Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပလေးဘွိုင်းမဂ္ဂဇင်းမှာ ဖော်ပြခံရတဲ့ လိင်ပြောင်းမော်ဒယ်လ်

$
0
0

ပုရိသတွေအကြိုက်အဖော်အချွတ် မဂ္ဂဇင်းတခုဖြစ်တဲ့ ကမ္ဘာကျော် ပလေးဘွိုင်း မဂ္ဂဇင်းရဲ့ ပရိသတ်အချစ်တော်နေရာအဖြစ် အသက် ၂၆ နှစ်အရွယ် လိင်ပြောင်းလဲထားသူ ပြင်သစ်မော်ဒယ်လ် အင်းနက်စ်ရောလ်ကို ရွေးချယ်လိုက်ပါတယ်။

လိင်ပြောင်းလဲထားသူ မော်ဒယ်လ်များအနက် ပလေးဘွိုင်းမဂ္ဂဇင်းရဲ့ ပထမဆုံး ပရိသတ်အချစ်တော်အဖြစ် ဖော်ပြ ခံရသူလည်း ဖြစ်ပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့မှာ ထွက်ရှိမယ့် နှစ်လတကြိမ်ထုတ် အမေရိကန် အခြေစိုက် ပလေးဘွိုင်းမဂ္ဂဇင်းရဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလထုတ်မှာ ဖော်ပြမှာဖြစ်ပြီး သူ့ရဲ့ အလှဓာတ်ပုံတွေကို အလည်ခေါင်စာမျက်နှာမှာ ဖော်ပြထားတာလည်း ဖြစ်ပါတယ်။

ရောလ်ကို ပလေးဘွိုင်းမဂ္ဂဇင်းရဲ့ လာမယ့်လထုတ်အတွက် အသားပေးဖော်ပြမယ်လို့ ကြေညာတဲ့အတွက် ၆၄ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ ပလေးဘွိုင်းမဂ္ဂဇင်းအတွက် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေရှိခဲ့သလို ရောလ်သည်လည်း ရှုတ်ချတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပလေးဘွိုင်းဟာ ၁၉၆၅ ခုနှစ်ကလည်း ဂျန်နီဂျက်ဆင်ဆိုတဲ့ လူမည်း အမျိုးသမီးတဦးကို ပလေးဘွိုင်းရဲ့ ပထမဆုံး လူမည်းပရိသတ်အချစ်တော်နေရာမှာ ရွေးချယ်ဖော်ပြခဲ့ဖူးလို့ အခုလိုမျိုး ပြင်းထန်တဲ့ဝေဖန်သံတွေ ခံခဲ့ရဖူးပါတယ်။

ပြင်သစ်လူမျိုး အင်းနက်စ်ရောလ်ဟာ ပလေးဘွိုင်းမဂ္ဂဇင်းရဲ့ ၂၀၁၄ ခုနှစ် မေလထုတ်မဂ္ဂဇင်းမှာလည်း Evolution ဆိုတဲ့ ခေါင်းစဉ်နဲ့ လိင်ပြောင်းလဲထားသူများရဲ့ ပြယုဂ်တခုအနေနဲ့ ပထမဆုံး ဖော်ပြခံခဲ့ရဖူးပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ပလေးဘွိုင်းက ပြုလုပ်တဲ့ အင်တာဗျုးမှာလည်း လိင်ပြောင်းလဲမှုကျယ်ပြန့်လာခြင်းနဲ့အတူ သူမရဲ့ဘဝကိုလည်း ပြောင်းလဲပစ်ခဲ့ပြီး ပါဝင်ဖြစ်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

“ကျမက ဒီအခွင့်အရေးကို အရယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် အေဂျင်စီတခုနဲ့ ကျမ စာချုပ်ချုပ်ခဲ့ပါတယ်” လို့ သူမက ဆိုပါတယ်။

လိင်ပြောင်းလဲထားသူကို ပလေးဘွိုင်းကရဲ့ ပရိသတ်အချစ်တော်အဖြစ် ထည့်သွင်းဖော်ပြခဲ့ခြင်းဟာ အခုမှတင်မဟုတ်ပါဘူး။ ကယ်ရိုလင်း ကျူလာကော်စီဆိုသူကို ၁၉၈၁ ခုနှစ်မှာ ပရိသတ်အချစ်တော်အဖြစ် ဖော်ပြခဲ့ဖူးပါတယ်။ ကယ်ရိုလင်းဟာ ဂျိန်းစ်ဘွန်းရုပ်ရှင်ကားတကားဖြစ်တဲ့ “For Your Eyes Only” မှ စတင်ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ထိုစဉ်ကာလက ကယ်ရိုလင်းက သူမရဲ့လိင်ပြောင်းလဲထားတဲ့အကြောင်းကို လူသိရှင်ကြားထုတ်ဖော်မပြောခဲ့ပါဘူး။ လိင်ပြောင်းလဲခွဲစိတ်ပြုပြင်ပြီးနောက် ၁၉၉၁ ခုနှစ်မှာ ကယ်ရိုလင်းဟာ နောက်တကြိမ်သရုပ်ဆောင်ခဲ့ပါသေးတယ်။

ရောလ်က သူ့ကိုယ်သူ ယုံကြည်စိတ်ချမှုအပြည့်နဲ့ “ကျမဟာ လိင်ပြောင်းလဲထားသူပါလို့ ထုတ်မပြောဘဲနဲ့ကို အချိန်အတော်ကြာကြာနေခဲ့ပါတယ်” လို့ ပလေးဘွိုင်းကို ပြောကြားခဲ့ပါတယ်။

“ကျမနဲ့ ချိန်းဆိုခဲ့တာအများကြီးရှိပေမယ့် အခုတော့ မေ့ကုန်ပါပြီ။ တွဲစရာယောက်ျားလေးလည်း အသည်းအသန် မရှာတတ်ပါဘူး။ အဲဒီကိစ္စကို ကံကြမ္မာလို့ပဲမြင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ဘယ်လိုလူစားမျိုးလဲဆိုတာ ထုတ်ပြောရတာ ကျမကြိုက်ပါတယ်။ ကိုယ့်ဖာသာကိုယ် လိင်ပြောင်းလဲထားတာပဲဖြစ်ဖြစ် လိင်တူချစ်သူပဲဖြစ်ဖြစ် အမှန်ကိုထုတ်ပြောဖို့ ဝန်မလေးပါဘူး။ လူတွေက ကိုယ့်ကိုတန်ဖိုးမရှိဘူးမြင်တယ်ဆိုရင် အဲဒီလူတွေဟာ အကြင်နာတရားခေါင်းပါးတဲ့သူတွေပါ။ ကိုယ့်ကိုယ်ကိုပဲ ချစ်တတ်တဲ့သူတွေပေါ့” လို့ ရောလ်က ပြောဆိိုလိုက်ပါတယ်။

Ref: Hollywood reporter/Washington post

The post ပလေးဘွိုင်းမဂ္ဂဇင်းမှာ ဖော်ပြခံရတဲ့ လိင်ပြောင်းမော်ဒယ်လ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ