Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အသေလှတဲ့သူ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီး

$
0
0

ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတဲ့ “အသေလှတဲ့သူ” ဇာတ်လမ်းကို ဒါရိုက်တာ သြရသက “မုန်းစွဲ” အမည်နဲ့ ရုပ်ရှင်ဇာတ်ကားကြီး အဖြစ် ပုံဖော်ရိုက်ကူးသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတဲ့ “အသေလှတဲ့သူ” ဇာတ်လမ်းကို ဒါရိုက်တာ သြရသက “မုန်းစွဲ” အမည်နဲ့ ရုပ်ရှင်ဇာတ်ကားကြီး အဖြစ် ပုံဖော်ရိုက်ကူးသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

“ဆရာတော် ဟောထားတဲ့ ဖြစ်ရပ်မှန် တရားတပုဒ်ပေါ့၊ ‘ချစ်စွဲ မုန်းစွဲ’ နဲ့ သေပြီးတော့ လူအဖြစ် ဝင်စားတဲ့ အခါမှာ မုန်းစိတ် က အရမ်း စွဲလမ်း နေပြီး မုန်းစွဲစိတ်နဲ့ လူဝင်စား ဖြစ်ပြီး ဒုက္ခများရတဲ့ အကြောင်း၊ အဓိက ကတော့ ချစ်ခြင်း မုန်းခြင်း ကင်းစွာနဲ့ ဘဝကို ရှေ့ဆက်ဖို့ လိုတယ်၊ လက်ရှိ ဘဝရော သံသရာမှာရော ချစ်ခြင်း မုန်းခြင်း ကင်းစွာနဲ့ ဖြတ်သန်းနိုင်ဖို့ လိုတယ်၊ သုံးတာ သုံး မစွဲစေနဲ့ ဆိုသလိုပဲ အစွဲအလမ်း ကြီးရင် လက်ရှိမှာရော သံသရာမှာရော မကောင်းဘူး၊ အမုန်းတရားတွေ ကင်းစင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ” လို့ ဒါရိုက်တာ သြရသက ဧရာဝတီကို ပြောပါတယ်။

အဆိုပါ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကို 7 Sense Film Production က ထုတ်လုပ်မှာ ဖြစ်ပြီး၊ သရုပ်ဆောင်များ အဖြစ် နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်း တို့ ပါဝင်မှာ ဖြစ်တယ် လို့ သိရပါတယ်။

“ကျနော်တို့ ဘက်ကနေ ဆရာတော်ရဲ့ ဇာတ်လမ်းကို ရုပ်ရှင်ဇာတ်ကား အဖြစ် ဖန်တီးမယ် ဆိုတော့ ပြုပြင် ရေးသား ရတာတွေ ရှိတယ်၊ အဲဒီလို ရေးပြီးတော့ ပြန်လည် ရေးသားထားတဲ့ ဇာတ်ညွှန်းကို ဆရာတော်ရဲ့ သဘောထား၊ အမြင်၊ လမ်းညွှန်မှုတွေ ခံယူပြီးတော့မှ ရိုက်ကူးမှာ ဖြစ်ပါတယ်” လို့ ဒါရိုက်တာ သြရသက ပြောပါတယ်။

ဆရာတော် အရှင်ဆန္ဒာဓိက ထံမှ သရုပ်ဆောင် နေတိုး နဲ့ ဒါရိုက်တာ သြရသ တို့ ခွင့်တောင်းပြီး “မုန်းစွဲ” လို့ အမည် ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဂန့်ဂေါမြို့နယ် ဝန်းကျင် ဒေသတွေမှာ နိုဝင်ဘာ ၁ ရက်နေ့က စတင် ရိုက်ကူးမှာ ပါတယ်။ ။

The post အသေလှတဲ့သူ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ