Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“မင်္ဂလာပွဲမှာ သီချင်း သီဆိုဖျော်ဖြေမှာ မဟုတ်ဘူး”လို့ ဆိုတဲ့ အဆိုတော် Ed Sheeran

$
0
0

ကမ္ဘာကျော် အဆိုတော် Ed Sheeran ဟာ ဇနီးလောင်း Cherry Seaborn နဲ့ လက်ထပ်ချိန်ဖြစ်တဲ့ မင်္ဂလာပွဲ အခမ်းအနားမှာ ကိုးရို့ကားယားနိုင်တယ်လို့ ထင်တဲ့အတွက် သီချင်းသီဆို ဖျော်ဖြေမှာ မဟုတ်ကြောင်း ပြောပါတယ်။

Ed Sheeran ရဲ့ သီချင်းတွေထဲမှာ နှလုံးသားနဲ့ ခံစားနိုင်တဲ့ စာသားတွေ၊ သူ့ရဲ့ နူညံ့ညင်သာတဲ့ သီချင်းဆိုသံကြောင့် မင်္ဂလာဆောင်မယ့် ဇနီးမောင်နှံတွေအကြားမှာ နာမည်ကျော်ကြားပေမယ့် သူဟာ သူ့ရဲ့ ငယ်ချစ်ဦး Cherry Seaborn နဲ့ ဒီနှစ်ထဲ လက်ထပ်တဲ့အခါကျရင် သူရဲ့ သီချင်းတွေကို သီဆိုမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တာပါ။

သြစတေးလျနိုင်ငံရဲ့ “The Kyle and Jackie O Show” အစီအစဉ်မှာ အဆိုတော် Ed Sheeran ကို မင်္ဂလာဆောင်မှာ သီချင်းဆိုမှာလားလို့ မေးမြန်းခဲ့ရာမှာတော့ တော်တော်လေး ကိုးရို့ကားယားဖြစ်လိမ့်မယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

အသက် ၂၇ နှစ် အရွယ်၊ အဆိုတော် Ed Sheeran ဟာ သူ့လက်မှာ ငွေရောင်လက်စွပ် ဝတ်ဆင်ထားတာကို တွေ့ခဲ့ရ ပြီးနောက် ပြီးခဲ့တဲ့နှစ်မှာ စေ့စပ်ခဲ့တဲ့ Cherry နဲ့ လက်ထပ်တော့မယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ Ed Sheeran က “ကျနော်တို့ လူမသိအောင် လျှို့ဝှက် မင်္ဂလာဆောင်မှာ မဟုတ်ပါဘူး။ Cherry ဟာ ဒီလက်စွပ်ကို ငွေထည်နဲ့ လုပ်ပေး ခဲ့ပါတယ်။ ကျနော်တို့ နှစ်ယောက်လုံးက အဲဒီလို လက်စွပ်တွေပဲ ဝတ်ထားကြပါတယ်” လို့ ရှင်းပြ ထားပါတယ်။

အဆိုတော် Ed Sheeran က အဲဒီလို လက်စွပ်ထုတ်ပြလိုက်တဲ့အပေါ် သူတို့ဖိတ်ကြားမယ့် ဧည့်သည်တွေကလွဲလို့ ကျန်တဲ့ လူတွေဟာ ဘယ်တော့ သူတို့လက်ထပ်မှာလဲ ဆိုပြီး သိချင်နေကြမယ်လို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။ သူက “ကျနော်တို့ ဘယ်တော့ လက်ထပ်မယ်ဆိုတာ ဘယ်သူမှ သိမှာတော့ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

Ed Sheeran က သူ့မင်္ဂလာပွဲနဲ့ ပတ်သက်လို့ အသေးစိတ်ပြောဖို့ ငြင်းဆိုထားပေမယ့် သူတို့စုံတွဲနှစ်ဦးဟာ Suffolk မှာ ရှိတဲ့ သူ့အိမ်မှာ မင်္ဂလာကတိစကား လဲလှယ်ကြမယ်လို့လည်း ဆိုထားပါတယ်။

သတင်း အရင်းအမြစ်တခုက “Ed Sheeran ဟာ ကမ္ဘာ့အတောက်ပဆုံး ကြယ်ပွင့်တပွင့် ဖြစ်ပေမယ့် သူ့စေ့စပ်ပွဲလိုမျိုး သီးသန့် လုပ်ရတာကိုပဲ သူသဘောကျတာပါ။ သူ့မြို့မှာပဲ လက်ထပ်ပွဲ ကျင်းပတာဟာ သူတို့ရဲ့ အနီးစပ်ဆုံး၊ အရင်းနှီးဆုံး လူတွေနဲ့ မင်္ဂလာပွဲ ဆင်နွှဲပြီးတာနဲ့ အိမ်မှာပဲ ပါတီလုပ်မှာပါ” လို့ ပြောပါတယ်။

East Suffolk ကောင်စီကလည်း Ed Sheeran နဲ့ Cherry တို့အနေနဲ့ ဆန္ဒရှိမယ်ဆိုရင် ဒီနှစ်နွေကာလမှ လက်ထပ်နိုင်ဖို့ လာမယ့် ဧပြီလထဲ ဘုရားကျောင်း ဆုံးဖြတ်ချက် ယူပေးမယ်လို့ မျှော်လင့်ရပါတယ်။

ဆက်စပ်သတင်းလင့်ခ် – BRIT ဆုပေးပွဲအပြီး ပါတီမသွားဘဲ ဇနီးလောင်းနဲ့အတူ ဟင်းချက်ခဲ့တဲ့ အဆိုတော် Ed Sheeran

Ref ; contactmusic

The post “မင်္ဂလာပွဲမှာ သီချင်း သီဆိုဖျော်ဖြေမှာ မဟုတ်ဘူး”လို့ ဆိုတဲ့ အဆိုတော် Ed Sheeran appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ