Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Weekly Oricon Chart အပတ်စဉ် ဇယားမှာ နံပါတ်တစ် နေရာယူထားတဲ့ EXO အဖွဲ့

$
0
0

Album ကို မဖြန့်ချိမီ တရက်အလို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က Oricon ရဲ့ Single Album ဇယားမှာ နံပါတ်တစ် နေရာကနေ တာထွက်ကောင်းခဲ့တဲ့ ကိုရီးယား K-Pop အဆိုတော်အဖွဲ့ EXO ရဲ့ပထမဆုံး ဂျပန် စတူဒီယို Album ဟာ အခြားဇယားတခုမှာလည်း ထိပ်ပိုင်းကို ရယူထားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ Oricon ရဲ့ သတင်းအရင်းအမြစ်တခုက “EXO ရဲ့ ပထမဆုံး ဂျပန် စတူဒီယို Album ‘Countdown’ ဟာ ဖြန့်ချိပြီး သီတင်းတပတ်အတွင်းမှာ ရောင်းအား ခန့်မှန်းချေ ၈၉၀၀၀ ယူနစ် ရှိခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ သူတို့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ အပတ်စဉ်ဇယားမှာ ပထမဆုံးနေရာကို ရရှိခဲ့ပါပြီ” လို့ ပြောပါတယ်။

ကိုရီးယား အဆိုတော် အဖွဲ့ EXO (ဓာတ်ပုံ – soompi/ allkpop)

အဲဒီ Album ဟာ ဖြန့်ချိပြီး ၃ ရက်ဆက်တိုက် Oricon ရဲ့ နေ့စဉ် Album ဇယားမှာ ပထမဆုံးနေရာကို ဆက်လက် ရရှိခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ စုစုပေါင်း ၄ ကြိမ်တိုင်တိုင် ပထမနေရာကို ရယူ နိုင်ခဲ့ပါတယ်။

EXO အဖွဲ့ဟာ ၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလတုန်းက ဂျပန်နိုင်ငံမှာ “Love Me Right ~romantic universe~” အမည်ရှိတဲ့ ပထမဆုံး ဂျပန်သီချင်းကို ဖြန့်ချိခဲ့ပါတယ်။ တပတ်တာ ရောင်းချခဲ့ပြီးချိန်မှာ Oricon ရဲ့ အပတ်စဉ်ဇယားထဲ EXO အဖွဲ့ ပထမနေရာ ရယူထားနိုင်တာဟာ ယခုအကြိမ်က ဒုတိယ အကြိမ်မြောက် ဖြစ်ပါတယ်။

ကိုရီးယား အဆိုတော် အဖွဲ့ EXO (ဓာတ်ပုံ – soompi/ allkpop)

ပြီးတော့ Oricon ရဲ့ အပတ်စဉ်ဇယားမှာ ပထမဆုံး Single သီချင်းနဲ့ ပထမဆုံး Album တို့အတွက် ပထမနေရာမှာ ရပ်တည်နိုင်တဲ့ ပထမဆုံး နိုင်ငံခြားအဖွဲ့တခုအဖြစ် EXO က မှတ်တမ်းဝင်ခဲ့ပါတယ်။

EXO အဖွဲ့ဟာ လက်ရှိမှာတော့ သူတို့ရဲ့ စတုတ္ထမြောက် နယ်လှည့်ဖျော်ဖြေပွဲ “EXO PLANET #4—The EℓyXiOn” ကို ကျင်းပပြုလုပ်နေပြီး ဒီလထဲမှာလည်း ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာရှိတဲ့ Kyocera Dome မှာ ဖျော်ဖြေပွဲတွေပြုလုပ်ဖို့ ဂျပန်နိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။

Ref ; soompi.com

The post Weekly Oricon Chart အပတ်စဉ် ဇယားမှာ နံပါတ်တစ် နေရာယူထားတဲ့ EXO အဖွဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ