Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပျော်အောင် ဗီဒီယိုတွေတင်ဖြစ်တာပါလို့ဆိုတဲ့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)

$
0
0

ယခုလတ်တလောအတွင်း လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် လူကြည့်များပြီး ပြန်လည်မျှဝေသူအများအပြားဖြစ်နေတဲ့ မိတ်ကပ်ဖန်တီးရှင် ညီညီမောင်(စမ်းချောင်း) ရဲ့ ဟာသ ဗီဒီယိုဖိုင်များဟာ သူစိတ်ညစ်တဲ့အခါမျိုးတွေမှာ ပျော်အောင်တင်ဖြစ်တာပါလို့ ဧရာဝတီကို ပြောပါတယ်။

“သုသုက စိတ်ညစ်တဲ့အခါကျရင် ပျော်အောင်လို့ ဗီဒီယိုဖိုင်လေးတွေ ရိုက်ရိုက်ပြီးတင်တာပါ။ အခုတင်ထားပြီးတဲ့ ဗီဒီယိုလေးတွေက သူငယ်ချင်းနဲ့ ရိုက်ထားတာပါ။” လို့ ညီညီမောင်(စမ်းချောင်း) က ပြောပါတယ်။

သူ့ကိုယ်သူ သုသုလို့ သုံးနှုန်းပြောဆိုလေ့ရှိတဲ့ ညီညီမောင်(စမ်းချောင်း) က သူတင်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲတွင် သူနဲ့အတူ ပါဝင်ခဲ့သူ အမျိုးသားဟာ သူ့ရဲ့သူငယ်ချင်းဖြစ်ကြောင်းနဲ့ ပရိသတ်တွေကို ပျော်ရွှင်အောင်လို့ ရိုက်တင်ပေးတာလည်း ဖြစ်ကြောင်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာလည်း ညီညီမောင် (စမ်းချောင်း)က လိင်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှု ခံယူတော့မယ်လို့ ပြောဆိုခဲ့တာရှိပေမယ့်လည်း နှလုံးသွေးကြောကျဉ်းရောဂါရှိတာကြောင့် ပြုလုပ်ရခြင်းမရှိသေးဘဲ ၂၀၁၈ ခုနှစ်အတွင်းမှာမှ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မျက်နှာပေါ်က အစိတ်အပိုင်းတချို့နှင့် ရင်သားခွဲစိတ်မှုကိုသာ ပြုလုပ်ထားပြီး သိသိသာသာလှလာတာကိုလည်း တွေ့ရပါတယ်။

ညီညီမောင်(စမ်းချောင်း) ဟာ လက်ရှိမှာ ချစ်သူဖြစ်သူ ဒီဇိုင်နာ Zippy (စိုးရာဇာ) နဲ့ ဘဝကို အတူဖြတ်သန်းနေပြီး နှစ်ဖက်မိဘများကလည်း လက်ခံကြည်ဖြူထားကြတယ်လို့ သိရပါတယ်။

သူ့ရဲ့ချစ်သူနဲ့အတူ King & Queen လို့ အမည်ပေးထားတဲ့ ယောင်္ကျားလေးနဲ့ မိန်းကလေး ဆင်တူစီးနိုင်တဲ့ ကတ္တီပါဖိနပ်များကိုလည်း ရောင်းချလျက်ရှိပါတယ်။

မိတ်ကပ် ညီညီမောင် (စမ်းချောင်း)ရဲ့ ဖေ့စ်ဘုတ်တွင် လူကြိုက်များနေတဲ့ ဟာသ ဗီဒီယိုအတိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

ကိုကို သုသု ကိုခ်စ္လား❤️

Posted by Nyi Nyi Maung on Monday, January 8, 2018

The post ပျော်အောင် ဗီဒီယိုတွေတင်ဖြစ်တာပါလို့ဆိုတဲ့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ