Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သရုပ်ဆောင်ပိုင်းနဲ့ ၄ နှစ်နီးပါး ဝေးကွာပြီး ဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးမယ့် ဇေယျ

$
0
0

သရုပ်ဆောင်လောကနဲ့ ၄ နှစ်နီးပါးကင်းကွာနေတဲ့ သရုပ်ဆောင်ဇေယျက ဇာတ်လမ်းတွဲ ရိုက်ကူးမှုနဲ့ သရုပ်ဆောင်လောကကို ပြန်လည် ဝင်ရောက်လာခဲ့တယ်လို့ ပြောပါတယ်။

“ကျနော် ရုပ်ရှင်သရုပ်ဆောင်ပိုင်းနဲ့ အဆက်အသွယ် ပြတ် ခဲ့တာ ၃ နှစ်၊ ၄ နှစ်လောက်ရှိပါပြီ။ တီဗွီ အစီအစဉ်တွေမှာ Presenter လုပ်တယ်။ တချို့ Music Video တွေမှာ ဒါရိုက်တာ လုပ်တယ်။ သရုပ်ဆောင်ပိုင်းမှာ အရမ်းအဆက်အသွယ် ပြတ်သွားတယ်” လို့ သရုပ်ဆောင် ဇေယျက ဆိုပါတယ်။

ဆက်လက်ပြီး “လွန်ခဲ့တဲ့ ၂နှစ်လောက်ကတော့ ရုပ်ရှင်ကားကြီးတကား ရိုက်ထားပါတယ်။ အဲ့ဒါပြီးတော့ ဘာမှ မရိုက်ဖြစ်ဘူး။ အခုဒီ “ရွှေမင်းသမီးနှင့် လူလိမ်” ဇာတ်လမ်းတွဲလေးက ကျနော့်အတွက် ပထမဆုံး သရုပ်ဆောင်အနေနဲ့ ပြန်လည် သရုပ်ဆောင်ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲလေးပါ” လို့ ဇေယျက ပြောပါတယ်။

ပုံစာ – သရုပ်ဆောင် ဇေယျ (ဓာတ်ပုံ – ယုဖြူဟန်/ ဧရာဝတီ)

ဇေယျအနေနဲ့ သရုပ်ဆောင် အကယ်ဒမီ ယွန်းယွန်းနဲ့အတူ ပါဝင်ရိုက်ကူးသွားမယ့် အဆိုပါ “ရွှေမင်းသမီးနှင့် လူလိမ်” ဇာတ်လမ်းတွဲမှာ သူတခါမှ မလုပ်ဖူးသေးတဲ့ ကာရိုက်တာ “လူလိမ် ဇာတ်ရုပ်” နေရာကနေ သရုပ်ဆောင်သွားမယ်လို့ သူက ဆိုပါတယ်။

“ဒီဇာတ်လမ်းတွဲထဲမှာ ကျနော်က လူလိမ်ပေါ့။ ဒီလူလိမ်ဇာတ်ရုပ်က တခါမှတော့ သရုပ်မဆောင်ဖူးဘူး။ ဇာတ်ကောင်က လူလိမ်ဆိုတော့ ကျနော် တခါမှ မလုပ်ဖူးတဲ့ ဇာတ်ကောင်ပါ။ လူလိမ်ဖြစ်တဲ့အတွက် လူကောင်းပုံစံဖြစ်နေမှ လူတွေက ကိုယ့်ကိုယုံကြည်လာမယ်။ ကိုယ့်ကို ယုံကြည်မှလည်း အားလုံးကို လိမ်လို့ရမယ်ပေါ့” လို့ ဇေယျက ပြောပါတယ်။

သရုပ်ဆောင် ဇေယျဟာ လက်ရှိ တီဗွီအစီအစဉ်များမှာ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေပြီး တချိန်က နာမည်ကြီး တေးသီချင်းများရဲ့ Music Video များမှာ အမျိုးသား မော်ဒယ် သရုပ်ဆောင် အနေနဲ့ ကျော်ကြားခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – ကလိထိုး ရယ်ရမယ့် ဟာသကားမျိုး မဟုတ်ဘူးဆိုတဲ့ “ရွှေမင်းသမီး နှင့် လူလိမ်”

The post သရုပ်ဆောင်ပိုင်းနဲ့ ၄ နှစ်နီးပါး ဝေးကွာပြီး ဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးမယ့် ဇေယျ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ