Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရေသတ္တဝါဆန်းကြီးနဲ့ ဆွံ့အနေသူ မိန်းမပျိုလေးတို့ရဲ့ အချစ်ဇာတ်လမ်း “The Shape of Water”

$
0
0

မတ်လ ၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အင်ဂျလိစ်မြို့၊ Dolby Theatre မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အကြိမ် ၉၀ မြောက် အော်စကာဆုပေးပွဲမှာ “အကောင်းဆုံး ရုပ်ရှင်ဆု” ရရှိခဲ့တဲ့ “The Shape of Water” ရုပ်ရှင် ဇာတ်လမ်းအကြောင်း ပြောပြပေးချင်ပါတယ်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ရုံတင်ပြသခဲ့တဲ့ အဲဒီထူးခြားဆန်းကြယ် ဒရာမာရုပ်ရှင်ကို မက္ကဆီကို ဒါရိုက်တာ Guillermo del Toro က ရိုက်ကူးခဲ့တာဖြစ်ပြီး သရုပ်ဆောင်တွေ အဖြစ် Sally Hawkins, Michael Shannon, Richard Jenkins နဲ့ Doug Jones တို့က ဦးဆောင်ပါဝင်ထားကြပါတယ်။

၁၉၆၂ ခုနှစ်၊ ဘော်လ်တီမိုးလ်မြို့မှာ ဇာတ်အိမ်တည်ထားပြီးတော့ လုံခြုံရေးထူထပ်တဲ့ အစိုးရဓာတ်ခွဲခန်းမှာ ဆွံအနေတဲ့ သန့်ရှင်းရေးဝန်ထမ်း မိန်းကလေးတဦးနဲ့ ဖမ်းဆီးထားတဲ့ လူသား-ကုန်းနေရေနေ မျိုးစပ်သတ္တဝါကြီးတို့ကြားက ချစ်မေတ္တာကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဟာ ၇၄ ကြိမ်မြောက် ဗင်းနစ်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း ပြသခဲ့ပြီး “အကောင်းဆုံး ရုပ်ရှင်ဆု” အဖြစ် “ရွှေခြေင်္သ့ဆု”ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဇာတ်လမ်းတင်ဆက်မှု၊ ဇာတ်ညွှန်း၊ ရိုက်ကူးမှု၊ ထုတ်လုပ်မှုဒီဇိုင်းနဲ့ တေးဂီတပိုင်း ဆိုင်ရာတို့မှာ ချီးကျူးမှုတွေ ခံခဲ့ရပြီး ရုပ်ရှင်ဝေဖန်သမားတချို့ကတောင် ဒီရုပ်ရှင်ဟာ ဒါရိုက်တာကြီး del Toro ရိုက်ကူး ခဲ့သမျှ ရုပ်ရှင်တွေထဲမှာ အကောင်းဆုံး ဖြစ်တယ်လို့ မှတ်ချက်ပေးကြပါတယ်။

အကြိမ် ၉၀ မြောက် အော်စကာဆုပေးပွဲမှာတော့ ဆုပေါင်း ၁၃ ခုကို လျာထားခံရပြီး “အကောင်းဆုံး ရုပ်ရှင်ဆု”၊ “အကောင်းဆုံး ဒါရိုက်တာဆု”၊ “အကောင်းဆုံး မူရင်း တေးသွားဆု” နဲ့ “အကောင်းဆုံး ထုတ်လုပ်မှု ဒီဇိုင်းဆု” တို့ကို ရရှိခဲ့ ပါတယ်။

၇၅ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာလည်း ဆု ၇ ခု လျာထားခံရပြီး “အကောင်းဆုံး ဒါရိုက်တာဆု” နဲ့ “အကောင်းဆုံး မူရင်းတေးသွားဆု” တို့ကို ရရှိခဲ့ပါတယ်။ ၇၁ ကြိမ်မြောက် ဗြိတိသျှအကယ်ဒမီ ဆုပေးပွဲမှာတော့ “အကောင်းဆုံး ဒါရိုက်တာဆု” အပါအဝင် ဆု ၄ ခု ရရှိခဲ့ပါတယ်။

ငယ်စဉ်က လည်ပင်းမှာ ဒဏ်ရာတွေနဲ့ မြစ်တခုအတွင်းမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ မိဘမဲ့ကလေး Elisa Esposito ဟာ ဆွံ့အ နေပြီးတော့ လက်ဟန်ခြေဟန်ပြ ဘာသာစကားနဲ့ပဲ ဆက်သွယ်ရပါတယ်။ ၁၉၆၂ ခုနှစ်၊ စစ်အေးခေတ် ကာလမှာ ဘော်လ်တီးမိုးမြို့မှာရှိတဲ့ လျှို့ဝှက်အစိုးရ ဓာတ်ခွဲခန်းမှာ အမျိုးသမီး သန့်ရှင်းရေး ဝန်ထမ်းအဖြစ် အလုပ်လုပ်နေပြီးတော့ ရုပ်ရှင်ရုံတခုရဲ့ အပေါ်ထပ်က တိုက်ခန်းတစ်ခုမှာ နေထိုုင်ပါတယ်။

သူ့မှာ ရင်းနှီးတဲ့သူဆိုလို့ ဘေးအခန်းက ခဲခြစ်ပန်းချီဆရာ Giles နဲ့ အလုပ်မှာသူ့အတွက် စကားပြန် လုပ်ပေးနေတဲ့ အာဖရိကန်နွယ်ဖွား အမျိုးသမီး Zelda တို့ပဲ ရှိပါတယ်။ တနေ့တော့ လျှို့ဝှက်ဓာတ်ခွဲခန်းထဲကို တောင်အမေရိကမှာရှိတဲ့ မြစ်တခုထဲကနေ ကာနယ် Richard Strickland ဖမ်းဆီးလာခဲ့တဲ့ သတ္တဝါဆန်းတကောင် ရောက်ရှိလာပါတယ်။

သိလိုစိတ်ပြင်းပြတဲ့ Elisa ဟာ အဲဒီ သတ္တဝါဆန်းကြီးဟာ လူတပိုင်း ကုန်းနေရေနေ သတ္တဝါတပိုင်း ဖြစ်နေတယ် ဆိုတာ သိလိုက်ရပြီး လူမသိအောင် သွားကြည့်ရာကနေ အဲဒီသတ္တဝါဆန်းကြီးနဲ့ သံယောဇဉ် တွယ်ခဲ့ကြပါတော့တယ်။

စစ်အေးခေတ်ကာလ အာကာသပြိုင်ပွဲမှာ လက်ဦးမှု အသာရဖို့ အဲဒီသတ္တဝါဆန်းကြီးကို အသေသတ်ပြီး ခွဲစိတ်ဖို့ ဗိုလ်ချုပ်ကြီး Frank Hoyt က ကာနယ် Strickland ကို အမိန့်ပေးလိုက်ပါတယ်။ လျှို့ဝှက်ရုရှား သူလျှို တယောက်ဖြစ်တဲ့ Dimitri Mosenkov လို့ အမည်ရတဲ့ ဒေါက်တာ Robert Hoffstetler ကတော့ အဲဒီ သတ္တဝါကြီးကို မသေစေလိုဘဲ နောက်ထပ် စမ်းသပ်လေ့လာမှုတွေကို ဆက်လက် လုပ်ဆောင်စေချင်တာပါ။

တချိန်တည်းမှာပဲ ဆိုဗီယက် သူလျှို အကြီးအကဲတွေကတော့ အဲဒီသတ္တဝါဆန်းကြီးကို သတ်စေလိုပါတယ်။ Elisa ဟာ အမေရိကန်တွေရဲ့ အစီအစဉ်ကို သိရှိခဲ့ပြီးတော့ ဘေးအခန်းက Giles ကို သတ္တဝါဆန်းကြီးကို လွှတ်ပေးတဲ့နေရာမှာ ကူညီပေးဖု့ိ တောင်းဆိုခဲ့ပါတယ်။ ရုရှားသူလျှိုဒေါက်တာ Robert ကလည်း Elisa ရဲ့ အစီအစဉ်ကို သိရှိခဲ့ပြီးတော့ ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကနဦးမှာတော့ အစီအစဉ်ကိုသဘောမတူခဲ့တဲ့ Zelda ဟာလည်း လွတ်မြောက်မှု အောင်မြင်စေရေး ကူညီပေးခဲ့ပါတယ်။

Elisa ဟာ လျှို့ဝှက် ဓာတ်ခွဲခန်းထဲကနေ အဲဒီသတ္တဝါဆန်းကြီးကို ခိုးထုတ်လာပြီးတော့ သူ့အိမ်က ရေချိုးကန်ထဲမှာ အထူး ဓာတုအမှုန့်လေးတွေ ဖြူးပြီး ထည့်စိမ်ထားပါတယ်။ ပြီးတော့ ရက်နည်းနည်းကြာရင် သမုဒ္ဒရာ ထွက်ပေါက်ကို ဖွင့်ပေးမယ့် အနီးနားက ရေထုတ်ပြွန်တခုမှာ လွှတ်ပေးဖု့ိ စီစဉ်ထားပါတယ်။ သတ္တဝါဆန်းကြီး ပျောက်ဆုံးသွားတဲ့အတွက် ကာနယ် Strickland ဟာ Elisa နဲ့ Zelda ကို စစ်မေးပေးမယ့် သတင်းအစအန မရခဲ့ပါဘူး။

တရက် တိုက်ခန်းမှာ ဖွက်ထားတဲ့ သတ္တဝါဆန်းကြီးဟာ Giles ကို ဒဏ်ရာရအောင် လုပ်ပြီး ထွက်ပြေးသွားခဲ့ပေမယ့် Elisa က ပြန်ခေါ်လာခဲ့ပါတယ်။ အဲဒီမှာ ဒဏ်ရာရရှိနေခဲ့တဲ့ Giles ကို သတ္တဝါဆန်းကြီးက ပျောက်ကင်းအောင် ကုသ ပေးနိုင်တာ တွေ့ခဲ့ရပါတယ်။ ဗိုလ်ချုပ်ကြီး Hoyt က အဲဒီသတ္တဝါဆန်းကြီးကို ၃၆ နာရီအတွင်း ပြန်ရှာပေးဖု့ိ အမိန့်ပေးခဲ့ပါတော့တယ်။

Elisa တို့အဖွဲ့ အဲဒီသတ္တဝါဆန်းကြီးကို အောင်အောင်မြင်မြင် လွှတ်ပေးနိုင်မှာလား။ ကာနယ် Strckland ရဲ့ ဖမ်းဆီးမှုကို ခံရမှာလားဆိုတာ “The Shape of Water” ရုပ်ရှင်မှာ ဆက်လက်ကြည့်ရှုရမှာပါ။ ဒရာမာဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ် လေးလေးပင်ပင် ရှိပေမယ့် ရင်တမမနဲ့ ကြည့်ရတဲ့ ဖီလင်က ပရိသတ်တွေကို ဇာတ်သိမ်းခန်းအထိ ဆွဲခေါ်သွား နိုင်တာ တွေ့ရပါတယ်။

IMDB Rating (7.6) ရရှိထားပေမယ့် ၂၀၁၇ ခုနှစ်အတွက် “အကောင်းဆုံး ရုပ်ရှင်” ဖြစ်လေတော့ နိုင်ငံတကာရုပ်ရှင်ချစ် ဝါသနာအိုးတွေအနေနဲ့ ဒီရုပ်ရှင်ကို မဖြစ်မနေ ကြည့်ရှုဖို့ တိုက်တွန်း လိုက်ပါတယ်။

ဆက်စပ်သတင့်းလင့်ခ် – အကောင်းဆုံး ရုပ်ရှင်၊ ဒါရိုက်တာဆု အပါအဝင် ဆု ၄ ဆု သိမ်းပိုက်ခဲ့တဲ့ “The Shape of Water” ရဲ့ အော်စကာည

Ref ; Wiki

The post ရေသတ္တဝါဆန်းကြီးနဲ့ ဆွံ့အနေသူ မိန်းမပျိုလေးတို့ရဲ့ အချစ်ဇာတ်လမ်း “The Shape of Water” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ