Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နယူးယောက်မှာ ရိုက်မယ့် Dead Of Night Short film အတွက် အရွေးခံရတဲ့ ဥက္ကာမင်းမောင်

$
0
0

သရုပ်ဆောင်မော်ဒယ် ဥက္ကာမင်းမောင်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ရိုက်ကူးမယ့် Dead Of Night Short film အတွက် Audition (လူရွေးပွဲ) ဝင်ပြိုင်ထားရာကနေ အဲဒီ Short Film မှာ ပါဝင် သရုပ်ဆောင်ဖို့ အရွေးခံရတယ်လို့ သိရပါတယ်။

“မထင်မှတ်ထားတဲ့ သတင်းကောင်းတခု အခုပဲ စာလာတယ်။ New York မှာရိုက်မယ့် Dead Of Night Short film အတွက် Audition ဝင်ပြိုင်ထားတာ ကျနော် အရွေးခံရပါတယ်။ ပရိတ်သတ်တွေ အားလုံး ဆုတောင်းပေးခဲ့တာ ဆုတောင်းပြည့်ခဲ့ပြီ။ ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင်မသိဘူး” လို့ ဥက္ကာမင်းမောင်က သူ့ရဲ့ Facebook အကောင့်မှာ ရေးသားထားပါတယ်။

ဆက်လက်ပြီး သူက “Leading Role ရိုက်ရမှာပါ။ Supernatural Thriller အမျိုးအစား။ March လထဲ Spring အချိန်မှာ ရိုက်မယ်ပြောပါတယ်။ ပြီးရင် film festival တွေပို့မယ်ပြောပါတယ်။ လောလောဆယ် သိရသလောက်က ဒီလောက်ပါပဲ” လို့ ရေးသားထားပါတယ်။

သရုပ်ဆောင် ဥက္ကာမင်းမောင် (ဓာတ်ပုံ – Ye Htoo Win Facebook)

ဒါဟာ သူ့အတွက် အမေရိကန်နိုင်ငံမှာ သရုပ်ဆောင် စလုပ်မယ့် အနုပညာခရီး အစဖြစ်တဲ့အတွက် အစွမ်းကုန် ကြိုးစားသွားမှာဖြစ်ပြီး နောက်ထပ် Audition တွေလည်း ထပ်ပြိုင်သွားမယ်လို့ သူက ဆိုပါတယ်။

ဥက္ကာမင်းမောင်ဟာ မြန်မာနိုင်ငံမှာ ဆယ်ကျော်သက် အရွယ်က မော်ဒယ် သရုပ်ဆောင် လုပ်ခဲ့ပြီး အမေရိကန်နိုင်ငံမှာ သွားရောက ကျောင်းတက် နေထိုင်ကာ ၁၀ စုနှစ် တခုအကြာ အနုပညာ အလုပ်များနဲ့ ဝေးကွာနေခဲ့ပြီး ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ “မေထုန်ရာသီဖွား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲသို့ တကျော့ပြန်ဝင်ရောက်လာခဲ့သူပါ။

လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားများ ဆက်တိုက် ရိုက်ကူးနေပြီး သိပ်မကြာသေးခင်က ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးတဲ့ “ကျားကျားလျားလျား မိန်းမသားများ” ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင် သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။

ဥက္ကာမင်းမောင်အနေနဲ့ ၂၀၁၆ ခုနှစ်က “Mister Tourism World 2016” ဆု ရရှိထားပြီး မကြာခင် အီတလီ နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Mister ပြိုင်ပွဲတခုမှာ ဒိုင်ပြုလုပ်ပေးဖို့အတွက် ကမ်းလှမ်းခံထားရတယ် လို့ သိရပါတယ်။

The post နယူးယောက်မှာ ရိုက်မယ့် Dead Of Night Short film အတွက် အရွေးခံရတဲ့ ဥက္ကာမင်းမောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ