Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Vanity Fair အော်စကာပါတီ မသွားခင် ဆေးရုံရောက်သွားခဲ့တဲ့ မော်ဒယ် Kendall Jenner

$
0
0

အမေရိကန် နာမည်ကြီး မော်ဒယ် Kendall Jenner ဟာ ဗီတာမင်ဆေးသွင်းခဲ့ရာမှာ ဆိုးရွားတဲ့ ဓာတ်မတည့်ဝေဒနာ ခံစားခဲ့ရလို့ Vanity Fair အော်စကာပါတီကို မသွားခင်မှာပဲ ဆေးရုံကို ရောက်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

အသက် ၂၂ နှစ်အရွယ် မော်ဒယ် Kendall Jenner ဟာ မတ်လ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပါတီကို သွားဖို့ အနက်ရောင် ဂါဝန်တိုနဲ့ လှပနေခဲ့ပေမယ့် The Blast မီဒီယာရဲ့ အဆိုအရ ဗီတာမင်ဆေးသွင်းတဲ့နေရာမှာ အခြေအနေ ဆိုးရွားခဲ့ပြီး ဆေးရုံအထိ ရောက်ခဲ့တဲ့အတွက် အဲဒီပါတီကို တက်ရောက်ခဲ့တာဟာ အန္တရာယ်ကြီးလွန်းတယ်လို့ ဆိုလိုက်ပါတယ်။

သူနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ “ကန်ဒယ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်း အော်စကာပွဲတွေကို တက်ရောက်ဖို့ ပြင်ဆင်ထားခဲ့ပေမယ့် ဗီတာမင်ဆေးသွင်းမှုမှာ ဆိုးရွားတဲ့ ဓာတ်မတည့်မှုကို ခံစားခဲ့ရပါတယ်” လို့ ပြောပါတယ်။

The Blast ရဲ့အဆိုအရ Kendall ဟာ ဗီတာမင်ဆေးသွင်းမှုအတွက် ဓာတ်မတည့်မှုကို ကုသဖို့အတွက် Beverly Hills မှာရှိတဲ့ Cedars Sinai ဆေးရုံကို သွားရောက် ဆေးစစ်ခံခဲ့ရတယ်လို့ဆိုပြီး ခဏအကြာမှာပဲ ဆေးရုံက ပြန်ဆင်းလာ ခဲ့တယ်လို့ သိရပါတယ်။

သူ ဆေးရုံကို ရောက်သွားခဲ့တဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်လို့ မသိရသေးပေမယ့် မတ် ၄ ရက်နေ့ ညမှာ Beverly Hills မှာရှိတဲ့ Wallis Annenberg စင်တာမှာ ပြုလုပ်ခဲ့တဲ့ Vanity Fair ပွဲမှာ ပိန်ပိန်ချပ်ချပ်နဲ့ ထူးခြားစွာ ကြည့်ကောင်း နေခဲ့ပါတယ်။ Kendall ဟာ သူ့ကိုသူ ကျန်းမာရေးအလွန်စိုးရိမ်သူလို့ ခေါ်ဆိုထားပြီးတော့ ခန္ဓာကိုယ် ပြည့်ဖြိုးလာစေရေး စတင်မှု အတွက် လိုအပ်နေပြီလို့ ဝန်ခံထားပါတယ်။

သူက “ကျမ ကလေးဘဝတုန်းက ကျန်းမာရေး အရမ်း စိုးရိမ်တဲ့သူတဦး ဖြစ်ခဲ့ပါတယ်။ တော်တော်ဆိုးဆိုးရွားရွား ကျန်းမာရေးအတွက်ကို စိုးရိမ်နေခဲ့ရတာပါ။ ဒါပေမယ် အခုတော့ ဝဝကစ်ကစ် ကောင်မလေးဖြစ်ဖို့ ကျမကြိုးစားရပါမယ်” လို့ ပြောပါတယ်။ ဒါ့အပြင် သူဟာ စိုးရိမ်ပူပန်မှုနဲ့ ရင်ဆိုင် ရုန်းကန်နေရပေမယ့် အကောင်းမြင်အတွေးနဲ့ပဲ အကောင်းဆုံး ကြိုးစားနေထိုင်တယ်လို့ ဆိုပါတယ်။

Ref; Contactmusic

The post Vanity Fair အော်စကာပါတီ မသွားခင် ဆေးရုံရောက်သွားခဲ့တဲ့ မော်ဒယ် Kendall Jenner appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)