Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဇာတ်ရုပ်နှစ်ခုနဲ့ မြင်တွေ့ရမယ့် မအေးသောင်း

$
0
0

တကျော့ပြန် အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်လာပြီးနောက် ပထမဆုံးရုပ်ရှင်ဇာတ်ကားအနေနဲ့ “မုန်းစွဲ” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွင် စိန်ခေါ်မှုများစွာနဲ့ သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သရုပ်ဆောင် အေးဝတ်ရည်သောင်းက ဧရာဝတီကို ပြောပါတယ်။

“ဒီ ကားက ပေါက်စီဇာတ်ကားတွေပြန်ရိုက်တဲ့အခါမှ ပထမဆုံးပြန်ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားလည်းဖြစ်တယ်။ ကာရိုက်တာအရလည်း စိန်ခေါ်မှုဖြစ်တဲ့ ကာရိုက်တာဖြစ်နေတယ်။ ပထမကာရိုက်တာက ယောက်ျားကို အရမ်းချစ်ပြီးတော့ အလိုလိုက်တယ်။ လူသတ်ရင်တောင်ဓားပေးလိုက်မယ်ဆိုတဲ့ မိန်းမမျိုး၊ နောက်ကာရိုက်တာက စိန်ခေါ်မှုပိုကြီးတယ်။ ဘုန်းကြီးကို တဖက်သတ်ကြိုက်ရတဲ့ ဇာတ်ရုပ်ဖြစ်တဲ့အတွက် နည်းနည်းခက်တယ်ပေါ့” လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။

ဒီ ကားထဲမှာတော့ အေးဝတ်ရည်သောင်းက ဘဝ နှစ်ဘဝရဲ့ ဇာတ်ရုပ်နှစ်ခုဖြင့် ပါဝင်သရုပ်ဆောင်ထားပြီး ပထမဇာတ်ရုပ်မှာ ယောက်ျားကို အရမ်းချစ်ပြီး အလိုလိုက်ရတဲ့ ဇာတ်ရုပ်ဖြစ်ကာ ဒုတိယဇာတ်ရုပ်အနေဖြင့် ယခင်ဘဝက အစွဲအလမ်းကြောင့် ယခုဘဝတွင် ဘုန်းကြီးဖြစ်နေတဲ့ ယောက်ျားဖြစ်သူကို တဖက်သတ်သဘောကျရတဲ့ ဇာတ်ရုပ်ဖြင့် ပါဝင်ထားတယ်လို့ သိရပါတယ်။

သရုပ်ဆောင် အေးဝတ်ရည်သောင်း
ယုဖြူဟန်/ဧရာဝတီ

ဘုန်းကြီးကို တဖက်သတ်ကြိုက်ရတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ရမယ့်အပေါ်မှာ အေးဝတ်ရည်သောင်းက “အရင်ဘဝက အစွဲကြောင့် ဘုန်းကြီးကို တဖက်သတ်ကြိုက်တဲ့ကာရိုက်တာအတွက်ကို မြန်မာပရိသတ်ကတော့ Sensitive ဖြစ်မှာပေါ့။ ကိုယ့်မြန်မာတွေက ဘာသာတရားကိုင်းရှိုင်းတဲ့သူ ဒီလိုမျိုးတွေက မရှိဘူးဆိုပြီး လက်ခံ ထားတဲ့အတွက် ဒီဇာတ်ရုပ်နဲ့ ပတ်သက်ပြီးတော့ ကိုယ့်အပေါ်မှာ ချစ်သွားတာ မုန်းသွားတာထက် သူတို့ရဲ့ စိတ်ထဲမှာတမျိုးပဲ ဖြစ်သွားနိုင်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားဟာ ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားခဲ့တဲ့ “အသေလှတဲ့သူ” ဇာတ်လမ်းကို ဒါရိုက်တာ သြရသက “မုန်းစွဲ” အမည်နဲ့ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင်များ အဖြစ် နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်း တို့ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီ ရုပ်ရှင်ဇာတ်ကားဟာ သရုပ်ဆောင် အေးဝတ်ရည်သောင်းအနေနဲ့ မအေးသောင်းဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့အတွက် သေချာပြင်ဆင်ထားပါတယ်လို့ သိရပါတယ်။

The post ဇာတ်ရုပ်နှစ်ခုနဲ့ မြင်တွေ့ရမယ့် မအေးသောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ