခြားခွေးတွေထက် Willow ရဲ့ သေဆုံးမှုနဲ့ ပတ်သက်လို့ သူပိုပြီး ဝမ်းနည်းနေရပါတယ်၊ ဒါဟာ ဘာကြောင့်လည်း ဆိုတော့  Willow  ဟာ ဘုရင်မကြီးရဲ့ မိဘတွေနဲ့  နောက်ဆုံး ဆက်နွယ်မှုတခုဖြစ်ပြီး သူ့ ကလေးဘဝကို ပြန်သွားနိုင်တဲ့ အတိတ်ကာလ တခုလည်း  ဖြစ်ပါတယ် ၊ ခေတ်တခုအဆုံးသတ်သွားသလို  တကယ်ခံစားနေရပါတယ်၊  ဘုရင်မကြီးရဲ့ ဆယ်ကျော်သက်အရွယ်ကနေ သက်တော် ၉၀ ကျော်အထိ ဘဝတလျှောက်လုံး ဖြတ်သန်းနေတဲ့ ထူးခြားတဲ့ သံယောဇဉ် အမျှင်တန်းအဖြစ် Willow က ကိုယ်စားပြုပါတယ်” လို့ Daily Mail သတင်းစာကို ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဘုရင်မကြီးဆီမှာ Dachsund နဲ့ Corgi တို့ကို မျိုးစပ်ထားပြီး Vulcan နဲ့ Candy လို့အမည်ရတဲ့ Dorgi  ခွေး  နှစ်ကောင်ရှိပြီး ပြီးခဲ့တဲ့နှစ်မှာလည်း Whisper လို့အမည်ရတဲ့ တခြား Corgi ခွေးတကောင်ကိုလည်း မွေးစားဖို့ သဘောတူ ခဲ့ပါသေးတယ်။ အခု ခွေးလေး Willow သေဆုံးမှုဟာ Corgi ခွေးလေးတကောင်ဖြစ်တဲ့ Holly အသက် ၁၃နှစ်အရွယ်မှာ   သေဆုံးပီး ၁၈လအကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ၁၉၄၅ခုနှစ်ကစလို့ ဘုရင်မကြီးဆီမှာ Corgi ခွေး အကောင် ၃၀ကျော်   ပိုင်ဆိုင်ခဲ့ပြီး သူတို့ထဲကအများစုဟု သူ့ရဲ့ပထမဆုံး ခွေးမလေး Susan ဆီကနေ ပေါက်ဖွားခဲ့တာပဲဖြစ်ပါတယ်။ ဘုရင်မကြီး ဆီမှာ တိရိစ္ဆာန် ၁၃ ကောင်လောက်ရှိသေးတယ်လို့လည်း ဆိုကြပါတယ်။

contactmusic

The post အချစ်တော်ခွေးလေးကို ဆုံးရှုံးလိုက်ရလို့ အဲလိဇဘက်ဘုရင်မကြီး ဝမ်းနည်းပူဆွေးနေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)