Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လက်ရှိဘဝနဲ့ တမလွန်ဘဝအကြားက တံခါးတချပ်ကို ဆွဲဖွင့်ကြသူများ (သို့မဟုတ်) Flatliners (2017)

$
0
0

ဒီတခါမှာတော့ IMDB rating (5.2) ရရှိထားပြီး ဒါရိုက်တာ Niels Arden Oplev ရိုက်ကူူးထားတဲ့ Flatliners ဆိုတဲ့ သည်းထိတ်ရင်ဖို ဒရာမာဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ  Ellen Page, Diego Luna, Nina Dobrev,James Norton နဲ့ Kiersey Clemons စတဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ သေသွားပြီးတဲ့ နောက်ပိုင်းမှာ ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေဟာ ဘာတွေဆက်ဖြစ်မလည်း ဆိုတာကို ဆေးကျောင်းသူ ကော်တနေ အပါအဝင် ဆေးကျောင်းသား ၄ ယောက်တို့က  စမ်းသပ်မှု  ပြုလုပ်ကြတာပဲ  ဖြစ်ပါတယ်။

ဒီစမ်းသပ်မှုကို ပြုလုပ်ဖို့အတွက် နှလုံးခုန်တာကို ခေတ္တရပ်အောင်ပြုလုပ်ရတာဖြစ်ပြီး နှလုံးခုန်ရပ်သွားပြီး ၂ မိနစ်ခန့်အကြာမှာ ဦးနှောက်ရဲ့လုပ်ဆောင်ပုံတွေကို လေ့လာကြတာပါ။ အသက်နဲ့ရင်းရတဲ့ ဒီစမ်းသပ်မှုကို ပထမဆုံးအနေ နဲ့ ကော်တနေကနေ စတင်စမ်းသပ်ခဲ့ပြီး စမ်းသပ်မှုရဲ့ရလဒ်ကတော့ ပုံမှန်ထက်ပိုပြီး ဉာဏ်ပိုကောင်း လာတာပဲဖြစ်ပါတယ်။ ဒီလိုထူးခြားကောင်းမွန်လှတဲ့ ရလဒ်ကြောင့်ပဲ ဆေးကျောင်းသားတွေဟာ တယောက်တလှည့်စီနဲ့ အန္တရာယ်ရှိလှတဲ့ ဒီလို စမ်းသပ်မှုကို လုပ်ဆောင်ခဲ့ကြပါတော့တယ်။

ရလဒ်ကောင်းအနေနဲ့ ပုံမှန်ထက် ဉာဏ်ရည်ပိုမို ထက်မြက်လာသလို တဖက် မှာလည်း ဒီစမ်းသပ်မှုကြောင့်ပဲ  လက်ရှိဘဝနဲ့ တမလွန်ဘဝကြားက ထိတ်လန့်စရာ အခြေအနေတွေနဲ့ ကြုံတွေ့လာရပါ  တော့တယ်။ ငယ်ဘဝက အိပ်မက်ဆိုးတွေနဲ့ သူတို့ကျူးလွန်ခဲ့တဲ့ အပြစ်တွေက လက်ရှိဘဝကို ဆန်းကြယ်လှတဲ့  ခြောက် လှန့်မှုတွေနဲ့ သူတို့တဦးချင်းစီကို ဒုက္ခတွေကောင်းကောင်းကြီးကိုပေးလာတဲ့အခါမှာ ဒီအခြေအနေကို သူတို့ ဘယ်လိို  ဖြေရှင်းကြမလဲဆိုတာကိုတော့ ဒီဇာတ်ကားကို ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

ဒီဇာတ်ကားဟာ ၁၉၉၀ ပြည့်နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Horror Drama ဇာတ်ကားကောင်း Flatliners (1990) ရဲ့ အဆက်အဖြစ်ထွက်ရှိလာတာဖြစ်ပါတယ်။ နောက်ထပ် ၂၈ နှစ်အကြာမှာ ပထမဇာတ်ကားထဲက စမ်းသပ်မှုမျိုးအတိုင်းကို  ဆေးကျောင်းသား ၅ ယောက်က ထပ်မံစမ်းသပ်ကြတာပဲဖြစ်ပါတယ်။ ပထမဇာတ်ကားမကြည့်ဖူးသူများလည်း ဒီဇာတ် ကားကို   ကြည့်ရှုနားလည်နိုင်မှာဖြစ်သလို ဇာတ်လမ်းအစကနေ အဆုံးအထိ အသည်းတထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ  ဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ရပါတယ်။

The post လက်ရှိဘဝနဲ့ တမလွန်ဘဝအကြားက တံခါးတချပ်ကို ဆွဲဖွင့်ကြသူများ (သို့မဟုတ်) Flatliners (2017) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)