Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အနုပညာရှင်တချို့ကို တောင်းပန်လိုက်ရတဲ့ ကိုင်လီနဲ့ကန်ဒယ်လ်တို့ညီအမ

$
0
0

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကိုင်လီဂျန်နာ(Kylie Jenner )နဲ့ ကန်ဒယ်လ်ဂျန်နာ(Kendall jenner) တို့ ညီအစ်မနှစ်ယောက်ဟာ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ OzzyOsbourne, Tupac Shakur and the Notorious B.I.G တို့ကို တောင်းပန်ခဲ့ရတယ်လို့ သတင်းကဖော်ပြထားပါတယ်။

သူတို့ဟာ အဆိုပါ အနုပညာရှင်တွေရဲ့ ခွင့်ပြုချက်မရဘဲ သူတို့ရဲ့ ရုပ်ပုံများကို အသုံးပြုပြီး အင်္ကျီများကို အွန်လိုင်းမှတဆင့် ရောင်းချခြင်းများ ပြုလုပ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။

ကိုင်လီနဲ့ ကန်ဒယ်လ်တို့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Kendall + Kylie အမှတ်တံဆိပ်နဲ့ အဆိုပါ အင်္ကျီ တထည်ကို အမေရိကန်ဒေါ်လာ ၁၂၅ ဒေါ်လာနဲ့ ရောင်းချခဲ့ကြတာပါ။

အဆိုပါ ရောင်းချမှုနဲ့ပတ်သက်ပြီး “ကလေးမတို့ ဂီတအနုပညာရှင်တွေကို ခုတုံးလုပ်ပြီး အခုလိုအခွင့်အရေး မယူသင့်ဘူး။ ကိုယ်ကျွမ်းကျင်တဲ့ နှုတ်ခမ်းနီတွေနဲ့ဘဲ ကျင်လည်ပါ” ဆိုပြီး OzzyOsbourne က သူရဲ့ တွစ်တာအကောင့်မှာ အများသိအောင် ရေးသားခဲ့ပါတယ်။

Rap အဆိုတော် the Notorious B.I.G ရဲ့ မိခင်ဖြစ်သူကလည်း အဆိုပါအင်္ကျီပုံများမှာ အနီရောင် ကြက်ခြေခတ်တံဆိပ် ခတ်နှိတ်ထားပြီး ကန့်ကွက်ကြောင်းကို အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

“အခုလို လုပ်လို့ရကြောင်းဘယ်သူကများ သူတို့ကိုပြောခဲ့လဲမသိပါဘူး။ အခုလို ခွင့်မတောင်းဘဲ ရောင်းချနေတဲ့လုပ်ရပ်ဟာ ဆိုးဝါးတဲ့အပြင် မလေးစားရာလည်းရောက်ကြောင်း အဆိုတော် Christopher ရဲ့ အုပ်ထိန်းသူများမှလည်း ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။

အဆိုပါ ဝေဖန်ရှုတ်ချခဲ့မှုများကို ကိုင်လီက သူမရဲ့တွစ်တာအကောင့်မှတဆင့် “အခုလိုဒီဇိုင်းတွေကို သေချာမပြင်ဆင်ဘဲ ထုတ်လုပ်ခဲ့တဲ့အတွက် ထိခိုက်နစ်နာခဲ့ကြတဲ့ အနုပညာရှင်များကိုလည်း အနူးအညွတ်တောင်းပန်ပါတယ်။ စိတ် အနှောင့် အယှက်ဖြစ်ခဲ့ရတဲ့ အနုပညာရှင်များရဲ့မိသားစုများကိုလည်း တောင်းပန်အပ်ပါတယ်” ဆိုပြီး ရေးသားခဲ့ကာ ရောင်းချမှုများ ကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။

ကိုင်လီဂျန်နာဟာ ကမ္ဘာကျော်အလှကုန်အမှတ်တံဆိပ်ဖြစ်တဲ့ Kylie အလှကုန်များကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသူတဦးဖြစ်ပါတယ်။

Ref:host.madison

ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post အနုပညာရှင်တချို့ကို တောင်းပန်လိုက်ရတဲ့ ကိုင်လီနဲ့ကန်ဒယ်လ်တို့ညီအမ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ