Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

PyeongChang အိုလံပစ်ပိတ်ပွဲ အခမ်းအနားမှာဖျော်ဖြေမယ့် EXO အဖွဲ့နဲ့ အမျိုးသမီး Rap အဆိုတော် CL

$
0
0

K-pop အမျိုးသား အဆိုတော်အဖွဲ့တဖွဲ့ဖြစ်တဲ့ EXO နဲ့ တောင်ကိုရီးယား အမျိုးသမီး Rap အဆိုတော် CL တို့ဟာ “၂၀၁၈ ခုနှစ်၊ PyeongChang ဆောင်းရာသီအိုလံပစ် ပိတ်ပွဲအခမ်းအနား”မှာ ဖျော်ဖြေတင်ဆက်မယ်လို့ ဖျော်ဖြေရေး လုပ်ငန်း သတင်းအရင်းအမြစ်တွေက ယနေ့၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ပြောပါတယ်။

ဆိုးလ်မြို့၊ အရှေ့ဘက် ကီလိုမီတာ ၁၈ဝ အကွာမှာရှိတဲ့ ထင်းရှူးမြို့ PyeongChang မှာ ဖေဖော်ဝါရီလ၂၅ ရက်နေ့မှာ ပြီးဆုံးမယ့် ၁၇ ရက်ကြာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲများ အဆုံးသတ် အနေနဲ့ လူဦးရေ ၃ သောင်းခွဲဆန့်တဲ့ PyeongChang အိုလံပစ် အားကစားကွင်းကြီးထဲမှာ ဘယ်သီချင်းတွေနဲ့ ဖျော်ဖြေမယ်ဆိုတာကို မသိရသေးပါဘူး။

“အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို တကမ္ဘာလုံးကနေ ကြည့်ရှုကြမှာ ဖြစ်တဲ့အတွက် သီချင်း ရွေးချယ်မှုနဲ့ ဖျော်ဖြေမှု ပြင်ဆင်တဲ့အပိုင်းမှာ ထပ်ဆောင်းအားထုတ် ကြိုးပမ်းမှုတွေ ကျနော်တို့ လုပ်ဆောင်နေပါတယ်” လို့ EXO အဖွဲ့ရဲ့ အေဂျင်စီ S.M. Entertainment က ပြောပါတယ်။

PyeongChang အိုလံပစ်ပိတ်ပွဲမှာ ဖျော်ဖြေမယ့် EXO အဖွဲ့နဲ့ အဆိုတော် CL / allkpop

CL ရဲ့ စီမံခန့်ခွဲရေး အေဂျင်စီဖြစ်တဲ့ YG Entertainment ကလည်း သူတို့အနေနဲ့ ဖျော်ဖြေပွဲမှာ အဆင်သင့်ဖြစ်စေဖို့ တတ်နိုင်တဲ့ ကြိုးပမ်းမှုတွေကို လုပ်ဆောင်နေပါတယ်လို့ ပြောပါတယ်။ CL ဟာ ဖျက်သိမ်းလိုက်ပြီးဖြစ်တဲ့ K-pop အမျိုးသမီး အဆိုတော်အဖွဲ့ 2NE1 အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတဦး ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ နိုင်ငံတကာအားကစားပြိုင်ပွဲတွေ အတွက် ဖျော်ဖြေပွဲတွေ ကျင်းပတဲ့ နေရာမှာ K-pop ကို ဖျော်ဖြေရေးအနေနဲ့ အသုံးပြုလာခဲ့ကြတာပါ။ “Psy, BTS, TWICE, BIGBANG နဲ့ Red Velvet” တို့အပါအဝင် K-pop Star တော်တော်များများဟာ ဖွင့်ပွဲ အခမ်းအနား အတွင်းမှာ ကိုယ်စားလှယ်တွေအနေနဲ့ အိုလံပစ် အားကစား ကွင်းကြီးထဲမှာ ဖျော်ဖြေခဲ့ကြပြီး ဖြစ်ပါတယ်။

Ref : Yonhap

The post PyeongChang အိုလံပစ်ပိတ်ပွဲ အခမ်းအနားမှာဖျော်ဖြေမယ့် EXO အဖွဲ့နဲ့ အမျိုးသမီး Rap အဆိုတော် CL appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)