Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Facebook ပေါ်မှာ ဝေဖန်ခံရတဲ့အပေါ် ဝမ်းသာဂုဏ်ယူတယ်ဆိုတဲ့ သန္တာလှိုင်

$
0
0

မော်ဒယ်လ် သန္တာလှိုင်က လွန်ခဲ့တဲ့ရက်ပိုင်းက သူမရဲ့ Facebook စာမျက်နှာတွင် ခင်ပွန်းဖြစ်သူကို မနက်စာ ပြင်ဆင်ပေးနေတဲ့ ပို့စ်တခုကို တင်ခဲ့ရာမှ ဝေဖန်ခံရတဲ့အပေါ် ဂုဏ်ယူပြီး ပျော်ပါတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အစ်မပေးလိုက်တဲ့ Message တခုခုကို ပရိသတ်က ဝေဖန်တာပဲဖြစ်ဖြစ် ထောက်ခံတာပဲဖြစ်ဖြစ် တခုခုတုံ့ပြန်လာပြီဆိုရင် အစ်မပြောချင်တဲ့အကြောင်းကို ပရိသတ်တွေက တကယ်ပဲကြားပြီး တကယ်နားထောင်လို့ တုံ့ပြန်တယ်လို့ ယူဆတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ နောက်ပြီးတော့ Troll တွေ တက်လာတော့ပိုပြီးတော့ ပျော်သွားတယ်။ တော်ရုံတန်ရုံလူက Troll လုပ်ခံရတာမဟုတ်ဘူး။ ဒါက တကယ်ကြီးကို လူတွေအာရုံစိုက်လို့ Troll လုပ်ခံရတာဆိုတော့ အဲ့ဒီအတွက်လည်း အရမ်းဂုဏ်ယူပါတယ်” လို့ သန္တာလှိုင်က ပြောပါတယ်။

အဲဒီနေ့က တင်ခဲ့တဲ့ ပို့စ်မှာ မနက်စာ စားရင်း ခင်ပွန်းဖြစ်သူအတွက် မနက်စာပြင်ပေးဖြစ်တာကို တင်ခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်ရေးမှာ မအောင်မြင်ခဲ့ခြင်းများ၊ ကြုံတွေ့ရတဲ့အခက်အခဲများကို ဝေမျှရင်း ဆောင်ရန်၊ ရှောင်ရန်များကို တင်ဖြစ်ခဲ့ခြင်း ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“အဲဒီနေ့က တင်လိုက်တဲ့ပို့စ်လေးမှာလည်း ကိုယ်ကတော့ မနက်စာစားရင်းနဲ့ ကိုယ့်ယောင်္ကျားအတွက် မနက်စာ လုပ်ပေးတာကို တင်လိုက်တာပဲ။ အိမ်ထောင်ရေးမှာ အစ်မကြုံခဲ့ရတဲ့အခက်အခဲမျိုးတွေ အစ်မ မအောင်မြင်ခဲ့တဲ့အရာတွေကို မျှဝေပေးချင်တယ်။ ရှောင်လို့ရတဲ့အရာလေးတွေ ဆောင်ရမယ့်အရာလေးတွေကို မျှဝေပေးတဲ့သဘောပါ။ ကိုယ့်ရဲ့ စေတနာကိုတော့ ပရိသတ်တွေကတော့ နားလည်မှာပါ” လို့ သန္တာလှိုင်က ပြောပါတယ်။

မော်ဒယ်လ် သန္တာလှိုင်က Facebook စာမျက်နှာတွင် “Thandar Hlaing” သန္တာလှိုင်အမည် Page ဖြင့် အိမ်ထောင်ရေးနဲ့ ပတ်သက်သော အကြောင်းအရာများ၊ အလှအပနဲ့ ပတ်သက်သော အကြောင်းအရာများ၊ အမျိုးသမီးများနဲ့ ပတ်သက်သော အကြောင်းအရာများကို တနေ့လျှင် အကြောင်းအရာတခု တင်ဖြစ်အောင်ကြိုးစားလျက်ရှိတယ်လို့လည်း သိရပါတယ်။

မော်ဒယ်လ် သန္တာလှိုင်ဟာ ယခင် အိမ်ထောင်ဖြင့် သားသမီးနှစ်ဦးထွန်းကားခဲ့ပြီး ယခုလက်ရှိ ခင်ပွန်းဖြစ်သူမှာတော့ သူမထက် အသက် ၁၀ နှစ်ငယ်သူဖြစ်ကာ အောက်တိုဘာလ ၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဂျပ်ဆင်ဘုရားကျောင်းတွင် လက်မှတ်ရေးထိုး လက်ထပ်ခဲ့တာဖြစ်ပါတယ်။

The post Facebook ပေါ်မှာ ဝေဖန်ခံရတဲ့အပေါ် ဝမ်းသာဂုဏ်ယူတယ်ဆိုတဲ့ သန္တာလှိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ