Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“လူကြီးလူကောင်းများ” ရုပ်ရှင်အတွက် ဝိတ်အနည်းငယ်ချမယ်ဆိုတဲ့ လွင်မိုး

$
0
0

မြန်မာရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်(The Eye Movie Production) မှ ထုတ်လုပ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးမယ့် “လူကြီးလူကောင်းများ”ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင် သရုပ်ဆောင်ရန်အတွက် ဝိတ်နည်းနည်းချပြီး ပါးတွေကို ပိန်အောင်လုပ်ရမယ်လို့ သရုပ်ဆောင် အကယ်ဒမီလွင်မိုးက ပြောပါတယ်။

“ဒီကားရိုက်ဖို့အတွက်က စတိုင်ကတော့ ဒီစတိုင်ပဲ၊ ဝိတ်ကလည်း ဒီအတိုင်းပါပဲ။ ဝိတ်တော့ နည်းနည်းချရမယ်။ ပါးတွေဘာတွေပိန်သွားအောင်လို့” ဆိုပြီး လွင်မိုးက ပြောပါတယ်။

အဆိုပါ လူကြီးလူကောင်းများ ရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီ လွင်မိုး၊ အကယ်ဒမီ လူမင်း ၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ စိုးမြတ်သူဇာ တို့က အလှမယ်လေးဦးတို့နဲ့အတူ ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ လူကြီးလူကောင်းများအဖြစ် ဟန်ဆောင်ထားကြတဲ့ လူကြီးလူကောင်းလေးဦးရဲ့ လိမ်လည်မှုများကို အလှမယ်လေးဦးတို့က ဖော်ထုတ်သွားမယ့် ဇာတ်ကားပုံစံမျိုးရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အကယ်ဒမီလွင်မိုးအနေနဲ့ ရုပ်ရှင်များပြန်လည်ရိုက်ကူးလာတာကို တွေ့ရတဲ့အတွက် ဆက်လက်ပြီးတော့လည်း အခုလို ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးသွားဖို့ရှိဦးမလားဆိုတော့ “ရုပ်ရှင်က ဆက်တိုက်တော့ မရိုက်ဖြစ်ပါဘူး။ ဟိုတလောက ရိုက်တဲ့ “ဒယ်ဒီဖားကင်” ကားရိုက်ဖြစ်တာကတော့ ကိုဇာဂနာ နေမကောင်းဖြစ်နေတဲ့အတွက် ကျနော့်ကို လာငှားတာရယ်၊ ငယ်ငယ်ကတည်းက လက်တွဲခဲ့တဲ့ သူငယ်ချင်းတွေ ပါဝင်တာရယ်၊ ထုတ်လုပ်သူနဲ့လည်း ရင်းနှီးနေတာရယ်ကြောင့် ကူညီပေးတာပါ။ လုံးလုံးလျားလျားကြီး ရိုက်ဖို့အတွက်က ဒီခေတ်အချိန်အခါနဲ့ ကိုယ်လုပ်ချင်တဲ့ပုံစံနဲ့က မလွယ်ပါဘူး” လို့ ဆိုပါတယ်။

“လူကြီးလူကောင်းများ” ရုပ်ရှင်ဇာတ်ကားဟာ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက်(The Eye Movie Production)က ထုတ်လုပ်ရိုက်ကူးပြီး အကယ်ဒမီလွင်မိုးအနေနဲ့ ပါဝင်ရိုက်ကူးဖြစ်တဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

 

The post “လူကြီးလူကောင်းများ” ရုပ်ရှင်အတွက် ဝိတ်အနည်းငယ်ချမယ်ဆိုတဲ့ လွင်မိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ