Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ရှင်သန်ကျန်ရစ်သော မိသားစု” (သို့မဟုတ်) Survival Family

$
0
0

၂၀၁၇ ခုနှစ်က ထွက်ရှိထားပြီး IMDB Rating (7.1) ရရှိထားတဲ့ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Shinobu Yaguchi က ရိုက်ကူးထားတာပါ။ တခြား Survival ရုပ်ရှင်တွေလို အခက်အခဲတွေကို ဖြေရှင်းရတဲ့ ပုံစံဆိုပေမယ့် ဒီရုပ်ရှင်မှာတော့ လက်တွေ့ကျပြီး သဘာဝဆန်တဲ့ ဖြေရှင်းနည်းတွေကိုပဲ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ တိုကျိုမြို့မှာနေထိုင်တဲ့ Suzuki မိသားစုလေးယောက်ဟာ ဒီကနေ့ခေတ်ရဲ့ မြို့ပြမိသားစုတွေလိုပဲ နည်းပညာရေစီးကြောင်းမှာ စီးမျောနေတဲ့ မိသားစုတစုပါ။ မိသားစုတွင်း ဆက်ဆံရေးမှာဆိုရင်လည်း ဖခင်က အလုပ်ကြိုးစားသူ တယောက်ဖြစ်ပြီး မိခင်ကတော့ အိမ်မှုကိစ္စတွေနဲ့အမြဲလိုလို ရှုပ်ယှက်ခတ်နေတတ်သူပါ။

“Survival Family” ရုပ်ရှင်ကား (ဓာတ်ပုံ – Google)

သားဖြစ်သူနဲ့ သမီးဖြစ်သူကလည်း ဆယ်ကျော်သက် ကျောင်းသားတွေပီပီ ဖုန်းတစ်လုံးနဲ့ပဲ အချိန်ကုန်တတ်သူတွေပါ။ ဒါကြောင့်မို့လို့လည်း မိသားစုအချင်းချင်း ဆက်ဆံရေးဟာ အေးစက်စက်ဖြစ်နေပါတယ်။ ဒီလိုနဲ့ လျှပ်စစ်မီး ပြတ်တောက်သွားတဲ့ မနက်ခင်းတခုကနေ အစပြုပြီး ပုံမှန်လုပ်နေကျ အလုပ်တွေနဲ့ စားရေးသောက်ရေးအစ ကစဉ့်ကလျားတွေ ဖြစ်ကုန်ပါတော့တယ်။

လျှပ်စစ်မီးပြတ်တောက်မှုဟာ တရက်ထက်မက နေ့စဉ်ရက်ဆက်ဖြစ်လာတဲ့ အခါမှာတော့ တိုးတက်ပါတယ်ဆိုတဲ့ တိုကျိုမြို့ကြီးမှာ အသက်ရှင်ရပ်တည်ဖို့တောင် ခက်ခဲလာပါတော့တယ်။ ဒါကြောင့်မို့လို့ ယောက္ခမဖြစ်သူ နေထိုင်တဲ့ ကျေးလက်ရွာလေးဆီကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နေရာတိုင်းမှာကလည်း လျှပ်စစ်မီးပြတ်တောက်မှုကြောင့် သွားရေးလာရေး ခက်ခဲနေတဲ့အတွက် နောက်ဆုံးမှာတော စက်ဘီးကိုယ်စီနဲ့ပဲ အသက်ရှင်ရပ်တည်ရေးခရီးကို စတင်ပါတော့တယ်။

စာရေးသူတို့ရဲ့ နေ့စဉ်လူနေမှုဘဝမှာ လျှပ်စစ်မီးဟာ အလွန်အရေးပါ အရာရောက်ပါတယ်။ မီးပျက်လို့ ဖုန်းအား မရှိရင်တောင် သောကပွေနေရတဲ့ ဒီခေတ်မှာ ဒီရုပ်ရှင်ထဲကလို အခြေအနေကြုံတွေ့လာရင် စာရေးသူတို့အားလုံးကော ဘယ်လို ရင်ဆိုင်ကြမလဲဆိုတာကို ဒါရိုက်တာက မေးခွန်းလေး မသိမသာ ထုတ်ထားပါတယ်။ နောက်တခုက ဒီဇာတ်ကားကို ကြည့်နေရင်းနဲ့ “ထမင်းတလုပ်၊ ရေတမှုတ်” ရဲ့တန်ဖိုးကို သိလာရတာပါပဲ။

“Survival Family” ရုပ်ရှင်ကား (ဓာတ်ပုံ – Google)

၂၀၁၇ ခုနှစ်ရဲ့အကောင်းဆုံးရုပ်ရှင် ၁၀ ကားမှာပါဝင်ပြီး နိုင်ငံတကာမှာလည်း ချီးကျူးမှု အခိုင်အမာ ရရှိထားတဲ့ ဒီဂျပန်ရုပ်ရှင်ကားဟာ ဆုတွေလည်း အမြောက်အမြား ရရှိထားပါတယ်။ ပြသချိန် ၂ နာရီအတွင်းမှာ စိတ်ဝင်တစားနဲ့ အချိန်ပေးကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတကားမို့လို့ ညွှန်းဆိုလိုက်ပါတယ်။

The post “ရှင်သန်ကျန်ရစ်သော မိသားစု” (သို့မဟုတ်) Survival Family appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link