Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မွေးနေ့ အမှတ်တရအဖြစ် “စိတ်ကျန်းမာရေး အသိပညာပေး ရန်ပုံငွေ” ထူထောင်ခဲ့တဲ့ အဆိုတော် Lady GaGa

$
0
0

အဆိုတော် Lady GaGa ဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အသက် ၃၂ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုပြီး စိတ်ကျန်းမာရေး အသိပညာပေးမှု ရန်ပုံငွေတရပ်ကို ထူထောင်လိုက်တယ်လို့ သိရပါတယ်။

“Born This Way” သီချင်း အဆိုတော် Lady GaGa က စိတ်ကျန်းမာရေးကို မြှင့်တင်ပေးဖု့ိ ရည်ရွယ်ထားတဲ့ ကိုယ်ကျိုး မဖက်တဲ့ အဖွဲ့အစည်း “Born This Way ဖောင်ဒေးရှင်း” အတွက် ငွေကောက်ခံနိုင်ဖို့ ပရဟိတ ရန်ပုံငွေ အစီအစဉ်တခုရဲ့ အသေးစိတ် အချက်အလက်တွေကို သူ့မွေးနေ့မှာ သူရဲ့ Facebook အကောင့်ကနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။

သူက “ကျမရဲ့ အသက် ၃၂ နှစ်မွေးနေ့အတွက်  ပိုပြီးကြင်နာပြီး သတ္တိရှိတဲ့ ကမ္ဘာကြီးကို ဖန်တီးတဲ့နေရာမှာ သင်တို့ရဲ့ အကူအညီကို ကျမတောင်းနေပါတယ်။ လူငယ်တွေနဲ့အတူ Born This Way ဖောင်ဒေးရှင်းဟာ သူတို့နဲ့ထိုက်တန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့ အလုပ်အတူ တွဲလုပ်နိုင်မှာ ဖြစ်ပါတယ်၊ အဲဒါက ဖြစ်နိုင်မယ်လို့လည်း ကျမတို့ သိပါတယ်”

“စိတ်ကျန်းမာရေး ကောင်းမွန်မှုအတွက် မြှင့်တင်ပြီး အချစ်၊ ကြင်နာမှုနဲ့ သတ္တိတို့ကို ဝေမျှဖို့ ကျမတို့နဲ့ ပူးပေါင်းလိုက်ပါ၊ BTWF ရဲ့ ၆ နှစ်ပြည့် နှစ်ပတ်လည်ကို ဂုဏ်ပြုပြီး ကျမတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်နိုင်အောင် ကူညီပေးကြပါ” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအကြောင်းအရာ ရေးသားနေချိန်မှာပဲ သူရည်မှန်းထားတဲ့ ဒေါ်လာ ၃၂၀၀၀ မှာ ဒေါ်လာ ၃၀၀၀၀ စုဆောင်း ရရှိထားပြီ ဖြစ်ပါတယ်။ “Born This Way ဖောင်ဒေးရှင်း” ကို ၂၀၁၁ ခုနှစ်မှာ ထူထောင်ခဲ့တာ  ဖြစ်ပြီး အနာဂတ်အတွက် ပိုမိုကြင်နာပြီး သတ္တိရှိတဲ့ ကမ္ဘာကြီးကို တည်ဆောက်တဲ့  နေရာမှာ လူငယ်တွေကို ကူညီဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အဲဒီ ဝက်ဘ်ဆိုက်မှာ ပရဟိတရန်ပုံငွေရှာဖွေရေးနဲ့ ပတ်သက်တဲ့  အကြောင်းအရာမှာတော့  “Born This Way ဖောင်ဒေးရှင်းဟာ ပိုမိုကြင်နာပြီး သတ္တိပိုရှိမယ့် ကမ္ဘာကြီးကို  တည်ဆောက်ဖို့  လူငယ်တွေကို  ခွန်အားပေးပြီး  သူတို့တွေရဲ့ ကျန်းမာကြံ့ခိုင်မှုကို ထောက်ပံ့ပေးဖို့ ကတိပြုထားပါတယ်၊  ကြင်နာမှုနဲ့ စိတ်ပိုင်းဆိုင်ရာ  ကျန်းမာမှုတို့ကို ဖြည့်ဆည်းပေးဖို့ အာရုံစိုက်ပြီးတော့ ဖောင်ဒေးရှင်းဟာ စိတ်ကျန်းမာရေး အတွက် ချို့ယွင်းချက် ပပျောက်ရေး၊   လူငယ်တွေရဲ့  စိတ်ခံစားချက်တွေကို မှန်ကန်ကြောင်း သက်သေပြနိုင်ရေး၊ လူမှု အသိုက်  အဝန်းနဲ့ အသက်ရှင်နေထိုင်မှု ပုံစံကို ပြောင်းလဲဖု့ိ   အကြင်နာတရားကို  ဖော်ထုတ်ပြရေးအတွက်  ရည်ရွယ်ပြီး စိတ်အား ထက်သန်တဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ အရည်အသွေးရှိတဲ့ သုတေသနနဲ့ ဆန်းသစ်တဲ့ အစီအစဉ်  ရေးဆွဲမှုတွေကို  ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ်မှာ အဆိုတော် Gaga ဟာ အသက် ၁၉ နှစ်အရွယ်မှာ သူ့ထက် အသက် ၂၀ ကျော်ကြီးတဲ့  အမျိုးသားတဦးရဲ့ မုဒိန်းကျင့်မှုကို ခံခဲ့ရပြီးတဲ့နောက် စိတ်ဒဏ်ရာကြောင့်ရရှိတဲ့ စိတ်ဖိစီးမှု ဝေဒနာ (PTSD) ကို  ခံစားခဲ့ရကြောင်း  ထုတ်ဖော်  ပြောကြားခဲ့ပါတယ်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ LGBT လူငယ်စင်တာကို သွားရောက်လက်ည်ပတ်ခဲ့ပြီးနောက် သူက  “ကျမ စိတ်ကျန်းမာရေး နာမကျန်းဖြစ်နေတာကို ခံစားနေခဲ့ရတယ်လို့ ကလေးတွေကို ဒီနေ့ပြောခဲ့ပါတယ်၊ ကျမ PTSD ကို ခံစားနေရတာပါ၊ အရင်တုန်းက ကျမဘယ်သူ့ကိုမှ မပြောခဲ့ဖူးပါဘူး၊ ဒါကြောင့် ကျမတို့ အခုဒီမှာရှိနေတာပါ၊ ဒါပေမယ့် ဆရာဝန်တွေ၊ ကျမမိသားစုနဲ့ သူငယ်ချင်းတွေကနေ ပြသခဲ့တဲ့ ဒီကြင်နာမှုကြောင့် ကျမဘဝကို ကယ်တင် နိုင်ခဲ့တာပါ။ ကျမမှာလည်း စိတ်ရောဂါရှိပါတယ်။ နေ့တိုင်း အဲဒီစိတ်ရောဂါနဲ့ ကျမတိုက်ခိုက်  နေရပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

Ref ; contactmusic

The post မွေးနေ့ အမှတ်တရအဖြစ် “စိတ်ကျန်းမာရေး အသိပညာပေး ရန်ပုံငွေ” ထူထောင်ခဲ့တဲ့ အဆိုတော် Lady GaGa appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ