Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အမေအားလုံးကို ကိုယ်စားပြုတဲ့ “ထာဝရအမေ” ရုပ်ရှင်ဇာတ်ကား

$
0
0

အသည်းအထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်ဝင်းရဲ့ ဝတ္ထုကို ဇာတ်ညွှန်း မိုးနီလွင် ရေးသားပြီး ထပ်ဆင့် အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင် ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပြန်လည်ပုံဖော်ရိုက်ကူးထားတဲ့ “ထာဝရအမေ” ရုပ်ရှင် ဇာတ်ကားကြီးကို ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။

“ထာဝရအမေ” ရုပ်ရှင်ကားကြီးက ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးဖြစ်တာကြာပြီဖြစ်တဲ့ ထပ်ဆင့် အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင် ပြန်လည်ရိုက်ကူးတဲ့ ဇာတ်ကားကောင်းတကားဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံမှာ ရိုက်ကူးပြသမှု ရှားပါးတဲ့ အတ္ထုပတ္တိ ရုပ်ရှင်ဇာတ်ကား အမျိုးအစားလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းက ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း(အသည်း)ရဲ့ ဖြတ်သန်းခဲ့တဲ့ ဘဝတလျှောက် သူ့မိခင်အကြောင်းတွေကို အဓိက အသားပေး ပုံဖော် ရိုက်ကူးထားပြီး ဒေါက်တာခင်မောင်ဝင်း ဖြတ်သန်းခဲ့တဲ့ ငယ်ဘဝ အချိန်ကာလများဆီက ၁၉၅၅ ခုနှစ်၊ ၁၉၇၅ ခုနှစ်ကနေ ယခုလက်ရှိ ခေတ်အချိန်အထိ ဇာတ်လမ်းကို အစအဆုံး ဆွဲခေါ်ကာ စနစ်တကျ ပုံဖော် ရိုက်ကူးထားတာ တွေ့ရပါတယ်။

ဒီဇာတ်ကားကြီးအတွက် ဒါရိုက်တာ စင်ရော်မောင်မောင်က အချိန် ၃ နှစ်ခန့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ဇာတ်ကားအတွက် ကုန်ကျစရိတ်ငွေ သိန်းပေါင်း ၃၀၀၀ ကျော် အကုန်ခံ ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို English Subtitle စာတမ်းထိုးထားပြီး နိုင်ငံတကာမှာပါ ပြသသွားမယ်လို့လည်း သိရပါတယ်။

“ထာဝရအမေ” ဇာတ်ကားမှာ ဒေါက်တာခင်မောင်ဝင်းအဖြစ် အကယ်ဒမီ နေတိုး၊ သူ့ ဇနီးအဖြစ် အကယ်ဒမီ ဝတ်မှုန်ရွှေရည်၊ အဓိက ဇာတ်ကောင် ဒေါက်တာခင်မောင်ဝင်းရဲ့ မိခင်အဖြစ် ထပ်ဆင့်အကယ်ဒမီ မေသန်းနု၊ ဖခင်အဖြစ် ထပ်ဆင့်အကယ်ဒမီ ရဲအောင်တို့က ပီပီပြင်ပြင် သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

ဇာတ်လမ်းက လက်ရှိအချိန် ဒေါက်တာခင်မောင်ဝင်းမှ သူ့ငယ်ဘဝ ဖြတ်သန်းခဲ့တဲ့ အတိတ်အကြောင်း တွေ၊ ငယ်စဉ်က မိသားစုအကြား အဖြစ်အပျက် အမှတ်ရစရာတွေ၊ သူ့မိခင်ရဲ့အကြောင်းတွေကို တပည့်ဖြစ်သူ ဆရာဝန်လေးအား ပြန်လည်ပြောပြတဲ့ပုံစံနဲ့ ဇာတ်လမ်းကို အစအလယ်အဆုံး ဆွဲခေါ်သွားပါတယ်။

ငယ်စဉ်အခါက အစိုးရ ရဲဝန်ထမ်းတဦးဖြစ်တဲ့ ဖခင်ဖြစ်သူနဲ့ သူတို့မိသားစု မင်္ဂလာဒုံ အစိုးရတပ်ထဲမှာနေပြီး ဖြတ်သန်းခဲ့တဲ့ ငယ်ဘဝအကြောင်းအရာတွေ၊ ဖခင် ပင်စင်ယူသွားတော့ ရန်ကုန်ကနေ မိခင်ရဲ့ ဇာတိနယ်မြေ ဝမ်းတွင်းမြို့ကို ရထားစီးပြီး သားအမိတွေ သွားခဲ့ကြတာတွေ ဇာတ်လမ်းမှာ ပုံဖော်ရိုက်ကူးထားပါတယ်။

ငယ်ဘဝနဲ့ အတိတ်ကာလများကို ရိုက်ကူးထားရာမှာလည်း အဲဒီခေတ်အခါက အသုံးပြုခဲ့တဲ့ ရေနွေးငွေ့ မီးရထားကြီးတွေ၊ ဘူတာရုံတွေ၊ အဲဒီခေတ်က ဝတ်စားဆင်ယင်ပုံတွေ၊ ပိုက်ဆံ ငွေကြေး ၁၀ တန်၊ ၁၀၀ တန် စသဖြင့် အဲဒီခေတ်အခါက အသုံးပြုခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ကားတွေ၊ လူပုံစံတွေကို အသေးစိတ် သေချာပြင်ဆင် ရိုက်ပြထားတာ တွေ့ရပါတယ်။

ဇာတ်ကားမှာ အသက်ဝင်ဆုံးက အဓိကသရုပ်ဆောင် ထပ်ဆင့် အကယ်ဒမီ မေသန်းနုရဲ့ ခေတ်ကာလ တခေတ်ပြီး တခေတ် ပြောင်းသွားချိန်မှာ သားသမီးတွေ တယောက်ပြီး တယောက် ပညာတွေတတ်၊ အရွယ်တွေ ရောက်သွားပြီး ပီပီပြင်ပြင် သရုပ်ဆောင်ပြသွားတဲ့ အမေတယောက်ရဲ့ သရုပ်ဆောင်မှုပြကွက်တွေပါ။

ငယ်စဉ်က မိသားစု ထမင်းဝိုင်းမှာ သားသမီးတွေကို ဆိုဆုံးမပုံ၊ သားသမီးတွေ အရွယ်ရောက်လာတဲ့အခါ ပညာတတ်ဖြစ်ဖို့ မိခင်တယောက်အနေနဲ့ ရုန်းကန်ရပုံ၊ တတိယသားဖြစ်သူ ခင်မောင်ဝင်း တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၃ ဘာသာနဲ့ အောင်မြင်တဲ့အခါ အပျော်လွန်ပြီး လမ်းမှာ တရွာလုံးကို ပတ်ကြွားပုံ စတဲ့အခန်းတွေမှာ ရင်ထိထဲအောင် သရုပ်ဆောင် ပြသွားတာ တွေ့ရပါတယ်။

မိခင်တယောက်ရဲ့ သားသမီးတွေအပေါ်ထားတဲ့စိတ်၊ စိုးရိမ်ပူပန်ပေးတဲ့စိတ်၊ သားသမီးတွေ ပညာတတ်ဖို့ကလွဲပြီး ကျန်တာဘာမှ အရေးမကြီးဘူးဆိုတဲ့ အမေတယောက်ရဲ့ မိခင်ပီသတဲ့ မိခင်စိတ်တွေဟာ ဒေါက်တာခင်မောင်ဝင်းရဲ့ မိခင်တဦးတည်းသာမကဘဲ ကမ္ဘာပေါ်က အမေအားလုံးကို ကိုယ်စားပြုနေသလို ခံစားရပါတယ်။

“အမေ ရွှေလည်းမလိုဘူး၊ ငွေလည်း မလိုဘူး။ အမေ့ သားသမီးတွေရဲ့ ဘွဲ့ဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကြီးတွေ ဧည့်ခန်းမှာချိတ်ပြီး ဒါဟာ အမေ့သား၊ အမေ့သမီးလို့ ပြောနိုင်ရင် အမေတော်ပြီ” လို့ ဆိုတဲ့ မိခင်တဦးရဲ့ သားသမီးတွေအပေါ် ထားရှိတဲ့စိတ်၊ မိခင်ပီသတဲ့စိတ်တွေကို အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေနဲ့ အသက်ဝင်အောင် သရုပ်ဆောင်သွားတာ တွေ့ရပါတယ်။

သားသမီးတွေအပေါ် ချစ်ဖို့ ကြိုးစားရင်း ကြိုးစားရင်း နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့မေ့နေတဲ့ အမေက “သားသမီးတွေ ဘယ်နေရာပဲ ရောက်ရောက်၊ ဘယ်နိုင်ငံပဲ ရောက်ရောက်၊ အမေဟာ အမေပဲ၊ ထာဝရအမေ” ဆိုတဲ့ အမေတယောက်ရဲ့ ဘဝအကြောင်း၊ အမေတယောက်ရဲ့ ရုန်းကန်ရပုံတွေကို အဓိပ္ပါယ်ရှိရှိနဲ့ ပီပီပြင်ပြင် ရိုက်ပြသွားတာ တွေ့ရပါတယ်။

လူသားတိုင်း၊ မိဘကိုချစ်တဲ့သူတိုင်း၊ အမေကို တန်ဖိုးထားတဲ့သူတိုင်း သွားကြည့်သင့်တဲ့ ဇာတ်ကားတကားပါ။ အဓိပ္ပါယ်ရှိပြီး အနှစ်သာရရှိတဲ့ အတ္ထုပတ္တိဇာတ်ကားတွေ ကျနော်တို့ နိုင်ငံမှာ ပြသမှုနည်းနေပါသေးတယ်။ ဒီဇာတ်ကားက ဒေါက်တာခင်မောင်ဝင်းရဲ့ဖြစ်ရပ်မှန် သူ့ရဲ့မိခင်အကြောင်းကို ရေးဖွဲ့ထားပေမယ့် ကျနော်တို့အာလုံးရဲ့ အမေတွေနဲ့ တူညီ တိုက်ဆိုင်နေတာကို တွေ့ရမှာပါ။

လောကမှာ သားသမီးတွေအပေါ်ထားရှိတဲ့ အမေတွေရဲ့ စိတ်ဓာတ်နဲ့ ကိုယ့်သားသမီးတွေကို ချစ်တဲ့စိတ်ဟာ သားသမီး ဘယ်အရွယ်ရောက်နေနေ ကလေးလိုပဲ မြင်နေ ချစ်နေတတ်တဲ့ အမေတွေရဲ့ သဘောသဘာဝကို ပီပီပြင်ပြင်နဲ့ သဘာဝကျကျ ရိုက်ပြထားပါတယ်။

“ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၈ ရက်နေ့က စတင်ပြီး ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပြည်၊ ပဲခူး၊ တောင်ငူ၊ မော်လမြိုင်၊ ရွှေဘို၊ မုံရွာ၊ ပခုက္ကူ၊ မိတ္ထီလာ၊ မြင်းခြံ၊ ပြင်ဦးလွင်၊ ပုသိမ်၊ ဘားအံ၊ မြစ်ကြီးနား၊ ထားဝယ်၊ လားရှိုး၊ မြိတ်၊ တောင်ကြီး၊ ရေနံချောင်း၊ ဗန်းမော် စတဲ့ မြို့များမှာ ရုံတင် ပြသနေပြီ ဖြစ်ပါတယ်။

The post အမေအားလုံးကို ကိုယ်စားပြုတဲ့ “ထာဝရအမေ” ရုပ်ရှင်ဇာတ်ကား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ