Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သားလေးအတွက် ရည်ရွယ်ပြီး အခွေနာမည်ပေးတဲ့ အဆိုတော် Justin Timberlake

$
0
0

အဆိုတော် Justin Timberlake (ဂျက်စတင်တင်းဘားလိတ်ခ်) က သူ့ရဲ့ သားငယ်လေး Silas ကို ဂုဏ်ပြုပြီး သူ့ရဲ့ သီချင်းအခွေ နာမည်ကို “Man of the Woods” လို့ နာမည်ပေးလိုက်ပါတယ်။

“Filthy” သီချင်းအဆိုတော် Justin ဟာ အသက် ၂ နှစ်အရွယ် သားဖြစ်သူအတွက် ရည်ရွယ်ပြီး မကြာခင် ထွက်ရှိလာတော့မယ့် သူ့ရဲ့ သီချင်းအယ်လ်ဘမ် နာမည်ကို “Man of the Woods” လို့ နာမည်ပေးတာနဲ့ ပတ်သက်ပြီး အဲဒီ နာမည်ဟာ အမေရိကန် ကျေးလက်ဂီတ တေးအယ်လ်ဘမ် နာမည်နဲ့ ဆင်တူနေတယ်လို့ ပြောလာတဲ့ ပရိသတ်တွေရဲ့ Message တွေအပေါ် Justin က ဟာသနှောပြီး ပြန်လည် ပြောဆိုလိုက်ပါတယ်။

“ကျနော့်သီချင်း အယ်လ်ဘမ် နာမည်ကို သားလေးအတွက် ရည်ရွယ်ပြီး ပေးလိုက်တယ်။ သူ့နာမည်ရဲ့ အဓိပ္ပါယ်က “တောအုပ်ကြီး” လို့ အမည်ရပါတယ်။ ဒါကြောင့် ကျနော့်ကို ကျေးလက်တေးအယ်လ်ဘမ် လုပ်နေတယ်လို့ မပြောကြပါနဲ့တော့ဗျာ။ ကျနော် အခုတော့ ကျနော့် မွေးနေ့အကြောင်းကိုပဲ ခံစားနေတာပါ” လို့ Justin Timberlake က သူ့ရဲ့ Instagram မှာ တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ကနေ ပြောပါတယ်။

အဆိုတော် Justin Timberlake / AFP

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အသက် ၃၇ နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ Justin က အဲဒီ ဗီဒီယိုတင်ပြီး နာရီအနည်းငယ် ကြာပြီးတဲ့အခါ သူရဲ့ “Montana” လို့ အမည်ရတဲ့ သီချင်းအသစ်ကို Instagram မှာ ဗီဒီယို အမြည်း တင်ခဲ့ပါတယ်။

အဆိုပါ “Montana” ဗီဒီယိုထဲမှာ သူက လာမယ့် ဖေဖော်ဝါရီလ ၄ ရက်မှာ ပြုလုပ်မယ့် အမေရိကန်ဘောလုံး နောက်ဆုံး ဗိုလ်လုပွဲနားချိန် ဖျော်ဖြေမှုအတွက် ပြင်ဆင်နေရင်း မင်နီဆိုးတားပြည်နယ်၊ မင်နီပိုလစ်မြို့မှာရှိတဲ့ U.S. Bank အားကစားကွင်းထဲမှာ ကခုန်၊ သီဆိုနေတာ တွေ့ရပါတယ်။

Justin ကတော့ သူဟာ ကျေးလက်ဂီတသီချင်းကို မဖန်တီးနေဘူးလို့ ပြောခဲ့ပေမယ့် တချို့သီချင်းတွေမှာ ကျေးလက်ဂီတ သံစဉ်တွေ ပါရှိတယ်လို့ မကြာသေးခင်ပဲ ပြောခဲ့ပါသေးတယ်။

Ref : Contactmusic.com

The post သားလေးအတွက် ရည်ရွယ်ပြီး အခွေနာမည်ပေးတဲ့ အဆိုတော် Justin Timberlake appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)