Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အော်စကာဆုပေးပွဲမှာ “အကောင်းဆုံး မင်းသားဆု” ရရှိခဲ့တဲ့ မင်းသားကြီး Gary Oldman

$
0
0

“Darkest Hour” ရုပ်ရှင်မှာ စစ်အတွင်းက ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီ အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Gary Oldman က မတ်လ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အော်စကာဆုပေးပွဲမှာ ပထမဆုံးထူးချွန်ဆုကို ရရှိခဲ့ပါတယ်။

အသက် ၅၉ နှစ်အရွယ် မင်းသားကြီးဟာ ရွှေကမ္ဘာလုံးဆု၊ ရုပ်ရှင်သရုပ်ဆောင်များ အစည်းအရုံးဆုနဲ့ အခြား ရုပ်ရှင် ဝေဖန်ရေးအဖွဲ့များရဲ့ ဆုတွေအပါအဝင် ဆုပေးပွဲရာသီမှာ ဆုတော်တော်များများ သိမ်းပိုက်ခဲ့ပြီးနောက် အခုလိုမျိုး အော်စကာဆုပေးပွဲမှာ အကောင်းဆုံးမင်းသားဆု ရရှိဖု့ိအတွက် နံပါတ် ၁ ပြေးနေခဲ့တာဖြစ်ပါတယ်။

ဆုလက်ခံရယူချိန်မှာ မင်းသားကြီး Oldman က “အံ့သြလောက်ဖွယ် ခရီးစဉ်တခုအနေနဲ့ ဖော်ပြနိုင်တဲ့ အရာပေါ်မှာ အံ့သြနဘမ်းဖြစ်ဖွယ် စုစည်းဆောင်ရွက်နိုင်ခဲ့တဲ့ ဝင်စတန်ချာချီကို အလေးပြုချင်ပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် သူဟာ ဆိုဖာပေါ်ကနေ ဆုပေးပွဲကို ကြည့်နေခဲ့တဲ့ အသက် ၉၈ နှစ်အရွယ် မိခင်ဖြစ်သူအတွက်လည်း အမှတ်တရစကား ပြောခဲ့ပါတယ်။

မင်းသားကြီးက “ကျနော့်အမေကို ပြောလိုတာက အမေ့ရဲ့ အချစ်တွေနဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကော်ဖီသောက်ဖို့ ပြင်ထားပါတော့၊ ကျနော် အော်စကာဆုကို အိမ်ပြန်သယ်လာပါပြီ” လို့ ပြောခဲ့ပါတယ်။

မင်းသားကြီး Oldman မှာ သူ့ရဲ့ အနုပညာသက်တမ်း ၃၅ နှစ်အတွင်းမှာ နာမည်ကျော် အထင်ကရ ပုဂ္ဂိုလ်တွေဖြစ်တဲ့ “Beethoven, Lee Harvey Oswald, Sid Vicious နဲ့ Pontius Pilate” တို့လိုမျိုး ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်ခဲ့ပေမယ့် ဝန်ကြီးချုပ် ချာချီဇာတ်ရုပ်မှာ သရုပ်ဆောင်ရတာဟာ စိတ်အရှုပ်ရဆုံး ဇာတ်ရုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မင်းသားကြီးက “အကြောက်တရားတွေနဲ့ ဖြည့်ပေးလိုက်သလိုပါပဲ။ ဒါပေမယ့် အကောင်းဆုံး လုပ်ဆောင်ချက်ကို ဖော်ပြနိုင်မယ်လို့ ထင်ပါတယ်” လို့ ပြီးခဲ့တဲ့ ဆောင်းဦးရာသီမှာ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ လန်ဒန်မှာ မွေးဖွားခဲ့တဲ့ မင်းသားကြီးဟာ မိတ်ကပ်နဲ့ အဝတ်အစားမှာ မျက်နှာအသွင်အပြင် ပြောင်းလဲမှုကြောင့် မင်းသားကြီးမှန်း မမှတ်မိနိုင်တော့လောက်အောင် ပြောင်းလဲသွားတဲ့ ဝင်စတန်ချာချီအဖြစ် သရုပ်ဆောင် နိုင်ခဲ့ပါတယ်။

“Darkest Hour” ရုပ်ရှင်ဟာ ဒုတိယကမ္ဘာစစ်ကာလမှာ ဗြိတိန်အနေနဲ့ စစ်ရှုံးတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ၁၉၄ဝ ခုနှစ်၊ မေလနဲ့ ဇွန်လတို့မှာ ဇာတ်အိမ်တည်ထားပြီး ဝန်ကြီးချုပ် ချာချီရဲ့ အစိုးရ၊ စစ်တပ်နဲ့ တော်ဝင် အုပ်ချုပ်သူတို့ အကြား နက်ရှိုင်းတဲ့ သဘောထား ကွဲပြားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

မင်းသားကြီး Oldman ဟာ ၂၀၀၁ ခုနှစ်မှာ အိမ်တွင်းအကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရလို့ မင်းသားကြီးရဲ့ အော်စကာဆု ရရှိနိုင်မှုကို အနှောင့်အယှက် ဖြစ်ခဲ့ရပေမယ့်လည်း ကွာရှင်းခွင့် တောင်းထားချိန် ကာလအတွင်း ဇနီးဟောင်းအပေါ် ကျူးလွန်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး တရားစွဲ ခံရတာလည်း မရှိခဲ့ပါဘူး။

မင်းသားကြီး Oldman ဟာ ၂၀၁၁ ခုနှစ်မှာ လျှို့ဝှက်ထောက်လှမ်းရေး ရုပ်ရှင် “Tinker Tailor Soldier Spy” နဲ့ အော်စကာဆု လျာထားခံခဲ့ရဖူးပါတယ်။ သူဟာ ဟယ်ရီပေါ်တာ ရုပ်ရှင်မှာ Sirius Black အဖြစ် သရုပ်ဆောင်ခဲ့ရာကနေ နိုင်ငံတကာမှာ လူသိများခဲ့ပြီးတော့ “The Dark Knight” , “Sid and Nancy” နဲ့ “True Romance” ရုပ်ရှင်တို့မှာလည်း သရုပ်ဆောင်ထားသူဖြစ်ပါတယ်။

Ref : Reuters

The post အော်စကာဆုပေးပွဲမှာ “အကောင်းဆုံး မင်းသားဆု” ရရှိခဲ့တဲ့ မင်းသားကြီး Gary Oldman appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ