Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ခင်ပွန်းဖြစ်သူကို အားပေးဖို့ ၂၀၁၈ ဂရမ်မီဆုပေးပွဲ ဘီယွန်ဆေး တက်မှာလား

$
0
0

ပြီးခဲ့တဲ့နှစ်က ဖေဖော်ဝါရီလ နောက်ပိုင်းကစလို့ ရှိုးပွဲဖျော်ဖြေမှုတွေကို ရပ်နားထားခဲ့တဲ့ အဆိုတော် ဘီယွန်ဆေးဟာ ဒီ ရက်သတ္တပတ်အကုန်ပိုင်းမှာ ကျင်းပမယ့် ၂၀၁၈ ခုနှစ်အတွက် ၆၀ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကို တက်ဖို့ သေချာ လောက်တယ်လို့ US Weekly က အတည်ပြု ရေးသားလိုက်ပါတယ်။

“ပွဲတက်ဝတ်စုံ မှာပြီးပါပြီ။ အဲဒါမို့ သူဟာ ဂျေးနဲ့အတူ တနင်္ဂနွေပွဲတက်ဖို့ သေချာနေပါတယ်” ဟု သတင်းရင်းမြစ်တခုက US Weekly ကို ပြောဆိုပါတယ်။

နောက်ထပ်သတင်းရင်းမြစ်တခုက အတည်ပြုရာမှာ ဂရမ်မီဆန်ခါတင်စာရင်းမှာ 4:44 တေးအယ်လ်ဘမ်နဲ့ တစ်ပြေးနေတဲ့ သူမရဲ့အမျိုးသား ဂျေဇက်ကို အားပေးဖို့ ဘီယွန်ဆေးက ပွဲတက်ဖြစ်မှာလို့ ဆိုပါတယ်။ သူမရဲ့အမျိုးသားရက်ပ်ပါကြီးဟာ အခုအခါမှာ ဂရမ်မီဆုရဖို့ ဆန်ခါတင်စာရင်းရဲ့ထိပ်တန်းမှာ ဦးဆောင်နေသလို တဖက်ကလည်း လာမယ့် တနင်္ဂနွေမှာ ဂျေဇက်ဟာ စင်ပေါ်မှာ အရွေးခံသူအဖြစ် ရှိနေမှာ မဟုတ်ပါဘူးလို့လည်း ဘေလ်ဘုတ် ကလည်း ဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် ၅၉ ကြိမ်မြောက်ဂရမ်မီပေးပွဲမှာ ဘီယွန်ဆေးဟာ သူမရဲ့ Lemonade အယ်လ်ဘမ်မှ တေးသီချင်းများဖြင့် သရုပ်ဖော်တင်ဆက်ခဲ့ပါတယ်။ အဲဒီ ဖျော်ဖြေမှုဟာ သူမအနေနဲ့ အမြွှာကိုယ်ဝန်ဆောင်ပြီး နောက်ပိုင်း ပထမဆုံး ဖျော်ဖြေတင်ဆက်မှုလည်း ဖြစ်ပါတယ်။

ယခုနှစ်အတွက် အလားတူ သရုပ်ဖော်တင်ဆက်မယ့်သူတွေကိုတော့ ဇန်နဝါရီလ ၄ ရက်နေ့က ကြေညာခဲ့ရာမှာ သူမ ပါဝင်ခဲ့ခြင်းမရှိတော့ပါဘူး။

မီးဖွားပြီးရင် ဖျော်ဖြေတင်ဆက်မှုများ ပြန်လည်ပြုလုပ်မယ့်အကြောင်း ဘီယွန်ဆေးက ယခုလ အစောပိုင်းမှာ ကြေညာခဲ့ပြီး ဧပြီလမှာ ကျင်းပမယ့် Coachella ဂီတပွဲတော်မှာ အမ်မီနမ်(Eminem)၊ ဝိခ်အန့်(The Weeknd) တို့နဲ့ တွဲဖက်ဖျော်ဖြေဖို့ ရှိပါတယ်။ သူမဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက နောက်ဆုံးဖျော်ဖြေမှုအပြီးမှာ ဂီတပွဲတော်တွေကို ဆိုင်းငံ့ထားခဲ့ဖြစ်ပြီး ရင်သွေးငယ်နှစ်ဦးဖြစ်တဲ့ ရူမီနှင့်ဆာတို့ရဲ့ ကိုယ်ဝန်ကိုလွယ်ရင်း စောင့်နေခဲ့ရတာပါ။

ဘီယွန်းဆေးနဲ့ ဂျေဇက်တို့ ဇနီးမောင်နှံဟာ ပါရီမြို့မှာ ၂ဝဝ၈ ခုနှစ်၊ ဧပြီလက အကြောင်းပါခဲ့တာ ဖြစ်ပြီး အခုဆိုရင် သမီးကြီးဖြစ်သူ ဘလူးအိုင်ဗေးတောင် ငါးနှစ်အရွယ်ရှိပါပြီ။

အကြိမ် ၆၀ မြောက် ဂရမ်မီဆုပေးပွဲကို နယူးယောက်မြို့၊ မက်ဒီဆင်ရင်ပြင်ပန်းခြံမှာ ဇန်နဝါရီလ ၂၈ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီပွဲကို CBS ရုပ်သံလိုင်းမှ ဒေသစံတော်ချိန် ည ၇ နာရီ ခွဲကနေ ၁၁ နာရီအထိ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာပါ။

The post ခင်ပွန်းဖြစ်သူကို အားပေးဖို့ ၂၀၁၈ ဂရမ်မီဆုပေးပွဲ ဘီယွန်ဆေး တက်မှာလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ