Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မတ်လအတွင်း သီချင်း Album အသစ် ဖြန့်ချိမယ့် ကိုရီးယား အမျိုးသားအဆိုတော် အဖွဲ့ “Wanna One”

$
0
0

တောင်ကိုရီးယားနိုင်ငံ၊ K-pop အမျိုးသားအဆိုတော်အဖွဲ့တဖွဲ့ဖြစ်တဲ့ Wanna One အဖွဲ့ဟာ လာမယ့် မတ်လအတွင်း သီချင်း Album အသစ်တခွေ ဖြန့်ချိသွားမယ်လို့ အဖွဲ့ရဲ့ စီမံခန့်ခွဲရေးအေဂျင်စီက ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

YMC Entertainment က အဖွဲ့ဝင် ၁၁ ဦးပါဝင်တဲ့ အဆိုပါ ပရောဂျက်အဖွဲ့ဟာ မကြာသေးခင်ကပဲ သူတို့ရဲ့ သီချင်း အသစ်အတွက် Music Video တခု ရိုက်ကူးပြီးသွားကြောင်းနဲ့ သီချင်း Album ဟာ မတ်လ ၁၉ ရက်နေ့မှာ ထွက်ရှိမယ်လို့ ပြောပါတယ်။

Wanna One အဖွဲ့ဟာ “2018 Golden Age Begins” လို့ နာမည်ပေးထားတဲ့ Teaser ပုံရိပ်တွေကို ဖြန့်ချိခဲ့ပြီး တရားဝင် Twitter အကောင့်က ကြေညာချက်တခုမှာလည်း “အဆုံးသတ် တခုရဲ့အစ မဟုတ်ပါဘူး။ ရွှေခေတ် တခုရဲ့အစသာ ဖြစ်ပါတယ်” လို့ ရေးသား ဖော်ပြခဲ့ပါတယ်။

အဲဒီအတွက် အဖွဲ့ရဲ့ အနုပညာခြေလှမ်းသစ်အတွက် ပရိသတ်တွေကြားထဲမှာ မျှော်လင့်ချက်၊ ထင်ကြေးပေးမှုတွေ မြင့်တက် လာခဲ့ပါတယ်။ အဲဒီ ပုံရိပ်တွေထဲမှာဆိုရင်တော့ အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်တွေပေါ်မှာ တက်တူး ထိုးထားပြီးတော့ ” ကြီးမားတဲ့ဆုလာဘ်”၊ “သစ္စာ” နဲ့ “ကောင်းမွန်တဲ့ အရာတွေရဲ့ အဆုံးသတ်” လို့ အဓိပ္ပာယ်ရတဲ့ စာသားတွေကို ရေးထိုး ထားပါတယ်။

ကိုရီးယား အမျိုးသားအဆိုတော် အဖွဲ့ “Wanna One” (ဓာတ်ပုံ – Korea Bizwire, soompi)

ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ရွှေလက်စွပ် တကွင်းစီ ဝတ်ထားတဲ့ အဖွဲ့ဝင်တွေရဲ့ Teaser ပုံရိပ်တွေကိုလည်း ဖြန့်ချိခဲ့ပါ သေးတယ်။ ကေဘယ်လ် ရုပ်သံလိုင်းတခု ဖြစ်တဲ့ Mnet မှာ နာမည်ကျော်ကဏ္ဍစုံ ဖျော်ဖြေပွဲဖြစ်တဲ့ “Produce 101 Season 2” အစီအစဉ်ကနေ နောက်ဆုံးအနိုင်ရရှိသူ ၁၁ ဦးနဲ့ ဖွဲ့စည်းထားတဲ့ အဆိုပါ Wanna One အမျိုးသား အဆိုရှင် အဖွဲ့ဟာ စုစုပေါင်းမဲအရေအတွက် ၁၀ သန်းကျော်ကို ရုပ်သံကြည့်ရှုသူတွေဆီကနေ ရရှိခဲ့ပါတယ်။

Wanna One အဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံး သီချင်း Album ဖြစ်တဲ့ “1X1=1 To Be One” ကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှာ ဖြန့်ချိခဲ့ပြီး K-pop ဂီတသမိုင်းမှာ အကြီးမားဆုံး ပွဲဦးထွက်မှုတခုလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီ သီချင်း Album ဟာ ကော်ပီအချပ်ရေ ၇၄၁၅၄၆ ချပ်နဲ့ Repackaged Album ဖြစ်တဲ့ “1-1=0 Nothing Without You” ကို ကော်ပီအချပ်ရေ ၆၁၄၀၇၂ ချပ်ရောင်းချရတဲ့အထိ K-pop သမိုင်းမှာ စံချိန်တင်လောက်တဲ့ ပွဲဦးထွက် သီချင်း Album ဖြစ်ခဲ့ပါတယ်။ Wanna One အဖွဲ့ဟာ ၂၀၁၇ ခုနှစ် Mnet အာရှဂီတဆုပေးပွဲ (MAMA) မှာ “အကောင်းဆုံး အမျိုးသား အဖွဲ့”၊ “အကောင်းဆုံးမျက်နှာသစ် အမျိုးသားအဖွဲ့”နဲ့ “အကောင်းဆုံး မျက်နှာသစ် အနုပညာရှင်ဆု”တို့ကို ရရှိခဲ့ပါတယ်။

Ref ; yonhap

The post မတ်လအတွင်း သီချင်း Album အသစ် ဖြန့်ချိမယ့် ကိုရီးယား အမျိုးသားအဆိုတော် အဖွဲ့ “Wanna One” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ