Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

၂ နှစ်ကြာမှ ရုပ်သံဇာတ်လမ်းတွဲများ ပြန်လည် ရိုက်ကူးမယ့် မင်းသား ဆိုဂျီဆပ် (So Ji Sub)

$
0
0

“ရုပ်သံဇာတ်လမ်းတွဲအသစ်မှာ ပါဝင်ရိုက်ကူးဖို့ မင်းသား ဆိုဂျီဆပ် (So Ji Sub) သဘောတူလိုက်ပြီ” ဆိုတဲ့ သတင်းကြောင့် ကိုရီးယား Drama ဇာတ်လမ်းတွဲ စောင့်ကြည့်အားပေးသူ ပရိသတ်တွေ စိတ်လှုပ်ရှား ရင်ခုန် နေကြပါတယ်။

မင်းသားဆိုဂျီဆပ်ရဲ့ အေဂျင်စီက MBC ရုပ်သံဌာနမှ ရိုက်ကူးမယ့် “Terius Behind Me” လို့ ယာယီအမည် ပေးထားတဲ့ ဇာတ်ကားမှာ ဆိုဂျီဆပ်သရုပ်ဆောင်မယ်လို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အတည်ပြုပြောကြားခဲ့တာပါ။

ကိုရီးယားမင်းသား So Ji Sub

အေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်ကလည်း “MBC ကရိုက်မယ့် အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တိုင်းမှာ ထုတ်လွှင့်ပေးသွားမယ့် ရုပ်သံဇာတ်လမ်းတွဲအသစ်မှာ မင်းသား ဆိုဂျီဆပ် သရုပ်ဆောင်ဖို့ သေချာသွားပါပြီ။ ဇာတ်လမ်း ရိုက်ကူးမယ့် အစီအစဉ် အသေးစိတ်ကိုတော့ သေချာ မသိရသေးပါဘူး” လို့ ဆိုပါတယ်။

“Terius Behind Me” ဇာတ်လမ်းကို ထုတ်လုပ်ရိုက်ကူးမယ့်သူက “To the Beautiful You” နဲ့ “Jang Bori is Here” Drama ဇာတ်လမ်းတွဲ ရိုက်ခဲ့သူ Production Director ပတ်ဆန်းဟွန်းပါ။ ဇာတ်ညွှန်းရေး ဆရာကတော့ “Shopping King Louie” ဇာတ်လမ်းတွဲ ရေးသားခဲ့သူ အိုဂျီယောင်းပါ။

မင်းသား So Ji Sub ပါဝင်ခဲ့တဲ့ “Battleship Island” ရုပ်ရှင်

မင်းသား ဆိုဂျီဆပ် Drama ဇာတ်လမ်းတွဲ နောက်ဆုံး ရိုက်ကူးခဲ့တာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကပါ။ မင်းသမီး ရှင်မင်အာ (Shin Min-a) နဲ့ အတူ “Oh My Venus” ဇာတ်လမ်းတွဲ ရိုက်ပြီးကတည်း မရိုက်ဖြစ်တော့ဘဲ အခုမှ ပြန်လည် ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့တာပါ။ မနှစ်ကတော့ မင်းသာချော ဆောင်ဂျွန်ကီနဲ့အတူ “Battleship Island” ရုပ်ရှင် ရိုက်ကူးခဲ့ပါသေးတယ်။

“Terius Behind Me” ဇာတ်လမ်းတွဲအသစ်အပြင် “I’m On My Way to Meet You” လို့ ယာယီ နာမည်ပေးထားတဲ့ ရုပ်ရှင်မှာလည်း ဆိုဂျီဆပ် သရုပ်ဆောင်ဖို့ ရှိပါတယ်။
“Terius Behind Me” ဇာတ်လမ်းတွဲကို လာမယ့် ဇူလိုင်လကုန်၊ ဒါမှမဟုတ် စက်တင်ဘာလဆန်းလောက်မှာ MBC ရုပ်သံကနေ ထုတ်လွှင့်သွားမယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်တယ်။ ။

Ref ; Soompi

The post ၂ နှစ်ကြာမှ ရုပ်သံဇာတ်လမ်းတွဲများ ပြန်လည် ရိုက်ကူးမယ့် မင်းသား ဆိုဂျီဆပ် (So Ji Sub) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)