Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“လက်နက်ကိုင် အကြမ်းဖက်မှု ဆန္ဒပြပွဲ” အတွက် ဒေါ်လာ ၅ သိန်း လှူဒါန်းခဲ့တဲ့ George Clooney တို့ စုံတွဲ

$
0
0

“လက်နက်ကိုင် အကြမ်းဖက်မှု” အပေါ် လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြမယ့် “March For Our Lives လှုပ်ရှားမှု”အတွက် အမေရိကန် ရုပ်ရှင်မင်းသားကြီး George Clooney နဲ့ဇနီးဖြစ်သူ Amal Clooney တို့မှ ဒေါ်လာ ၅ သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မင်းသားကြီး George Clooney နဲ့ ဇနီးသည်ဖြစ်သူ လူ့အခွင့်အရေး ရှေ့နေတို့ဟာ လက်နက်ကိုင် အကြမ်းဖက်မှုနဲ့ လူအစုလိုက် အပြုံလိုက်ကို သေစေအောင် ပစ်ခတ်မှုတို့အပေါ် လာမယ့် မတ်လ ၂၄ ရက်နေ့၊ အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့မှာ ဆန္ဒပြကြမယ့် အစီအစဉ်ကို အခုလိုမျိုး ငွေကြေးအလုံးအရင်းနဲ့ လှူဒါန်းလိုက်တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်၊ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ Parkland (ပတ်ခ်လန်း) မြို့က Stoneman Douglas အထက်တန်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအပေါ် ဆန့်ကျင်ဆန္ဒပြ လှုပ်ရှားကြမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ် ပြီးတဲ့နောက် အမြွှာကလေးနှစ်ဦးရဲ့ နာမည်နဲ့ လှူဒါန်းမှုပြုခဲ့တဲ့ မင်းသား George Clooney တို့ စုံတွဲနှစ်ဦးဟာ အဲဒီ ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်မယ်လို့ သိရပါတယ်။

အမေရိကန် ရုပ်ရှင်မင်းသား George Clooney တို့ စုံတွဲ (ဓာတ်ပုံ – AFP)

ကြေညာချက် တခုမှာတော့ မင်းသား George က ” Amal နဲ့ ကျနော်ဟာ Stoneman Douglas အထက်တန်းကျောင်းက အဲဒီလူငယ် အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ပြောဆိုချက်တွေကို အားကျမိပါတယ်။ ကျနော်တို့ရဲ့ မိသားစုလည်း မတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတဝန်းက လူငယ်မျိုးဆက်သစ်တွေနဲ့အတူ ဘေးချင်းယှဉ်ပြီး ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ သားသမီးတွေဖြစ်တဲ့ Ella နဲ့ Alexander တို့ရဲ့ နာမည်နဲ့ မြေကြီး တုန်ဟီးစေမယ့် အဲဒီပွဲအတွက် ကူညီပေးနိုင်ဖို့ ဒေါ်လာ ၅ သိန်း လှူဒါန်းလိုက်ပါတယ်” လို့ ပြောပါတယ်။

George နဲ့ Amal တို့ဟာ လူ ၁၇ ဦး သေဆုံးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ အဆိုပါ “ကျောင်းတွင်း ပစ်ခတ်မှု” ဖြစ်ပြီးတဲ့ နောက် လက်နက်ကိုင် အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့စကား ပြောဆိုတဲ့ အနုပညာရှင်တွေထဲမှာ အခုလိုမျိုး ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ မင်းသမီး Reese Witherspoon ကလည်း မကြာသေးခင်တုန်းကလည်း “အဲဒီ တိုက်ခိုက်မှု သတင်းကြောင့် နှလုံးထိခိုက် ကြေကွဲခံစားခဲ့ရတယ်”လို့ Twitter မှာ ရေးသားဖော်ပြခဲ့ပါတယ်။

Ref ; Contactmusic

The post “လက်နက်ကိုင် အကြမ်းဖက်မှု ဆန္ဒပြပွဲ” အတွက် ဒေါ်လာ ၅ သိန်း လှူဒါန်းခဲ့တဲ့ George Clooney တို့ စုံတွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ