Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မျက်နှာသစ် သရုပ်ဆောင်များနဲ့ “Dimensions” ရုပ်ရှင်ကား မကြာမီ ရုံတင်မည်

$
0
0

Bonanza Production နဲ့ Shutter Production တို့ ပူးပေါင်းထုတ်လုပ်ပြီး မျက်နှာသစ် လူငယ်ဒါရိုက်တာ ဉာဏ်ထင် ရိုက်ကူးထားတဲ့ “Dimensions – မျက်နှာပြင်များ” ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလအတွင်း မကြာခင် ရုံတင် ပြသတော့မယ်လို့ သိရပါတယ်။

“Dimensions” ရုပ်ရှင် ဇာတ်ကားမှာ သရုပ်ဆောင်များအဖြစ် မျက်နှာသစ် လူငယ် သရုပ်ဆောင်များဖြစ်ကြတဲ့ ခါရာ၊ Alice Ong (အဲလစ်အုန်း)၊ ဂျာဆိုင်းအိန်၊ မင်းမြတ်စိုးစံ၊ ကောင်းစစ်သွေး၊ ဆုရွှေရည်ထူး၊ သီဟ၊ ဟန်ထူးနိုင်တို့နဲ့ ဝါရင့်သရုပ်ဆောင်များ ဖြစ်ကြတဲ့ ဦးဝင်းမြိုင်၊ ရဲမွန်တို့ ပါဝင် သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

“Dimensions” ရုပ်ရှင်ကားမှ မင်းသား ခါရာ (ဓာတ်ပုံ – သီဟတိုး/ ဧရာဝတီ)

ဇာတ်လမ်း အမျိုးအစားက Action – Thriller အမျိုးအစားဖြစ်ပြီး အဆိုပါဇာတ်ကားကို လွန်ခဲ့တဲ့ ၂ နှစ်က ရိုက်ကူးခဲ့ကာ ဇာတ်ကားအတွက် Pre – Production ပြင်ဆင်မှု ၆ လကျော်၊ ရိုက်ကူးမှု ၃ လကျော်၊ Editing, Color Grading, Music Composing, Sound Design စတဲ့ Post Production အပိုင်းများအတွက် အချိန် ၁ နှစ်ကျော်ကြာ အသေးစိတ် ပြင်ဆင် ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

“ဒီဇာတ်ကားက ကျနော့်ဘဝမှာ ပထမဆုံး ရုံတင်တဲ့ ရုပ်ရှင်ကားကြီးပါ။ ကျနော့်ဘဝအတွက် ပထမဆုံး သရုပ်ဆောင်ဖူးတဲ့ အက်ရှင်ကားတကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Action Scene တွေ များများ ရိုက်ထားပါတယ်။ လူငယ်တွေစုပြီး ကြိုးစားပြီး ဖန်တီး ရိုက်ကူးထားတဲ့ ကားလေးမို့ ဒီကားလေးကို အားပေး ဝန်းရံကြပါလို့ ပြောချင်ပါတယ်” လို့ အဆိုပါ ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားတဲ့ သရုပ်ဆောင် ခါရာက ပြောပါတယ်။

“Dimensions” ရုပ်ရှင်ကားမှ မင်းသား ခါရာ (ဓာတ်ပုံ – သီဟတိုး/ ဧရာဝတီ)

“Dimensions – မျက်နှာပြင်များ” ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ကစပြီး ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ တောင်ကြီးမြို့များရှိ Mega Ace Cineplex ရုပ်ရှင်ရုံများနဲ့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်မြို့တို့မှာ ရှိတဲ့ JCGV အဆင့်မြင့် ရုပ်ရှင်ရုံများမှာ စတင် ပြသသွားမယ်လို့ သိရပါတယ်။

The post မျက်နှာသစ် သရုပ်ဆောင်များနဲ့ “Dimensions” ရုပ်ရှင်ကား မကြာမီ ရုံတင်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ