Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နိုဝင်ဘာလအတွင်း ရဲတိုက် လွတ်မည်

$
0
0

ယခု နိုဝင်ဘာလ တတိယပတ် ဒါမှမဟုတ် နောက်ဆုံးပတ်တွင် တောင်ငူ အကျဉ်းထောင်မှာ ရောက်ရှိနေတဲ့ သရုပ်ဆောင် ရဲတိုက် ပြန်လည်လွတ်မြောက်လာတော့မှာ ဖြစ်တယ်လို့ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးမှ ကိုရီဇော်က ဧရာဝတီကို ပြောပါတယ်။

“အွန်လိုင်းမှာ ပြောနေကြတဲ့ ဒီလ ၁၄ ရက်နေ့မှာ ရဲတိုက်လွတ်မယ်ဆိုတာ မဟုတ်ပါဘူး။ ကောလဟလပါ။ ရက်ကတေ့ာ သေချာသိလို့မဟုတ်ဘူး။ ကျနော်တို့ခန့်မှန်းတာတော့ ဒီလထဲတော့ လွတ်မယ်။ တတိယပတ်လောက် နောက်ဆုံးပတ်လောက်လွတ်မယ်လို့ ခန့်မှန်းထားတယ်” လို့ သူက ပြောပါတယ်။

ယနေ့ နံနက်က စတင်ကာ လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်လျက်ရှိတဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် သရုပ်ဆောင်ရဲတိုက် လွတ်တော့မယ်ဆိုတဲ့ သတင်းမှာ ကောလဟလ သာဖြစ်ပြီး လွတ်မယ့်ရက်နီးပါက ဆာတိုရုပ်ရှင်ထုတ်လုပ်ရေးမှတဆင့် အသိပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျန်းမာရေးအခြေအနေကတော့ ကောင်းပါတယ်။ လွန်ခဲ့တဲ့ တလ နှစ်လလောက်က အကျဉ်းဦးစီးဌာနက သိရတာ။ သူ့ရဲ့လျော့ရက်တွေကို နေပြည်တော်ကို ပို့ပြီးတော့ အတည်ပြုချက်ယူတယ်ပေါ့။ အဲဒါကြောင့် နိုဝင်လကုန်လောက်မှာ လွတ်နိုင်တယ်ပေါ့။ အကျဉ်းသားအားလုံး ရခွင့်ရှိတဲ့ သာမန်လျော့ရက်နဲ့ နှစ်ပြည့်လို့ လွတ်တဲ့သဘောပါပဲ” လို့ ကိုရီဇော်က ဆက်လက်ပြောဆိုပါတယ်။

သရုပ်ဆောင် ရဲတိုက်ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အနီးတွင် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ဧပြီလ ၇ ရက်နေ့က ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

The post နိုဝင်ဘာလအတွင်း ရဲတိုက် လွတ်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ