Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကလိထိုး ရယ်ရမယ့် ဟာသကားမျိုး မဟုတ်ဘူးဆိုတဲ့ “ရွှေမင်းသမီး နှင့် လူလိမ်”

$
0
0

အမျိုးသမီး ဒါရိုက်တာအသစ် ရိုက်ကူးထားပြီး သရုပ်ဆောင်သစ်များ ပါဝင်တဲ့ “ရွှေမင်းသမီး နှင့် လူလိမ်” လို့ အမည်ပေးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲဟာ ကလိထိုးပြီး ရယ်ရစေမယ့် ဟာသကားမျိုး မဟုတ်ဘဲ ဇာတ်လမ်း၊ ဇာတ်ကောင် ကာရိုက်တာတွေကြောင့် ရယ်မောရစေမယ့် ဇာတ်လမ်းတွဲမျိုး ဖြစ်တယ်လို့ ဒါရိုက်တာ ချိုဝတ်ရည်က ပြောပါတယ်။

“ရွှေမင်းသမီး နှင့် လူလိမ် ဇာတ်လမ်းတွဲက ဟာသကားဆိုတော့ ပရိသတ်က ကြည့်နေရင်းနဲ့ တခစ်ခစ်နဲ့ ရယ်တာမျိုးကို လိုချင်တယ်။ ကြည့်နေရင်းနဲ့ ရယ်လဲမရယ်ရဘူး ဆိုတာမျိုး မဖြစ်စေချင်ဘူး။ ပြီးတော့ အတင်း ကလိထိုးပြီးတော့ ရယ်ဟယ် ရယ်ဟယ် ဆိုပြီး မဖြစ်စေချင်ဘူး။ ဇာတ်ကောင်တွေ အရပဲ ရယ်ရတာမျိုး ဖြစ်စေချင်တယ်”လို့ ဒါရိုက်တာ ချိုဝတ်ရည်က ဆိုပါတယ်။

“ရွှေမင်းသမီး နှင့် လူလိမ်” ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ (ဓာတ်ပုံ – ယုဖြူဟန် /ဧရာဝတီ)

အဆိုပါ ဇာတ်လမ်းတွဲမှာ အဓိက ဇာတ်ကောင်များအဖြစ် ဇေယျ၊ အကယ်ဒမီ ယွန်းယွန်းတို့က ပါဝင်ပြီး ရဲမွန်၊ Tyron (တိုင်ရွန်)၊ ဆူးခက်မင်း၊ ပိုင်ခန့်၊ အောင်ကိုထူး၊ အေးစန္ဒာကျော်၊ ခင်နှင်းယု၊ အိမြတ်မွန်တို့ ပါဝင် သရုပ်ဆောင် ထားပါတယ်။

“ရွှေမင်းသမီး နှင့် လူလိမ်” ဇာတ်လမ်းတွဲက ဟာသ၊အချစ် ရုပ်သံဇာတ်လမ်းတွဲ ဖြစ်ပြီး Japanese Drama ဇာတ်လမ်းတွဲများလို ပေါ့ပေါ့ပါးပါး ဖန်တီးပုံဖော်ထားတယ်လို့ သိရပါတယ်။ ဇာတ်လမ်းတွဲမှာ အပိုင်း ၂၄ ပိုင်း ပါဝင်ပြီး မတ်လ ၂၃ ရက်နေ့မှ စတင်ကာ အပတ်စဉ် သောကြာနေ့၊ စနေနေ့နဲ့ တနင်္ဂနွေနေ့များမှာ MWD Documentary ရုပ်သံလိုင်းကနေ ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။

ဒါရိုက်တာ ချိုဝတ်ရည်က “Wutyee Food House” Blog ရေးသားသူ အမျိုးသမီး Blogger တယောက်ဖြစ်ပြီး သူဟာ ဒါရိုက်တာ ဦးကျော်စိုး (ဘိတ်ကလာတဲ့ ငံပြာရည်) ရဲ့ မြေး၊ ဒါရိုက်တာ သီဟကျော်စိုး၊ ဒါရိုက်တာ သက်ကျော်စိုး (သမီး ငံပြာရည်) တို့ရဲ့ တူမ၊ ဒါရိုက်တာ ပြည်ဟိန်းသီဟရဲ့ ညီမ ဝမ်းကွဲ ဖြစ်တယ်လို့ သိရပါတယ်။

The post ကလိထိုး ရယ်ရမယ့် ဟာသကားမျိုး မဟုတ်ဘူးဆိုတဲ့ “ရွှေမင်းသမီး နှင့် လူလိမ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ