Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အကယ်ဒမီကို မမှန်းရဲသေးပါဘူး”လို့ ဆိုတဲ့ ရုပ်ရှင်မင်းသမီး ရွှေမှုံရတီ

$
0
0

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် ရုပ်ရှင်မင်းသမီး ရွှေမှုံရတီကတော့ ယခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေထဲမှာ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများ ပါဝင်နေပေမယ့် အကယ်ဒမီကို မမှန်းရဲသေးပါဘူးလို့ ပြောပါတယ်။

“အကယ်ဒမီအတွက်ကတော့ ထွေထွေထူးထူးတော့ ရင်မခုန်ရဲသေးပါဘူး။ ညီမလည်း ဝါရင့်လည်း မဟုတ်ဘူး။ သက်တမ်းကလည်း အရမ်းနုသေးတဲ့ အခါကျတော့ ကိုယ့်ကားတွေပါတယ် ဆိုပေမယ့် မမှန်းရဲပါဘူး။ တကယ်နတ်ကြီးတဲ့ အရာမို့လို့ပါ” လို့ ရွှေမှုံရတီက ပြောပါတယ်။

ရွှေမှုံရတီဟာ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီ စာရင်းဝင် ဇာတ်ကားများထဲမှာ “ငါ့အကယ်ဒမီ”၊ “မာယာစတိုင်” ၊ “ချိုမြိန်သော လက်စားချေခြင်း” ၊ “ဝိညာဉ်ကကြိုး” ၊ “ဖေ့စ်ဘုတ် ဘုရင်မ” စတဲ့ ရုပ်ရှင်ဇာတ်ကား ၅ ကား ပါဝင်သရုပ်ဆောင်ထားပါတယ်။

လတ်တလောမှာတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးတဲ့ “ညာပြောတာယုံ” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ လူလိမ်မ နေရာကနေ သရုပ်ဆောင်ထားတယ်လို့ ရွှေမှုံရတီက ဆိုပါတယ်။

မနှစ်က အကယ်ဒမီပေးပွဲမှာ တွေ့ရတဲ့ မင်းသမီး ရွှေမှုံရတီ (ဓာတ်ပုံ – ယုဖြူဟန်/ ဧရာဝတီ)

“လက်ရှိမှာတော့ ချောင်းသာမှာ ကားရိုက်နေပါတယ်။ မင်းသားတွေကတော့ ၄ ယောက်ပါ။ ကိုပြေတီဦး ၊ ကိုကျော်ကျော်ဗို ၊ ကိုကျော်ရဲအောင်၊ ကိုညီထွဋ်ခေါင်၊ ဟာသရုပ်ဆောင်တွေလည်း အများကြီးပါပါတယ်။ ဟာသကားပေါ့။ ဒီထဲမှာတော့ လူလိမ်မ နေရာကနေ သရုပ်ဆောင်ထားပါတယ်” လို့ ရွှေမှုံရတီက ပြောပါတယ်။

ရွှေမှုံရတီရဲ့ လတ်တလော ကျန်းမာရေး အခြေအနေကို မေးကြည့်တဲ့အခါ  “ကျန်းမာရေးလည်း အရမ်းကောင်းနေပါတယ်။ ၈ လ လောက်တော့ ရှိသွားပြီ။ အဓိကကတော့ ဆေးမှန်မှန်သောက်ရင် အဆင်ပြေပါတယ်” လို့ ပြောပါတယ်။

မင်းသမီး ရွှေမှုံရတီဟာ အသက် ၁၄ နှစ် အရွယ်ကတည်းက အနုပညာလောကကို စတင် ဝင်ရောက်လာခဲ့ပြီး အနုပညာ ပျိုးခင်းရဲ့ မင်းသမီးတလက်လည်း ဖြစ်ပါတယ်။

The post “အကယ်ဒမီကို မမှန်းရဲသေးပါဘူး”လို့ ဆိုတဲ့ ရုပ်ရှင်မင်းသမီး ရွှေမှုံရတီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ