Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

JCVG ရုပ်ရှင်ရုံများမှာ ပြန်လည်ရုံတင် ပြသသွားမယ့် “ည”နဲ့ “ဥပါယ်တံမျဉ်”

$
0
0

ရုံတင်စဉ် အချိန်မှ စတင်ကာ ပရိသတ် အားပေးမှု တခဲနက် ရရှိခဲ့ပြီး မြန်မာ့ရုပ်ရှင်ကြည့် ပရိသတ်များအတွက် အပြောင်းအလဲတခု ဖြစ်စေခဲ့တဲ့ “ည” ရုပ်ရှင်နဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားတို့ကို JCGV ရုပ်ရှင်ရုံများမှာ ပြန်လည် ရုံတင်ပြသပေးသွားဦးမယ်လို့ သိရပါတယ်။

“ချစ်ပရိသတ်များရဲ့ တခဲနက် တောင်းဆိုချက်အရ ဥပါယ်တံမျဉ် ဇာတ်ကားကြီးနဲ့ ည ရုပ်ရှင် ဇာတ်ကားကြီးကို ပြန်လည်ရုံတင် ပြသသွားမှာဖြစ်ပြီး ရုံတင်ရက်ကို ဧပြီ ၁၈ နှစ်ဆန်း၂ရက်နေ့မှာ ပြသသွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါး လိုက်ပါရစေ” လို့ JCGV Facebook စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားများကို အိုင်ဒီယာ အသစ်များနဲ့ ဖန်တီးခဲ့ကြတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ကိုလည်း ဖန်တီးမှု အသစ်တွေကို နှစ်သက်ကြတဲ့ ပရိသတ်များက အားပေး ဝန်းရံခဲ့ကြပါတယ်။

ဒီကားတွေကိုတော့ မျက်နှာသစ် ဒါရိုက်တာများက ဖန်တီးထားရုံ တင်သာမကဘဲ ပါဝင်ထားတဲ့ သရုပ်ဆောင်များမှာကလည်း မျက်နှာသစ် သရုပ်ဆောင်အသစ်များနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အခုလို ပြန်လည် ပြသခွင့်ရမယ့် အပေါ် “ဒီလိုမျိုး တခါမှ ရုံတင်တာ မတွေ့ဖူးတော့ အခုလို ပြန်ပြပေးမယ်ဆိုတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်။ ညကို ကြည့်ထားဖူးတဲ့သူတွေရော မကြည့်ရသေးတဲ့သူတွေလည်း အများကြီးရှိတော့ ကျနော်က ဒါရိုက်တာ တယောက်အနေနဲ့ ကိုယ့်ကားကို ရုံကြီး ပိတ်ကားပေါ်မှာ အသံစနစ် ကောင်းကောင်းနဲ့ ပြန်ပြချင်တယ်ပေါ့။ အဲဒီလိုမျိုးစိတ်က ဖန်တီးသူ တယောက် အနေနဲ့ အမြဲရှိတယ်။ အချိန်တခု ရောက်ပြီးတဲ့အခါကျမှ ပရိသတ်တွေ တောင်းဆိုလို့ ပြန်ပြခွင့်ရတဲ့ အတွက်လည်း ကျေးဇူးတင်တယ်”လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ဧရာဝတီ ပြောပါတယ်။

ပြန်လည် ရုံတင်ပြသသွားမယ့် ရက်များမှာ ပရိသတ်များအတွက် အထူးအစီအစဉ်များဖြင့် ပြုလုပ် ပေးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

အခုလို မြန်မာရုပ်ရှင်ဇာတ်ကားများကို နောက်ထပ်တကြိမ် ပြသခွင့်ရခြင်းမှာ အကယ်ဒမီရရှိတဲ့ ဇာတ်ကားများကိုသာ ပြန်လည်ပြသခွင့်ရတာဖြစ်ပြီး ယခုလိုပြန်လည် ပြသခွင့်ရခြင်းမှာ ကြုံတောင့်ကြုံခဲဖြစ်လို့နေပါတယ်။

လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ခဲ့တဲ့ “ည” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ သရုပ်ဆောင်အသစ်များဖြစ်ကြတဲ့ နက်ရှိုင်းကို ၊Russell ၊အောင်ရဲထိုက် ၊ငြိမ်းသော် ၊ချမ်းမင်းရဲထွဋ် ၊မိုးယသော် ၊နန်းခေးမို ၊မြတ်နိုးအေး ၊နန်းထရေစီ ၊မေဆူးမောင်တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

နောက်ထပ်ပြန်လည်ပြသမယ့် ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကလည်း တနိုင်ငံမှ ရုပ်ရှင်ရုံများတွင် ၈ပတ်တိတိ စံချိန်တင်ပြသခွင့်ရရှိခဲ့ပြီး ယခုအခါမှာလည်း ပရိသတ်များက ပြန်လည်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒီကားထဲကိုတော့ အမျိုးသမီးဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးထားပြီး အကယ်ဒမီသက်မွန်မြင့်မှလွဲပြီး တခြား အနုပညာရှင်များဖြစ်ကြတဲ့ ဇဏ်ခီ ၊အောင်မြင့်မြတ် ၊ထိုင်းမင်းသမီးဖြစ်ကြတဲ့ Kaew Korravee တို့မှာ မျက်နှာသစ် သရုပ်ဆောင်များ ပါဝင်ထားပါတယ်။

The post JCVG ရုပ်ရှင်ရုံများမှာ ပြန်လည်ရုံတင် ပြသသွားမယ့် “ည” နဲ့ “ဥပါယ်တံမျဉ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)