Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဒါရိုက်တာရင် ပါဝင် သရုပ်ဆောင်ထားတဲ့ “Seven Years Of Night” ရုပ်ရှင် မြောက်အမေရိကမှာ ရုံတင်မည်

$
0
0

ထူးချွန်ဆုတွေ ရရှိထားတဲ့ နာမည်ကျော် ကိုရီးယား ဒါရိုက်တာက ရိုက်ကူးပြီး ဝါရင့်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ကလဲ့စားချေ သည်းထိတ်ရင်ဖိုရုပ်ရှင် “Seven Years Of Night” ကို မြောက်အမေရိကမှာ ရှိတဲ့ ရုပ်ရှင်ရုံတချို့မှာ လာမယ့် ဧပြီလမှာ ဖြန့်ချိပြသတော့မှာ ဖြစ်ပါတယ်။

မင်းသား Ryu Seung Ryong နဲ့ မင်းသား Jang Dong Gun (ဒါရိုက်တာရင်) တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ အဲဒီရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု Los Angeles, Buena Park, New Jersey နဲ့ Vancouver တို့မှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ပြသမှာဖြစ်ပါတယ်။

“Seven Years Of Night” ရုပ်ရှင်ထဲမှာဆိုရင်တော့ Hyun Su (Ryu Seung Ryong) ဟာ Seryung ဆိုတဲ့ နယ်ဝေး ကျေးရွာတခုမှာ တည်ရှိတဲ့ ဆည်တခုရဲ့ လုံခြုံရေးမန်နေဂျာ တဦးတာဝန်ကို ယူထားရသူဖြစ်ပါတယ်။ မြူထူလွှမ်းတဲ့ ညတခုမှာ သူဟာကုမ္ပဏီရဲ့ အိမ်ယာကို စစ်ဆေးရင်းနဲ့ လမ်းပျောက်သွားခဲ့ပါတယ်။

ထူထဲစွာ ကျဆင်းနေတဲ့ မြူတွေကြားထဲမှာ သူဟာအိမ်ပြန်လမ်းကို ရှာဖို့ကြိုးစားနေချိန်မှာပဲ ဘယ်ကနေ ဘယ်လို ထွက်လာမှန်းမသိတဲ့ မိန်းကလေးတဦးက သူ့ကားရှေ့ပြေးဝင်လာခဲ့ပါတယ်။ သူ့ကားနဲ့ တိုက်မိပြီး သေဆုံးသွားခဲ့တဲ့ အဲဒီမိန်းကလေးရဲ့ အလောင်းကို Hyun Su က ရေကန်တခုထဲကို ပစ်ချပြီး အစဖျောက်ခဲ့ပါတယ်။

ကျေးရွာထဲမှာတော့ အဲဒီမိန်းကလေး ပျောက်လို့ ပွက်လောရိုက်နေခဲ့ပါတယ်။ ရေကန်ထဲကနေ သေဆုံးသူ မိန်းကလေးရဲ့ ရုပ်အလောင်းကို တွေ့ရှိတဲ့အချိန်မှာတော့ အဲဒီမိန်းကလေးရဲ့ ဖခင်လည်းဖြစ်သူ ကျေးရွာထဲမှာ မြေယာတွေအများဆုံး ပိုင်ဆိုင်တဲ့ Young Je (Jang Dong Gun) က သူ့သမီးရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ စိတ်ဆိုး ဒေါသထွက်နေခဲ့ပါတယ်။ အဲဒီနောက် လူသတ်ကောင်ကို သူ့ဘာသာ ရှာဖွေခဲ့ပြီး လက်တုန့်ပြန်ကလဲ့စားချေဖို့ အစီအစဉ်တွေ ရေးဆွဲခဲ့ပါတယ်။

စာရေးဆရာ Jeong You Jeong ရဲ့ ရောင်းအားအကောင်းဆုံးဝတ္ထုဖြစ်တဲ့ “Seven Years of Darkness” ကို အခြေခံ ထားတဲ့ အဲဒီရုပ်ရှင်ဟာ လူသားတို့ကြားမှ မကောင်းဆိုးရွားလူသားကို ဖော်ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါရိုက်တာ Choo Chang Min ရဲ့ ရိုက်ချက်တွေကနေ ရှုပ်ထွေးတဲ့ ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက်တွေထဲ ပရိသတ်တွေ နစ်မြောသွားနိုင်မှာပါ။

ဒါရိုက်တာ Cho ဟာ သူချပြခဲ့တဲ့ “Late Blossom” နဲ့ “Masquerade” ရုပ်ရှင်တွေ မှာလို ဇာတ်ကြောင်းကို ပြောပြတဲ့ ပုံစံကြောင့် လူသိများပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ မတ် ၂၈ ရက်မှာ စတင်ရုံတင်ပြသနေပြီဖြစ်တဲ့ အဲဒီရုပ်ရှင်မှာတော့ အခြား သရုပ်ဆောင်တွေ အနေနဲ့ Song Sae Byuk, Go Kyung Pyo နဲ့ Jeong Hee Moon တို့လည်း ပါဝင်ပါတယ်။ Pollux Barunson Inc ကုမ္ပဏီကထုတ်လုပ်ပြီး CJ Entertainment က ဖြန့်ချိထားပါတယ်။

Ref ; hellokpop

The post ဒါရိုက်တာရင် ပါဝင် သရုပ်ဆောင်ထားတဲ့ “Seven Years Of Night” ရုပ်ရှင် မြောက်အမေရိကမှာ ရုံတင်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ