Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဗြိတိန်ဘုရင်မကြီးကို “ချစ်ဖို့ကောင်းတဲ့ အမျိုးသမီးကြီးတဦး”လို့ မင်းသမီး အိန်ဂျလီနာဂျိုလီ ချီးကျူး

$
0
0

ကမ္ဘာကျော် ဟောလိဝုဒ်မင်းသမီး အန်ဂျလီနာဂျိုလီဟာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ကို “အနာဂတ်အတွက် တကယ် ဂရုစိုက်ပေးတဲ့ ချစ်ဖို့ကောင်းတဲ့ အမျိုးသမီးကြီးတဦး” လို့ ချီးကျူးလိုက်ပါတယ်။

အသက် ၄၂ နှစ်အရွယ်၊ မင်းသမီး ဂျိုလီဟာ သစ်တောသစ်ပင် ထိန်းသိမ်းခြင်းရဲ့ အရေးကြီးမှုကို မီးမောင်းထိုးပြဖို့အတွက် အာဖရိကတိုက်မှာ သစ်ပင်တွေစိုက်ဖို့ ကူညီပေးမယ်လို့ ဗြိတိန်ဘုရင်မကြီးက ရည်ရွယ်ထားတာနဲ့ ပတ်သက်ပြီး အခုလို ချီးကျူးပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ အကြောင်းအရာတွေကို သူ့ကလေးတွေကို သင်ကြားပေးတဲ့နေရာမှာ သက်တော် ၉၁ နှစ်အရွယ် ဘုရင်မကြီးကို အားကျ အတုယူမိကြောင်းလည်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

“The Queen’s Green Planet” လို့ခေါ်တဲ့ မှတ်တမ်းရုပ်ရှင်တခုမှာ ဂျိုလီက “ဒါ့ကြောင့် သစ်ပင်စိုက်ဖို့ လိုအပ်တဲ့ အကြောင်း ကလေးတွေကို ပြောဖို့ ကျမတို့ ဒီကို ရောက်ရှိလာတာဖြစ်ပြီး၊ အဲဒါဟာ ကျမကလေးတွေကို သင်ပေးနိုင်တဲ့ အကြီးမားဆုံး သတင်းစကားတခု ဖြစ်ပါတယ်၊ ပြီးတော့ ဘုရင်မကြီးနဲ့ သူ့ရဲ့ သတင်းစကားတွေ ဆီကနေ သူတို့ သင်ယူနိုင်တာတွေလည်း ရှိနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“Maleficent” ရုပ်ရှင်စတား ဂျိုလီက အာဖရိကတိုက်မှာ သစ်ပင်တွေစိုက်ဖို့ ဗြိတိန်ဘုရင်မကြီးက ဘာလို့ ဂရုစိုက်နေတာလဲဆိုပြီး ကလေးတွေက မေးလာမှာကို ဘယ်လိုဖြေကြားရမယ်ဆိုတာ သိရှိခဲ့တယ်လို့ ဆိုပါတယ်။

ဂျိုလီက “ကလေးတွေက ကျမကိုမေးတယ်၊ ဘုရင်မကြီးအတွက် ဘာလို့ အရမ်း အရေးကြီးနေတာလဲ တဲ့၊ ကလေးတွေနဲ့အတူ ရွက်ဖျင်တဲထဲမှာ ညအိပ်တဲ့အခါ မေးတာပါ။ အာဖရိကမှာ သစ်ပင်တွေစိုက်ဖို့ အင်္ဂလန် ဘုရင်မကြီးက ဘာလို့ ဂရုစိုက်နေတာလဲတဲ့၊ ကျမကလေးတွေကို ဘာပြောခဲ့သလဲဆိုရင် သားတို့သမီးတို့ ဘုရင်မကြီး အကြောင်း မသိပါဘူး၊ ဘုရင်မတပါးဖြစ်ဖို့ ဘာတွေအရေးကြီးလဲဆိုတာ မင်းတို့ နားမလည်နိုင်ဘူး”

“ဒါပေမယ့် ပြောနိုင်တာတခုက ဘုရင်မကြီးက ကမ္ဘာတဝန်းက ပြည်သူတွေနဲ့ ပတ်သက်လို့ တကယ် ဂရုစိုက်တဲ့ အရမ်းချစ်ဖို့ ကောင်းတဲ့ အမျိုးသမီးကြီးပဲ၊ သူဟာ အနာဂတ်နဲ့ ပတ်သက်လို့ တကယ်ဂရုစိုက်တယ်၊ သူဟာ မြေးတွေလိုချင်ပြီးတော့ သူ့မြေးတွေကို အခြား ယဉ်ကျေးမှု ရဲ့ အရေးကြီးမှု၊ တခြားယဉ်ကျေးမှုနဲ့ သဘာဝတွေကို နှစ်ခြိုက်မှုတို့ ရှိစေချင်တာပါ၊ အဲဒီကိစ္စတွေကို အရေးအကြီးအနေနဲ့ aတွးတယ်၊ ကျမလည်း ဘုရင်မကြီးနဲ့ သဘောထားတူပါတယ်” လို့ ဆိုပါတယ်။

“The Queen’s Green Planet” မှတ်တမ်း ရုပ်ရှင်ကတော့ ဓနသဟာယနိုင်ငံတွေမှာ သစ်တောသစ်ပင် ထိန်းသိမ်းရေး ကြိုးပမ်းဆောင်ရွက်မှုကို စုစည်း လုပ်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ ဘုရင်မကြီးရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပရောဂျက်ဖြစ်တဲ့ The Queen’s Canopy ကို အလေးပေး ဖော်ပြ ထားပါတယ်။

Ref: contactmusic

The post ဗြိတိန်ဘုရင်မကြီးကို “ချစ်ဖို့ကောင်းတဲ့ အမျိုးသမီးကြီးတဦး” လို့ မင်းသမီး အိန်ဂျလီနာဂျိုလီ ချီးကျူး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)