Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မကြာခင်ထွက်ရှိတော့မယ့် အခွေထဲမှ သီချင်းသစ်တပုဒ်ကို မင်းသားကြီးဂျက်ကီချန်း ဖြန့်ချိ

$
0
0

ကမ္ဘာကျော်တရုတ်မင်းသားကြီး ဂျက်ကီချန်းဟာ သူ့ရဲ့ ချိုသာတဲ့အသံဖန်တီးမှုတခုကို ဖော်ထုတ်ပြသလိုက်ပြီ ပဲဖြစ်ပါတယ်။ “Rush Hour” ရုပ်ရှင်မင်းသားကြီးချန်းဟာ မကြာခင်ထွက်ရှိလာတော့မယ့် သူ့ရဲ့“My Life in Music” အယ်လ်ဘမ်ထဲက “Wu Shi Ren Fei” ဆိုတဲ့သီချင်းသစ်ကို ပြီးခဲ့တဲ့ ဧပြီ ၉ ရက်မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ တရားဝင် Twitter အကောင့်မှာ သူက “ခင်ဗျားတို့နဲ့ ဒီသီချင်းကို ဝေမျှရတာ အရမ်းစိတ်လှုပ်ရှားရပါတယ်၊ ကျနော့် ပရိသတ်တွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ရင်းနှီးတဲ့ လူတွေ အားလုံးအတွက် အထူးလက်ဆောင်တခု အနေနဲ့ ခင်ဗျားတို့ ဒီသီချင်းလေးကို ကြိုက်နှစ်သက်လိမ့်မယ် လို့ ကျနော် မျှော်လင့်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် မင်းသားကြီးချန်းက “အက်ရှင်စူပါစတားတယောက်အနေနဲ့ ကျနော့်ကို အားလုံးက မြင်တွေ့နေကြပေမယ့်လည်း ကျနော် သီချင်းဆိုတာကိုလည်း တကယ်ကြိုက်နှစ်သက်ပါတယ်၊ ကျနော့်ရဲ့ နောက်ဆုံး အယ်လ်လမ်ကို ဖြန့်ချိခဲ့ချိန်က တည်းကဆိုရင် ၁၆ နှစ်လောက်ရှိသွားပါပြီ၊ ပြီးတော့ မတ်လအကုန်ပိုင်းကျနော် ပွဲတခုကို လုပ်ခဲ့ချိန်မှာ မကြာမီ ထွက်ရှိ လာတော့မယ့် ကျနော့်အခွေ သတင်းကိုလည်း ဝမ်းသာစွာ ဝေမျှနိုင်ခဲ့ပါတယ်၊ ကျနော့်ရဲ့ အယ်လ်ဘမ်အသစ်ကို ဒီနှစ် သြဂုတ်လမှာ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်၊ ကျနော့်ရဲ့ တခြားတဖက်ကို မြင်တွေ့ရတာ လူတိုင်းအတွက် ပျော်ရွှင်စေလိမ့်မယ် လို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

အသက် ၆၄ နှစ်အရွယ် မင်းသားကြီးချန်းက သီချင်းဆိုခြင်းဟာ သူ့ရဲ့ ကျွမ်းကျင်မှုမဟုတ်ဘူးလို့ ဝန်ခံထားပါတယ်။ သူက “ရိုးရိုးသားသား ပြောရရင်၊ ကျနော်ဟာ ပရော်ဖက်ရှင်နယ် အဆိုတော်တယောက် မဟုတ်ပါဘူး၊ သီချင်းသီဆိုမှု ကနေ စကားနဲ့ ပြောပြလို့မရနိုင်မယ့် အရာတွေကို ဖော်ပြနိုင်တဲ့အတွက် ကျနော် သီချင်းဆိုတာကို နှစ်သက်တာပါ၊ ကျနော့်ခံစား ချက်တွေကို သီချင်းအဖြစ် သီဆိုရတာ တော်တော်လေး ကို လွယ်ပါတယ်၊ ကျနော် ရုပ်ရှင်တော်တော်များများကို ရိုက်ကူး ခဲ့ပြီး ဟက်ထိတဲ့ ဒိုင်ယာလော့ခ် တွေကိုလည်း ပြောခဲ့ရပါတယ်၊ ဒါပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ ကျနော့်မိသား စု ကိုတောင် ကျနော်ချစ်တယ်လို့ မပြောနိုင်ခဲ့ပါဘူး” လို့ ပြောဆိုထားပါတယ်။

သိုင်းကျွမ်းကျင်အနုပညာရှင်တဦးအနေနဲ့ အက်ရှင်ရုပ်ရှင်တွေမှာ နာမည်ကျော်ကြားတဲ့ မင်းသားကြီးဟာ ၁၉၈၄ ကနေ ၂၀၀၂ ခုနှစ်အတွင်း အယ်လ်ဘမ် ၁၀ ချပ်ဖြန့်ချိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်အတွက် အထူးအယ်လ် ဘမ်မှာ လည်း ပါဝင်ခဲ့ပါတယ်။ ဒီနေရာမှာကြာရှည် မရှိကြတော့တဲ့ သူငယ်ချင်းတွေ၊ မိသားစုနဲ့ ညီအစ်ကိုတွေအတွက် ရည်ရွယ်တဲ့ မင်းသားကြီးရဲ့ သီချင်းသစ်ကို ပရိသတ်များက အကောင်းမြင်ဘက်က တုန့်ပြန်လျက်ရှိကြပါတယ်။

ETCanada

The post မကြာခင်ထွက်ရှိတော့မယ့် အခွေထဲမှ သီချင်းသစ်တပုဒ်ကို မင်းသားကြီးဂျက်ကီချန်း ဖြန့်ချိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles