Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အလှအပအတွက် ကိုရီးယားမှာ ခွဲစိတ်ပြုပြင်ခဲ့တဲ့ စိုးမြတ်သူဇာ

$
0
0

သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်သူဇာဟာ ပြီးခဲ့တဲ့ လအနည်းငယ်က ကိုရီးယားနိုင်ငံသို့ သွားရောက်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို ခွဲစိတ်ပြုပြင်မှုများပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ဒီ ခွဲစိတ်မှုက ပထမဆုံးလုပ်တာပေါ့။ မကြီးက လက်မောင်းအရမ်းကြီးတယ်။ လက်မောင်းက အဆီချချင်တယ်။ ကျန်တဲ့ ခန္ဓာကိုယ်မှာရှိတဲ့အဆီတွေကို ကြည့်ကောင်းသလိုချလိုက် မျက်နှာကတော့ မင်းသမီးဖြစ်တဲ့အတွက် အများကြီးမပြောင်းလဲချင်ဘူး။ မေးစေ့အောက်မှာ အဆီလေးတွေရှိတယ်။ အဲဒါလေးတွေလုပ်ပေးပါလို့ ပြောလိုက်တယ်”လို့ ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး စိုးမြတ်သူဇာက ပြောပါတယ်။

စိုးမြတ်သူဇာက သူမခွဲစိတ်ကုသခဲ့တာက အလှအပအတွက် ဖြတ်လမ်းနည်းဖြင့် လုပ်ခဲ့တာဖြစ်ပြီး အမျိုးသမီးများကို အတင်းမတိုက်တွန်းပါဘူးလို့လည်း ပြောပါတယ်။

၎င်းအား ခွဲစိတ်မှုတွင် ခံစားရသည်များကို မေးကြည့်တဲ့အခါမှာတော့ “မကြီးထင်တာကတော့ ပါးစပ်ရဲ့ အတွင်းထဲကနေ လှီးထုတ်လိုက်တယ်ထင်တာပဲ။ ချုပ်ရိုးလေးတွေက ပါးစောင်လေးတွေမှာရှိတယ်။ ဘာတွေ လုပ်လည်းတော့မသိဘူး။ မေးစေ့ဆိုရင် အောက်သွားရဲ့အောက်မှာ ချုပ်ရိုးလေးတွေရှိတယ်။ မကြီးက မင်းသမီး လည်းဖြစ်တော့ အပြင်အရေပြားမှာ ချုပ်ရိုးထင်လို့မရဘူးပေါ့။ မျက်နှာအသားအရည်မှာတော့ မရှိတော့ဘူး။ အတွင်းတွေမှာပဲရှိတယ်။ လည်းပင်းဆိုရင်တင်းနေတယ်။ မော့လို့အဆင်မပြေသေးဘူး။ စကားပြောရတာ မကောင်းသေးဘူး” လို့ ပြောပါတယ်။

အဆိုပါ ခွဲစိတ်မှုကို ဧပြီလက Star & Model Agency မှ ကိုဂျွန်လွင်ရဲ့ အဆက်အသွယ်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ကာ စိုးမြတ်သူဇာနဲ့အတူ ရန်အောင်လည်းလိုက်ပါသွားခဲ့ပြီး ရန်အောင်ကတော့ သွေးကျဲနေတာကြောင့် အနာကျက်ရန် ခက်ခဲတဲ့အတွက် အသေးစားပြုပြင်မှုသာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ခွဲစိတ်ကုသထားတာ နှစ်လကျော်ရှိသွားပြီဖြစ်ပြီး ခွဲစိတ်ပြီးနှစ်ပတ်အကြာတွင် ဇာတ်ကားရိုက်ကူးမှုများ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ ခွဲစိတ်ကုသမှုကိုတော့ ကိုရီးယားနိုင်ငံရှိ Starz & Beauty Plastic Surgery ဆေးရုံတွင်ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါ စင်တာကို ရန်ကုန်မြို့ရှိ၊ ဗိုလ်ရာညွန့်လမ်းတွင်လည်း ဇူလိုင်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

The post အလှအပအတွက် ကိုရီးယားမှာ ခွဲစိတ်ပြုပြင်ခဲ့တဲ့ စိုးမြတ်သူဇာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ