Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

The Flash ဇာတ်လမ်းတွဲ အပိုင်းသစ် iflix မှာ ကြည့်ရှုနိုင်

$
0
0

“Warner Bros” မှ ထွက်ရှိလာတဲ့ နာမည်ကြီး DC Super Hero တီဗွီဇာတ်လမ်းတွဲဖြစ်တဲ့ The Flash ရဲ့ နောက်ဆုံးဇာတ်လမ်းတွဲသစ်ကို U.S ရုပ်သံလိုင်းမှာ ပြသပြီးပြီးချင်း ၂၄ နာရီအတွင်း iflix မှာပါ ကြည့်ရှုနိုင်ပြီလို့ သိရပါတယ်။

အဆိုပါ The Flash ဇာတ်လမ်းတွဲ အပိုင်းသစ်များကို iflix ဝန်ဆောင်မှုကို ရရှိတဲ့နိုင်ငံများဖြစ်တဲ့ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံများမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ “The Flash” ဇာတ်လမ်းတွဲက အပိုင်း ၃ ပိုင်း ထွက်ရှိထားပြီး ယခုအခါ အသစ်ထွက်ရှိလာမယ့် အပိုင်းသစ်က အပိုင်းတွဲ ၄ (Season 4) ပဲ ဖြစ်ပါတယ်။

The Flash ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ

The Flash အပိုင်းတွဲ ၄ ခု မြောက်မှာတော့ Flash အဖွဲ့ဟာ ခြိမ်းခြောက်မှု မှန်သမျှကို Scarlet Speedster မပါဘဲ သူတို့ အကောင်းဆုံး လုပ်ဆောင်ခဲ့ကြပြီး Central မြို့ထဲကို သြဇာကြီးမားတဲ့ ဗီလိန်အသစ် ရောက်လာတဲ့အခါ သူတို့အဖွဲ့ထဲမှာ The Flash တဦးတည်းကသာလျှင် ကယ်တင်နိုင်မှာဖြစ်ကြောင်း သိရှိလာပါတော့တယ်။

The Flash အဖွဲ့က မြို့ကို မပျက်စီးအောင် ကယ်တင်နိုင်တဲ့ သူရဲကောင်း The Flash ကို အရှိန်စွမ်းအားထဲက ပြန်လည် လွတ်မြောက်အောင် သူတို့အဖွဲ့က စီစဉ်ရပါတော့တယ်။ အသစ် ထွက်ရှိလာတဲ့ ဇာတ်လမ်းတွဲမှာ အဓိက စူပါဗီလိန် တယောက်အနေနဲ့ Central မြို့ကို ရောက်ရှိလာသူကတော့ The 100 ဇာတ်လမ်းတွဲထဲက Neli Sandilands ဖြစ်ပါတယ်။

DC ရဲ့ ဗီလိန်အဖြစ် သရုပ်ဆောင်ထားတဲ့ Clifford DeVoe (aka The Thinker) ဆိုတဲ့ စိတ်စွမ်းအားရှင်တဦးဖြစ်တဲ့ “စိတ်အမြန်ဆုံးလူသား”နဲ့ The Flash “အလျင်မြန်ဆုံးလူသား” တို့ အကြား ရန်ပွဲတို့ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။

Warner Bros မှ တီဗွီဇာတ်လမ်းတွဲဖြစ်တဲ့ The Flash ဟာ အမေရိကားမှ လျင်လျင်မြန်မြန် ရောက်ရှိလာတဲ့ နိုင်ငံတကာ ဇာတ်လမ်းတွဲတခုလည်း ဖြစ်ပါတယ်။

The Flash ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ

iflix ဟာ နိုင်ငံတကာ ရုပ်ရှင်၊ ဗီဒီယိုနဲ့ တီဗွီဇာတ်လမ်းတွဲများကို အင်တာနက်မှတဆင့် ဒေါင်းလော့ရယူပြီး သို့မဟုတ် တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ Website & Application ဝန်ဆောင်မှုဖြစ်ပြီး ဖုန်း၊ Laptop, Tablet, TV အပါအဝင် Device များနဲ့ အချိန်နေရာမရွေး ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခု ဖြစ်ပါတယ်။ ယခုအခါ အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတို့မှာရှိတဲ့ နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ လူပေါင်း ၁ ဘီလီယံကျော်က iflix ဝန်ဆောင်မှုကို အသုံးပြုလျက်ရှိတယ်လို့ သိရပါတယ်။

The post The Flash ဇာတ်လမ်းတွဲ အပိုင်းသစ် iflix မှာ ကြည့်ရှုနိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ