Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အိန္ဒိယနိုင်ငံရဲ့ လူမျိုးရေး၊ နိုင်ငံရေးနဲ့ အမျိုးသမီးတွေရဲ့ လုံခြုံမှုဘဝကို ရိုက်ပြထားတဲ့ “Begum Jaan (2017)”

$
0
0

ဒီတပတ်မှာတော့ ဘောလိဝုဒ် ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းတကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဇာတ်လမ်းအမျိုးအစားက အက်ရှင် ဒရာမာ အမျိုးအစား ဆိုပေမယ့် အနုအရွလေးတွေပါတဲ့ ဒရာမာ ဇာတ်ကားမျိုးတော့ မဟုတ်ပါဘူး။

IMDB rating (5.6) ပဲရှိပေမယ့် ဇာတ်လမ်းကတော့ တကယ်ကို အနှစ်သာရရှိတဲ့ ဇာတ်လမ်းကောင်း တခုပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယရဲ့ နောက်ဆုံး ဘုရင်ခံဖြစ်သူဟာ အိန္ဒိယနိုင်ငံကို အိန္ဒိယနဲ့ ပါကစ္စတန် ဆိုပြီး နှစ်ပိုင်းခွဲဖို့ အမိန့်ပေးခဲ့ပါတယ်။

ဒီလို အိန္ဒိယနိုင်ငံကြီးကို နှစ်ပိုင်းခွဲခဲ့သူဟာ အိန္ဒိယမြေပုံပေါ်မှာ လွယ်လွယ်ကူကူပဲ အနားသတ် မျဉ်းတကြောင်း ဆွဲလိုက် ပေမယ့် ဒီအနားသတ် မျဉ်းတကြောင်းကြောင့်ပဲ သန်းပေါင်းများစွာသော သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ရပြီး လူသောင်းပေါင်း များစွာဟာ လူမျိုးရေး ပဋိပက္ခတွေကြောင့် သေကြေပျက်စီး ခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံကြီးက အရာရာမှာ နှစ်ခြမ်းကွဲခဲ့ပေမယ့် နယ်စပ် မျဉ်းကြောင်းပေါ်မှာ ချိတ်ဆက် တည်ရှိနေတဲ့ Begum Jaan (ဘေဂွန်ဂျန်) ရဲ့ ဆောင်ကြာမြိုင်အိမ်ကြီးကိုတော့ နှစ်ပိုင်းခွဲလို့ မရပါဘူး။ Begum Jaan ရဲ့ဆောင်ကြာမြိုင် တည်ရှိတဲ့ နေရာမှာ နယ်စပ် စစ်ဆေးရေးဂိတ်တွေ ဆောက်မှာမို့ မဖြစ်မနေကိုပဲ နှစ်ခြမ်းခွဲရမှာပါ။

Begum Jaan ဆိုတာကလည်း နန်းကျဘုရင် ကိုယ်တိုင်က မြှောက်စားထားသူ တယောက်ဆိုတော့ ဒီအိမ်ကြီးကို လွယ်လွယ်ကူကူနဲ့ နှစ်ခြမ်းခွဲလို့ မရတဲ့အခါ သက်ဆိုင်ရာ အစိုးရ အရာရှိမင်းများဟာ Kabir ဆိုတဲ့ လူမိုက်ခေါင်းဆောင်ကို အကူအညီတောင်းရ ပါတော့တယ်။

Kabir ဆိုသူကလည်း ဘယ်ဘက်ခြမ်းကို အဓိကရုဏ်း လုပ်ပေးရမလဲ၊ ဟိန္ဒူ ဖြစ်ချင်လည်းရတယ်၊ မွတ်စလင် ဖြစ်ချင်လည်း ရတယ်ဆိုတဲ့ သူမျိုးပါ။ ဒီလိုတွေ ဖြစ်လာတဲ့ အနေအထားမှာ Begum Jaan တယောက် သူမအိမ်ကြီးကို ဘယ်လို ကာကွယ်သွားမလဲဆိုတာ ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုရင်းနဲ့မှ သိသွားမှာပါ။

ဒီဇာတ်ကားဟာ နိုင်ငံတနိုင်ငံရဲ့ လူမျိုးရေး၊ နိုင်ငံရေးနဲ့ အမျိုးသမီးတွေရဲ့ မလုံခြုံမှုဘဝကို အိန္ဒိယ ရုပ်ရှင် ဒါရိုက်တာ Srijit Mukherji က ရိုက်ကူးပြသထားတာဖြစ်ပြီး အိန္ဒိယဆင်ဆာဘုတ်အဖွဲ့ကလည်း ဒီဇာတ်ကားရဲ့ ဘယ်ဇာတ်ဝင်ခန်းကိုမှ ဖြတ်တောက်ထားခြင်း မရှိပေမယ့် (Adult only) လို့တော့ သတ်မှတ်ထားပါတယ်။

ဒီဇာတ်ကားမှာ နောက်ခံ စကားပြောသူအဖြစ် နာမည်ကြီး မင်းသားကြီး Amitabh Bachchan (အမီတာဘဂျမ်း) က ပါဝင်ပြီး ဇာတ်လမ်းထဲက ဒိုင်ယာလော့တွေက အနည်းငယ် ကြမ်းတမ်းတယ်လို့ ထင်ရပေမယ့် အမှန်တရားဟာ ခါးတတ်တဲ့ သဘောမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း တကားအဖြစ် ညွှန်းဆို လိုက်ပါတယ်။

The post အိန္ဒိယနိုင်ငံရဲ့ လူမျိုးရေး၊ နိုင်ငံရေးနဲ့ အမျိုးသမီးတွေရဲ့ လုံခြုံမှုဘဝကို ရိုက်ပြထားတဲ့ “Begum Jaan (2017)” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ