Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Korean Hip Hop Awards” မှာ တနှစ်တာအတွက် အကောင်းဆုံး အနုပညာရှင်ဆုရခဲ့တဲ့ Jay Park

$
0
0

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ “Korean Hip Hop Awards 2018” ဆုပေးပွဲမှာ ဒီနှစ်အတွက် အကောင်းဆုံးအနုပညာရှင်ဆုကို နာမည်ကြီး အဆိုတော် Jay Park ရရှိခဲ့ပါတယ်။

အွန်လိုင်းကနေ ရွေးချယ်ပေးအပ်တဲ့ အဲဒီဆုပေးပွဲအခမ်းအနားကို အွန်လိုင်းမဂ္ဂဇင်းနဲ့ သတင်းအချက်အလက် ဌာနတခုဖြစ်တဲ့ HiphopLE ၊ ဂီတ Site တခုဖြစ်တဲ့ HIPHOPPLAYA တို့က ဦးစီးကျင်းပတာဖြစ်ပါတယ်။

အများစုက မိမိကြိုက်နှစ်သက်တဲ့ အနုပညာရှင်၊ သီချင်း Album နဲ့ တနှစ်တာအတွက် သီချင်းတွေကို ရွေးချယ် ပေးအပ်တာ ဖြစ်ပါတယ်။ အသက် ၃၀ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ကိုးရီးယား – အမေရိကန် အဆိုတော် Jay Park ယခုအကြိမ် ဆုရတာဟာ သူ့အတွက် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းကလည်း အဲဒီဆုကို တကြိမ် ရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

အကောင်းဆုံး အနုပညာရှင်ဆုရခဲ့တဲ့ အဆိုတော် Jay Park / soompi/ koreaboo

နာမည်ကြီး Hip Hop အဆိုတော် Jay Park ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် တနှစ်လုံး၊ သူဟာ တကိုယ်တော် အနုပညာရှင် အနေနဲ့ရော၊ AOMG နဲ့ H1GHER Music တို့ရဲ့ ဦးဆောင်သူအနေနဲ့ရော တက်ကြွစွာ လှုပ်ရှားခဲ့တဲ့အပြင် နာမည်ကျော် Label တခုဖြစ်တဲ့ ROC Nation နဲ့လည်း စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

AOMG ကုမ္ပဏီအတွက် အခြားအောင်မြင်မှုတခုကတော့ ဖြန့်ချိပြီး မကြာသေးတဲ့အချိန်မှာပဲ ဂီတဇယားတွေ အကုန်လုံးမှာ All-kill အဆင့်အထိ ရောက်ရှိခဲ့တဲ့ “We Are” သီချင်း သီဆိုသူ Woo Won Jae က တနှစ်တာ အတွက် အကောင်းဆုံး Hip Hop တေးသီချင်းဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

အကောင်းဆုံး အနုပညာရှင်ဆုရခဲ့တဲ့ အဆိုတော် Jay Park / soompi / koreaboo

အဲဒီသီချင်းဟာ ဖြန့်ချိပြီး ၅ လအကြာ ဒီနေ့အထိ ဂီတဇယားတွေရဲ့ အထက်ပိုင်းမှာ နေရာယူထားဆဲဖြစ်ပြီး နာမည် ဂုဏ်အရှိန်အဝါကြီးမားမှုကို သက်သေပြနေဆဲဖြစ်ပါတယ်။

ရက်ပ်ပါ Woo Won Jae ဟာ “(၁၅) ကြိမ်မြောက် ကိုရီးယား ဂီတဆုပေးပွဲ”မှာ တနှစ်တာအတွင်း အကောင်းဆုံး တက်သစ်စဆု၊ အကောင်းဆုံး သီချင်းဆု၊ အကောင်းဆုံး Rap & Hip Hop သီချင်းဆုတို့အတွက် လက်ရှိမှာ လျာထားခံထားရတယ်လို့ သိရပါတယ်။

AOMG ရဲ့ ထုတ်လုပ်ရေးမှူးဖြစ်တဲ့ GRAY ကတော့ ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်အတွက် Hip Hop သီချင်းကို ထုတ်လုပ်နိုင်ခဲ့တဲ့ မှတ်တမ်းဝင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာတော့ သူထုတ်လုပ်ခဲ့တဲ့ BewhY ရဲ့ “Forever” က အကောင်းဆုံးဆုကို ရရှိထားခဲ့တာပါ။ Jay Park ရဲ့ H1GHER Music label အောက်မှာဆိုရင် GroovyRoom က အကောင်းဆုံး ထုတ်လုပ်သူဆုကို ဒီနှစ်မှာလည်း ပိုင်ဆိုင်ရရှိသွားတယ်လို့ သိရပါတယ်။

ဆုရရှိသူများ စာရင်း

Artist of the Year – Jay Park

Hip-hop Album of the Year – “Junk Drunk Love” (Legit Goons)

Hip-hop Song of the Year – “We Are” (Woo Won Jae)

R&B Album of the Year – “Tree” (Hippy was Gipsy)

R&B Song of the Year – “gold” (offonoff)

Producer of the Year – GroovyRoom

New Artist – DPR Live

Collaboration of the Year – “Mango” (Samuel Seo and Isle Qim)

Underrated Album of the Year –“[ㅂㅂ]” (TFO)

Ref : soompi.com

The post “Korean Hip Hop Awards” မှာ တနှစ်တာအတွက် အကောင်းဆုံး အနုပညာရှင်ဆုရခဲ့တဲ့ Jay Park appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ