Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“တာတေကြီး”ဇာတ်ကားက ပထမဆုံးရုပ်ရှင်ကားကြီးပါလို့ဆိုတဲ့ ရွှေသမီး

$
0
0

အနုပညာပျိုးခင်း ၂ ရဲ့ စင်တင်မင်းသမီးတဦးဖြစ်တဲ့ သရုပ်ဆောင် ရွှေသမီးက ယခု ပရိသတ်များ နှစ်ခြိုက် အားပေးနေကြတဲ့ “တာတေကြီး” ဆိုတဲ့ ရုုပ်ရှင်ဇာတ်ကားဟာ သူ့ရဲ့ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ဒီ ကားက ညီမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပေါ့။ အဲဒီကားလေးမှာ အတွေ့အကြုံတွေအများကြီးရတယ်။ ကိုဝိုင်းက အများကြီးသင်ပေးတယ်။ ကိုနေတိုးကလည်း သူနဲ့တွဲပြီးသရုပ်ဆောင်တဲ့အခါ ဘယ်လိုလုပ်ရင် အဆင်ပြေတယ် ဆိုတဲ့ဟာမျိုး သေချာလေး ညီမနဲ့တိုင်ပင်ပြီးတော့မှ သရုပ်ဆောင်တယ်ပေါ့။ အဲဒီကားလေးက ညီမအတွက် အတွေ့အကြုံ တွေ အများကြီးရတယ်။ ကိုနေတိုး သရုပ်ဆောင်တာတွေကိုလည်း အနီးကပ်တွေ့ရတာပေါ့နော်။ အဲဒီအတွက် အရမ်း ဝမ်းသာပါတယ်” လို့ ရွှေသမီးက ပြောပါတယ်။

သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်တဲ့ “တာတေကြီး” ဇာတ်ကားထဲမှာတော့ နန္ဒာဆိုတဲ့ အမည်နဲ့ သရုပ်ဆောင် နေတိုးရဲ့ ချစ်သူကောင်မလေးနေရာက သရုပ်ဆောင်ထားခြင်းဖြစ်ကာ အဲဒီဇာတ်ကားကို ပရိသတ်အများက ကြိုက်နှစ်သက်ပြီး အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။

“တာတေကြီး ကားက ပရိသတ်တွေကြားမှာလည်း ရေပန်းစားတယ်။ အရမ်းကြိုက်ကြတယ်။ ကိုနေတိုးရဲ့ တာတာ ဆိုတဲ့ ဇာတ်ရုပ်ကို ကြိုက်ကြတယ်။ ညီမတို့ရဲ့ တာတေကြီး ဇာတ်ကားကိုအားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး အနုပညာနဲ့ပတ်သက်ပြီးတော့ ရွှေသမီးရဲ့ရည်ရွယ်ချက်ပန်းတိုင်ကို မေးကြည့်တဲ့အခါမှာတော့ “ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေထားတယ်။ အနုပညာအလုပ်၊ အနုပညာလောကမှာက သင်လို့မကုန်နိုင်ပါဘူး။ ကိုယ်လိုချင်တဲ့ ပန်းတိုင်တခုကို ရောက်ပြီဆိုရင်လည်း နောက်ထပ်ပန်းတိုင်တခုကို ရောက်အောင်သွားဖို့က ရှိတယ်။ တခုကို ကောင်းအောင်လုပ်ပြီးသွားရင် နောက်တခုကို ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတာ သိသွားတယ်။ ဒီ အနုပညာအလုပ်ကိုလည်း ကိုယ်လုပ်နိုင်တဲ့ အရွယ်အထိ ကြိုးစားလုပ်သွားမှာပါ” လို့ ရွှေသမီးက ဆိုပါတယ်။

သရုပ်ဆောင် ရွှေသမီးဟာ အနုပညာပျိုးခင်း ၂ မှ ရွေးချယ်ထားတဲ့ သရုပ်ဆောင်မင်းသမီး သုံးဦးအနက်တဦး ဖြစ်ပါတယ်။

The post “တာတေကြီး”ဇာတ်ကားက ပထမဆုံးရုပ်ရှင်ကားကြီးပါလို့ဆိုတဲ့ ရွှေသမီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)