Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဦးနဲ့ သမီးခေတ်ကို တကယ်ရောက်ပြီလား

$
0
0

ကာလသားကြိုက် ဝက်ဘ်ဆိုဒ်တခုဖြစ်တဲ့ xHamster ရဲ့ Trend Report 2018 မှာ ဖော်ပြချက်အရ အရင်နှစ်က ၎င်းတို့ဆိုဒ်တွင် အမေရိကန်အမျိုးသမီးတွေရှာဖွေမှု အများဆုံး စကားလုံးက Daddy (ဦးဦး) ဖြစ်တယ်လို့ သိရပြီး ဒါဟာ ယခုနှစ်ပိုင်းအတွင်း အမျိုးသမီးထုအနေနဲ့ အသက်ကြီးပိုင်း အမျိုးသားတွေကို စိတ်ဝင်စားမှု သိသိသာသာ မြင့်တက်လာခြင်း ဖြစ်တယ်လု့ိ ဆိုပါတယ်။

လိင်မှုရေးရာပညာရှင် Vanessa Marin ကတော့ အခုလို အမျိုးသမီးထု နှစ်သက်မှု များလာတဲ့ စကားလုံး Daddy ဟာ သူတို့ သဘောကျတဲ့ ဦးဦးအရွယ် သက်ကြီးပိုင်းတွေကို ဆိုလိုတာ ဖြစ်ပြီး ဖခင်တွေကို ဆိုလိုတာ မဟုတ်ဘူးလို့ ရှင်းပြပါတယ်။ အများစုဆိုလိုတာက သူတို့ရဲ့ သူဌေးတွေ၊ အထက်အရာရှိတွေ၊ အားကိုးရသူတွေ၊ အထင်ကြီးရသူတွေကို ဆိုလိုတာဖြစ်ပြီး အသက်အရွယ်အရတော့ သူတို့ထက် ပိုုကြီးတဲ့ ဦး အရွယ်တွေ ဖြစ်တယ်လို့ Brodaly ကို ရှင်းပြတာ တွေ့ရပါတယ်။

ဆက်လက်ပြီး သူမက ကာလသားကြိုက် ဆိုဒ်တွေမှာ ရုပ်သံရှာဖွေမှုကို Daddy လို့ ရိုက်နှိပ်ရှာဖွေမှု ရှိနိုင်ပေမယ့် အမှန်တကယ်တော့ အပြင်လက်တွေ့ဘဝမှာ မိန်းကလေးတွေက သူတို့ နှစ်သက်တဲ့ သက်ကြီးပိုင်းတွေကို Daddy လို့ မခေါ်ကြောင်း ပြောပါသေးတယ်။ အမျိုးသမီး ၇၀ ရာခိုင်နှုန်းကျော်က သူတို့ရဲ့ ချစ်သူ ဦးဦးတွေကို Daddy လို့ မခေါ်ကြဘူးလို့ သူမက ခန့်မှန်းပြောဆိုပါတယ်။ တကယ်ကလည်း Daddy(ဖခင်)ဆိုတဲ့ စကားလုံးက သမီးနဲ့ ဖခင် အကြား အခေါ်အဝေါ်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် နာမည်ကျော် ကာလသားကြိုက် ဆိုဒ်ကြီးတခုဖြစ်တဲ့ Pornhub ကလည်း သက်ကြီးပိုင်း အမျိုးသားတွေနဲ့ ပတ်သက်တဲ့ ရုပ်သံတွေဟာ အခုနှစ်ပိုင်းမှာ အမျိုးသမီးထုအကြား လူကြိုက် အရမ်းများတယ်လို့ ဆိုပြန်ပါတယ်။ သူတို့ရဲ့ ဖော်ပြချက်မှာဆိုရင် သက်ကြီးပိုင်း အမျိုးသားတွေနဲ့ ပတ်သက်ပြီး ရှာဖွေမှုများနေကြောင်းနဲ့ ရှာဖွေမှုအတွင်း ပုံစံ၊ အနေအထား(အသားညိုညို၊ ဆံပင်ရှည်ရှည် စသဖြင့်)တွေကိုပါ ရွေးချယ် ရှာဖွေမှုတွေရှိတယ်လို့ ဆိုပါတယ်။

ဒါဆိုရင်တော့ ခေတ်က အဆိုတော် တွံတေး စိုးအောင် ဆိုသလိုများ ဦးနဲ့ သမီးခေတ်ကို တကယ်ရောက်ပြီလား ဆိုရတော့မှာပါ။

အခုလို အမျိုးသမီးတွေရဲ့ ဦးအရွယ် ချစ်သူတွေ၊ ရုပ်သံတွေကို ရှာဖွေလာမှုနဲ့ ပတ်သက်ပြီး လေ့လာသူ တချို့ကလည်း ဖခင် အရွယ် အမျိုးသားတွေကို ဘယ်လိုကြောင့် စိတ်ဝင်စားသလဲ မသိသေးဘူးလို့ ဆိုပါတယ်။

လိင်မှုရေးရာကျွမ်းကျင်သူ ဒေါက်တာ Nikki Goldstein ကတော့ တချို့ မိန်းကလေးတွေက အဖေလို့ ဆိုလိုခြင်း မဟုတ်ပေမယ့် သူတို့ထက် အသက်ကြီးတဲ့ ချစ်သူတွေကို လိုချင်တယ်။ နှစ်သက်တယ်။ အခေါ် အပြော မှာလည်း Daddy (ဦးဦး)လို့ပဲ ခေါ်ချင်တယ်။ ဒါက သူတို့အနေနဲ့ ကိုယ့်ကိုယ်ကို ငယ်ချင်တယ်။ ချစ်သူအပေါ် ဆိုးချင်၊ နွ့ဲချင်တဲ့ သဘောနဲ့ ခေါ်တာ ဖြစ်ပါတယ်လို့ ရှင်းပြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ မိန်းကလေးတွေက သူတို့ထက် အသက်ကြီးသူ၊ ပိုတော်ပိုတတ် ထက်မြတ်သူ၊ လွှမ်းမိုးမှုရှိတဲ့ ဦး အရွယ် အမျိုးသားတွေကို နှစ်သက်မှု ပိုလာတာတော့ အမှန်ပါ။ အထူးသဖြင့်တော့ သူတို့ရဲ့ စိတ်ထဲမှာ ကာကွယ်ပေးနိုင်မှုရော လိုက်လျောပျော်ရွှင်အောင် ထားနိုင်မှု အပိုင်းမှာပါ ဦး အရွယ်တွေက ပိုပြီး ကောင်းမွန်မယ်လို့ ယူဆလာကြတာလည်း ဖြစ်ပါတယ်။

လက်တွေ့ အပြင်မှာလည်း ဦးနဲ့ သမီး ဇာတ်လမ်းတွေ အများကြီး ရှိနိုင်ပေမယ့် အခုတော့ အင်တာနက်လို နေရာကနေ ဦးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ ရှာဖွေမှု မြင့်တက်လာတာကတော့ ငြင်းလို့ မရတော့ပါဘူး။ ကာလသားကြိုက် ရုပ်သံတွေမှာ ဦးလို့ဆိုလိုက်တာနဲ့တင် မိန်းကလေးတွေက ရင်ခုန်ခံစားမှု ရှိလာတယ်လို့ ဒေါက်တာ နစ်ကီက ဆက်ပြောပါတယ်။

လူတွေရဲ့ အကျင့်တခုက မိမိ မသိ၊ မခံစားဖူးတဲ့ အရာတွေကို သိချင်၊ စူးစမ်းချင်ကြပါတယ်။ ရွယ်တူအချင်းချင်း ထိတွေ့ဆက်ဆံမှုတွေက သမားရိုးကျ ဖြစ်လာပြီး အခုလို ဦး အရွယ်တွေက ဘယ်လိုလဲ ဆိုတဲ့ စိတ်မျိုး ဖြစ်တည်လာမှုကနေ အမျိုးသမီးတွေအကြား စိတ်ဝင်စားမှု မြင့်တက်လာတာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ အသက်အရွယ် ကွာခြားမှုအရ မဖြစ်သင့်ပါဘူး။ ဒါပေမယ့် မလုပ်နဲ့ ဆိုတာကို လုပ်ချင်ကြတာ လူတွေရဲ့ သဘာဝပါပဲလို့ ဒေါက်တာ နစ်ကီက ဆက်ပြောပါတယ်။

ဒီလို ဦးနဲ့ သမီး ဇာတ်လမ်းတွေ စိတ်ဝင်စားမှုများလာခြင်းကလည်း တချို့ မိန်းကလေးတွေဆီကနေ သူတို့ရဲ့ ချစ်သူ(ဦးဦး)တွေက ဘယ်လို ချိုသာ၊ ချစ်ခင်ဖို့ ကောင်းကြောင်း ဆိုတာ တဆင့်စကားနဲ့ ပျံ့နှံ့လာပြီး အခုလို အင်တာနက်မှာ ရှာဖွေမှုတွေ၊ ဇာတ်လမ်းတွေ ကြည့်ရှုမှု များလာတာဖြစ်နိုင်တယ်လို့ ဒေါက်တာ နစ်ကီက ခန့်မှန်းထားပါတယ်။ ယခု အကြောင်းအရာဟာ အမေရိကန် နာမည်ကျော် သတင်းစာ New York Post မှာပါ ထည့်သွင်းဖော်ပြမှုနဲ့ အတူ ကမ္ဘာတလွှားကပါ စိတ်ဝင်စားမှုပိုလာနေတာပါ။

www.maxim.com တွင် ဖော်ပြထားတဲ့ Daddy is the new milf, and younger women can’t get enough of older guys ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post ဦးနဲ့ သမီးခေတ်ကို တကယ်ရောက်ပြီလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ