Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အိမ့်ချစ်ရဲ့ အိပ်မက်ထဲက တကိုယ်တော် ေဖျော်ဖြေပွဲ

$
0
0

နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အဆိုတော် အိမ့်ချစ်ရဲ့ Beyond The Success လို့ အမည်ပေးထားတဲ့ ပထမဆုံး တကိုယ်တော် ဖျော်ဖြေပွဲဟာ သူမရဲ့ အနုပညာသက်တမ်း ၁၃ နှစ်တာ စိတ်ကူးယဉ်ခဲ့ရတဲ့ အိပ်မက်တခု ဖြစ်တယ် လို့ အိမ့်ချစ်က ဧရာဝတီကို ပြောပါတယ်။နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အဆိုတော် အိမ့်ချစ်ရဲ့ Beyond The Success လို့ အမည်ပေးထားတဲ့ ပထမဆုံး တကိုယ်တော် ဖျော်ဖြေပွဲဟာ သူမရဲ့ အနုပညာသက်တမ်း ၁၃ နှစ်တာ စိတ်ကူးယဉ်ခဲ့ရတဲ့ အိပ်မက်တခု ဖြစ်တယ် လို့ အိမ့်ချစ်က ဧရာဝတီကို ပြောပါတယ်။

အိမ့်ချစ်က အဆိုပါ တကိုယ်တော် ဖျော်ဖြေပွဲ စီစဉ်ကျင်းပနိုင်ဖို့ အတွက် အချိန်တွေ အများကြီး ယူခဲ့ရကြောင်း၊ သူမ အဆိုတော် တယောက် အဖြစ် ဝါသနာ ပါခဲ့ကတည်းက အိမ်မက်တခု ဖြစ်ကြောင်းလည်း ပြောပြပါတယ်။

“တချိန်ချိန်မှာ ဒီလို ဖျော်ဖြေပွဲကြီး၊ တယောက်တည်း သီချင်းတွေ အများကြီးနဲ့ ကိုယ့်ကို လာအားပေးမယ့် ပရိသတ်တွေကို ဖျော်ဖြေဖို့ အိမ်မက် ဆိုတာ လွန်ခဲ့တဲ့ ၁ နှစ်က မက်ခဲ့တာလည်း မဟုတ်ပါဘူး ၂ နှစ်က မက်ခဲ့တာလည်း မဟုတ်ပါဘူး၊ သီချင်း စဆိုတဲ့ လွန်ခဲ့တဲ့ ၁၃ နှစ် ကတည်းက မက်ခဲ့ရတာပါ။ အဲဒီတော့ အခု အိမ့်ချစ် ဒီပွဲကို ကျင်းပနိုင်တော့မယ် ဆိုတော့ အရမ်းကို ဝမ်းသာပါတယ်” လို့ အိမ့်ချစ်က ပြောပါတယ်။

အဆိုတော် အိမ့်ချစ်ရဲ့ ပထမဆုံး တကိုယ်တော် ဖျော်ဖြေပွဲ Beyond The Success ကို လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့၊ ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။

ယုဖြူဟန်/ ဧရာဝတီ
ယုဖြူဟန်/ ဧရာဝတီ

အဲဒီ တကိုယ်တော် ဖျော်ဖြေပွဲမှာ အိမ့်ချစ်က သူမ အောင်မြင်ခဲ့တဲ့ သီချင်းများ အပါအဝင် တိမ်မြုပ်နေတဲ့ သီချင်းများ ကိုလည်း ပြန်လည် ဖော်ထုတ်ပြီး သီချင်း အပုဒ်ရေ ၂၅ ပုဒ်ကနေ ၃၀ အတွင်း သီဆိုသွားမယ် လို့ သိရပါတယ်။

အိမ့်ချစ်နဲ့ အတူ “စုံတွဲ သီဆိုဖို့ အတွက်ကတော့ အိမ့်ချစ်က ရက်ပ်သီချင်းတွေနဲ့ တွဲပြီး ပေါက်ခဲ့တာပါ၊ အိမ့်ချစ်က ရက်ပ် မဆိုတတ်ပါဘူး၊ အဲဒီတော့ ကိုရဲလေး၊ ကိုနိုင်းဝမ်း၊ ကိုကျော်ထွဋ်ဆွေ၊ ကိုဟဲလေး၊ အိမ့်ချစ်ရဲ့ ဖေဖေ ဦးချစ်ကောင်းလည်း ပါဝင်သီဆိုပါမယ်” လို့ အိမ့်ချစ်က ပြောပါတယ်။

Beyond The Success ဖျော်ဖြေပွဲ အတွက် လက်မှတ်ဈေးနှုန်းတွေ ကတော့ VVIP ၅ သောင်းကျပ်၊ VIP ၃ သောင်း ကျပ်၊ premium ၂ သောင်းကျပ် နှင့် Free Stand များအနေနှင့် ၅၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

အဆိုပါပွဲ အတွက် VVIP လက်မှတ်များကို ဝယ်ယူသူများ အနေနှင့် အောက်တိုဘာလ ၂၂ ရက်နေ့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲ မတိုင်မီ အနုပညာရှင်များနှင့် အတူ ကျင်းပပြုလုပ်မယ့် Pre Party ပွဲကို တက်ရောက်ခွင့်ရရှိမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ။

The post အိမ့်ချစ်ရဲ့ အိပ်မက်ထဲက တကိုယ်တော် ေဖျော်ဖြေပွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ