Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဗြိတိန်တော်ဝင် မင်းသား Harry ရဲ့ မင်္ဂလာပွဲအတွက် လုံခြုံရေးစာရင်း ထုတ်ပြန်ကြေညာ

$
0
0

ဗြိတိန် တော်ဝင်မင်းသား Harry နဲ့ အမေရိကန် မင်းသမီး Meghan Markle တို့ရဲ့ လက်ထပ်ပွဲအတွက် လုံခြုံရေးအရ ဆောင်ရွက်ချက်တွေကို Thames Valley ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ်၊ တော်ဝင်မင်းသား Harry နဲ့ အမေရိကန် ရုပ်ရှင်မင်းသမီး Meghan Markle တို့ဟာ လာမယ့် မေလ ၁၉ ရက်နေ့မှာ လက်ထပ်တော့မှာ ဖြစ်ပြီး လက်ထပ်ပွဲ ကျင်းပမယ့် ဝင်ဆာနန်းတော်ကို စောင့်ကြပ်တဲ့ Thames Valley ရဲတပ်ဖွဲ့က အဲဒီနေ့မှာ ဦးဆောင်ပြီး လမ်းမတွေထက်မှာ ကင်းလှည့်ကြမယ့် တပ်ဖွဲ့ဝင်တွေ၊ လက်နက်ကိုင်နဲ့ လက်နက်မဲ့ အရာရှိတွေနဲ့ ပတ်သက်လို့ အခုလို ထုတ်ပြန် ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ကြေညာချက် တခုမှာဆိုရင် “Thames Valley ရဲတပ်ဖွဲ့ဟာ Royal Borough of Windsor နဲ့ Maidenhead တို့အတွက် ဂုဏ်ယူစွာနဲ့ တာဝန်ယူမှာပါ။ ကျနော်တို့ဆီမှာ နှစ်စဉ် ပြုလုပ်နေကျ Windsor Garter အခမ်းအနားမှသည် နိုင်ငံတော် အကြီးအကဲတွေရဲ့ ခရီးစဉ်အထိ၊ မကြာသေးခင်ကပဲ ဘုရင်မကြီးရဲ့ သက်တော် ၉၀ နှစ်ပြည့် မွေးနေ့အထိ တာဝန်ယူ စောင့်ကြပ်ပေးခဲ့တဲ့ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပါတယ်။ မင်းသား Harry နဲ့ မစ္စ Markle တို့ရဲ့လက်ထပ်ပွဲမှာလည်း ချွင်းချက်မရှိ တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်”

“လူအတိုင်းအတွက် လုံခြုံဘေးကင်းပြီး ပျော်ရွှင်ဖို့ ကောင်းတဲ့ ပွဲတခုကို ဆောင်ကျဉ်းပေးနိုင်ဖို့ ကျနေနာ်တို့ဟာ ကျနော်တို့ရဲ့ မိတ်ဖက် လက်တွဲဖော်တွေ၊ ဒေသခံ စီးပွားရေးလုပ်ငန်းတွေ၊ လူမှုအသိုက်အဝန်းတွေနဲ့ အတူ အလုပ် လုပ်ကိုင်သွားမှာပါ”

“ဒီလက်ထပ်ပွဲဟာ ဝင်ဆာနန်းတော်ကို ကမ္ဘာတဝန်းမှ လူထောင်နဲ့ ချီပြီး ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပြီး အစီအစဉ်တွေကိုလည်း ပြင်ဆင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ မြို့ကိုလာမယ့် ဧည့်သည်တော်တွေဟာ လက်နက်ကိုင်နဲ့ လက်နက်မဲ့ ကျနော်တို့ရဲ့ အရာရှိတွေ၊ ကျနော်တို့ရဲ့ ရှာဖွေရေးခွေးတွေကို ကြည့်ရှုဖို့ မျှော်လင့်နိုင်ပြီး ကျနော်တို့ရဲ့ ပြင်ဆင်မှုတွေဟာ လာမည့် သီတင်းပတ်တွေနဲ့ လတွေမှာ ပြီးစီးတော့မှာ ဖြစ်ပါတယ်” လို့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

လက်ထပ်ပွဲအတွက် လုံခြုံရေးအဖွဲ့တွေဟာ လုံခြုံတဲ့ နေရာတခု ဖြစ်စေဖို့ ဝင်ဆာနန်းတော်ကို ဝင်ရောက်မယ့် လမ်းတလျှောက်လုံးမှာ တော်ဝင်ရွှေပွဲလာ ပရိသတ်တွေအပေါ် စောင့်ကြပ်ကြည့်ရှု၊ ရှာဖွေမယ့် အစီအစဉ်တွေကို လုပ်ဆောင်မှာ ဖြစ်ကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဆက်လက် ဖော်ပြထားတာက “အဲဒီနေ့မှာ ကားနဲ့ လာရောက် လည်ပတ်မယ်ဆိုရင် သင်တို့ဟာ ကျနော်တို့ရဲ့ လမ်းမ ပေါ်မှာရှိတဲ့ ရဲဝန်ထမ်း တယောက်ရဲ့ ရပ်တန့်စေမှုကို ခံရနိုင်ပါတယ်။ ရထားနဲ့ ခရီးသွားမယ်ဆိုရင် ဗြိတိသျှ သယ်ယ ူပို့ဆောင်ရေး ရဲတပ်ဖွဲ့က ကင်းလှည့်စခန်းတွေနဲ့ ရထားတွဲဆိုင်းတွေမှာ ရှိနေမှာပါ။ ဝင်ဆာနန်းတော်ကို ရောက်မယ် ဆိုရင် စောင့်ကြပ်ကြည့်ရှုမှုနဲ့ ရှာဖွေမှုကိုလည်း ခံရနိုင်မှာပါ”

“မြို့ဗဟို တခွင်လုံးမှာ လူမှုအသိုင်းအဝိုင်း အကြီးအကဲတွေလည်း ရှိနေမှာပါ။ ဒါတွေဟာ အများပြည်သူ လုံခြုံမှု ရှိစေဖို့ ဆောင်ရွက်ချက် တစိတ်တပိုင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ရဲတပ်ဖွဲ့ကလည်း ဝင်ဆာနန်းတော်မှာ အများပြည်သူကို မြင်တွေ့နိုင်ဖို့ မျှော်လင့်နေပါတယ်။ သူတို့ဆီ ချဉ်းကပ်ပြီး လွတ်လွတ်လပ်လပ် မေးခွန်းမေးတာ၊ စိုးရိမ်မှု ပြောကြားတာမျိုး၊ ဟယ်လိုလို့ နှုတ်ဆက်နိုင်ပါတယ်” လို့ ဆက်လက် ဖော်ပြထားပါတယ်။

မင်းသား Harry နဲ့ ရုပ်ရှင်မင်းသမီး Meghan Markle တို့ဟာ မေ ၁၉ ရက်မှာ ဝင်ဆာနန်းတော်မှာရှိတဲ့ စိန့်ဂျော့ချ် ဘုရားကျောင်းမှာ လက်ထပ်ကြတော့မှာ ဖြစ်ပါတယ်။ ဗြိတိန်တော်ဝင် မင်းသား Harry နဲ့ သူ့ဇနီးလောင်း မင်းသမီး Meghan Markle တို့ရဲ့ ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းဟာလည်း မကြာခင် ရုပ်ရှင်အဖြစ် ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင်ခ့် – တော်ဝင်မင်းသား Harry နဲ့ ရုပ်ရှင်မင်းသမီး Meghan Markle တို့ရဲ့ ဖြစ်ရပ်မှန်အချစ်ဇာတ်လမ်း ရုပ်ရှင်

Ref ; contactmusic

The post ဗြိတိန်တော်ဝင် မင်းသား Harry ရဲ့ မင်္ဂလာပွဲအတွက် လုံခြုံရေးစာရင်း ထုတ်ပြန်ကြေညာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ