Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အရက်မူးပြီး ကားမောင်းခဲ့တဲ့အတွက် 2PM အဖွဲ့ဝင် Jun.K ပရိသတ်များကို တောင်းပန်

$
0
0

တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ 2PM မှ အဖွဲ့ဝင် Jun.K ဟာ အရက်မူးပြီး ကားမောင်းခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက် အနုပညာလှုပ်ရှားမှု လုပ်ငန်းတွေကို ခေတ္တရပ်နားလိုက်ပါတယ်။

Jun.K ဟာ အရက်သောက်ပြီး ကားမောင်းနေခဲ့စဉ်မှာ အဖမ်းခံခဲ့ရတယ်လို့ JYP Entertainment က ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ သွေးထဲမှာ အရက်ပါဝင်မှုရာခိုင်နှုန်း ဝ.၀၇၄ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ သတင်းတွေရဲ့အဆိုအရ Jun.K ဟာ ရဲတွေကို ကိုယ်တိုင် ဝန်ခံထားပြီး သူ့ရဲ့ မန်နေဂျာဟာလည်း သူ့ကားကို လာမောင်းယူသွားတယ် လို့ဆိုပါတယ်။

“အရက်မူးပြီး ကားမောင်းခဲ့တဲ့ ကျနော်တို့ရဲ့ အနုပညာရှင် Kim Minjun (Jun.K) အတွက် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ သူကိုယ်လည်း သူ့ရဲ့ လုပ်ရပ်ကို နက်နက်နဲနဲ ခံစားနေရပါတယ်။ အခုက စပြီးတော့ ပရိုမိုးရှင်းတွေ အားလုံးကို ဖျက်သိမ်းလိုက်ပါတယ်” JYP Entertainment မှ တာဝန်ရှိသူက ပြောပါတယ်။

2PM အဖွဲ့ဝင် အဆိုတော် Jun.K / kstarlive

“ကုမ္ပဏီကလည်း ၂၀၁၄ ခုနှစ်ကစလို့ အနုပညာရှင်တွေ အားလုံးအတွက် အချိန်ပြည့် ယာဉ်မောင်းလည်း ခန့်ထားပြီး အနုပညာရှင်တွေကို အရက်သောက်ပြီး ကားမောင်းတာမျိုးမလုပ်ဖို့ ပုံမှန်ပညာပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ဒါပေမယ့် ဒီလိုမျိုးဖြစ်ရပ် ဖြစ်လာခဲ့ပြီဆိုတော့ ကျနော်တို့ကလည်း အပြည့်အဝ တာဝန်ယူပြီး ပိုမိုထိရောက်တဲ့ အကာအကွယ်ပေးရေး လုပ်ဆောင်မှုများအတွက် စဉ်းစားသွားမှာဖြစ်ပါတယ်။ ကျနော်တို့ နောက်တကြိမ် တောင်းပန်ပါတယ်” လို့ JYP Entertainment က ကြေညာခဲ့ပါတယ်။

“ကျနော် Minjun ပါ၊ ပထမဆုံး ဒီလိုမျိုး ပရိသတ်တွေကို ပြောပြရတဲ့အတွက် တကယ့်ကိုပဲ တောင်းပန်ပါတယ်။ ကျနော့် ဆုံးဖြတ်ချက်က မရင့်ကျက်ပါဘူး။ အရက်မူးနေတုန်းမှာ ကားမောင်းတာဟာ ဘယ်လောက်တောင် ပေးဆပ်မှု ကြီးမားကြောင်း ကျနော် သိပါတယ်။ ဒါပေမယ့် ဒီအမှားနဲ့ အတူ ကျနော့်ကိုယ်ကျနော် ပြန်သုံးသပ်ပြီး ကျနော့် လုပ်ရပ်တွေကို နက်နက်နဲနဲ ဆင်ခြင်သွားပါ့မယ်” လို့ Jun.K က ပရိသတ်တွေကို တောင်းပန်စကား ပြောပါတယ်။

“ကျနော့်ကို ချစ်ခင်ယုံကြည်ပေးကြတဲ့ ပရိသတ်တွေနဲ့ ကျနော့် အဖွဲ့ဝင်တွေအတွက် ဒီလိုမျိုး စိတ်ပျက်စရာကို ဖြစ်စေခဲ့မိလို့ တကယ့်ကိုပဲ တောင်းပန်ပါတယ်” Jun.K က ဆိုပါတယ်။

Ref : kstarlive

The post အရက်မူးပြီး ကားမောင်းခဲ့တဲ့အတွက် 2PM အဖွဲ့ဝင် Jun.K ပရိသတ်များကို တောင်းပန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)