Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

၂ နှစ်ကျော်ကြာ ဝိတ်လျော့ခဲ့တဲ့ ထက်ထက်မိုးဦး

$
0
0

ပရိသတ်အချစ်တော် မင်းသမီး အကယ်ဒမီ ထက်ထက်မိုးဦးကတော့ ၂ နှစ်ကျော်ကြာ အစားလျော့၊ လေ့ကျင့်ခန်းလုပ်ကာ ဝိတ်ချခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ခန္ဓာကိုယ်က ဝိတ်ကျအောင်လုပ်ဖို့က မလွယ်ဘူးပေါ့။ စပြီး ဝိတ်လျော့တုန်းက တလကို ၂ ပေါင်လောက်ကျဖို့ကို မလွယ်ဘူး။ အရမ်းခက်ခဲတယ်။ ကိုယ့်မှာ ရေသောက်လည်းဝ လေတိုက်လည်းဝနဲ့ဆိုတော့ ဒီ အရွယ်ကလည်း အမက ကလေးမွေးထားတာဆိုတော့ ဝမှာပဲလေ။ ဒါပေမယ့် ဆရာဝန်နဲ့ သေချာဆွေးနွေးပြီးတော့ လေ့ကျင့်ခန်းလုပ် အစား လျော့ပြီး ၂ နှစ်လောက်ကြာအောင် လျော့လိုက်ရတယ်”လို့ ထက်ထက်မိုးဦးက ပြောပါတယ်။

ကျန်းမာရေးအခြေအနေအရ ဆာဂျရီပြုလုပ်၍ မရတာကြောင့် ၂ နှစ်ကျော်ကြာ ဆရာဝန်နဲ့တိုင်ပင်ကာ လေ့ကျင့်ခန်းလုပ်ခြင်း၊ အစားလျော့ခြင်းဖြင့် ဝိတ်ချခဲ့ရတယ်လို့ ပြောပါတယ်။

ထက်ထက်မိုးဦးက လတ်တလောမှာတော့ အနုပညာလုပ်ငန်းများ ဆက်တိုက်လုပ်ဖြစ်နေပြီး ဇူလိုင်လ ၂၀ ရက် နေ့မှာတော့ MRTV 4 က ရိုက်မယ့် ဇာတ်လမ်းတွဲတခုမှာလည်း ပါဝင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ဆေးရုံတက်ရတဲ့အကြောင်းကို မေးကြည့်တဲ့အခါ “အဲဒီရက်က အမျိုးသားကဇာတ်ရုံ မှာလုပ်တဲ့ အမျိုးသမီးရေးရာပွဲမှာ ကရင်းနဲ့တုပ်ကွေးဖြစ်တာပေါ့။ အဖျားက ၁၀၄ က မကျဘူး။ အဲဒီနေ့က မနက် အစောကြီး ရေချိုးခေါင်းလျှော်လိုက်တာ ကြာသွားတာရယ်၊ အလုပ်ပင်ပန်းတာတွေရယ်ကြောင့်ပေါ့။ ဝိတိုရိယမှာ ၄ ရက်ကြာသွားတယ်။ အခုတော့နေကောင်းသွားပါပြီ” လို့ ပြောပါတယ်။

The post ၂ နှစ်ကျော်ကြာ ဝိတ်လျော့ခဲ့တဲ့ ထက်ထက်မိုးဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ