Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပရိသတ်အတွက် အသစ်တွေပေးဖို့ ရင်ခုန်နေတဲ့ အဆိုတော်နီနီခင်ဇော်

$
0
0

တေးသံရှင် နီနီခင်ဇော်က ပရိသတ်တွေအတွက် သူမရဲ့ Super Red နှုတ်ခမ်းနီအသစ်၊ Single Song နဲ့ တတိယမြောက်တကိုယ်တော်အခွေတို့က အချိန်အတိုင်းအတာအရ သိပ်မကွာဘဲ ထွက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“နီနီ့ရဲ့ Single သီချင်းတပုဒ်ကို လကုန်မှာထွက်ဖို့အတွက် လုပ်နေတယ်။ နှုတ်ခမ်းနီက ၈ လပိုင်းထွက်မယ်။ အခွေက ၁၀ လပိုင်း ထွက်မယ်။ ကြားထဲမှာ ၂ လပဲအချိန်ရှိတယ်။ အသစ်အသစ်တွေပေးရမှာဖြစ်တဲ့အတွက် အရမ်းပျော်တယ်။ အဲဒီပီတိက ဘယ်လိုခံစားရလဲမေးရင် မပြောတတ်ဘူး အရမ်းပျော်တယ်” လို့ နီနီခင်ဇော်က ဧရာဝတီကို ပြောပါတယ်။

Super Red အမှတ်တံဆိပ်နှုတ်ခမ်းနီအသစ်တွေကတော့ အရောင် ၅ မျိုးထပ်ထွက်မှာဖြစ်ပြီး နှုတ်ခမ်းနီထွက်ရှိမယ့် သြဂုတ်လ ၅ ရက်နေ့ Junction City တွင် ပရိသတ်များ၊ အနုပညာသူငယ်ချင်းများနဲ့ပါ တွေ့ဆုံနိုင်ရန် စီစဉ် နေတယ်လို့ သိရပါတယ်။

နှုတ်ခမ်းနီထုတ်တာနဲ့ ပတ်သက်ပြီး နီနီခင်ဇော်က “နီနီက မြန်မာနိုင်ငံက လူငယ်အမျိုးသမီးဖြစ်တယ်။ ပရိသတ်တွေအားလုံးကို ကိုယ်ရဲ့လက်နဲ့ ကိုယ်တိုင်လုပ်ထားတဲ့ ပစ္စည်းတခုကိုပေးတာ ဖြစ်ပါတယ်။ အဲဒီအတွက် ဒီ လုပ်ငန်းကို လုပ်ခွင့်ရတာ အရမ်းဝမ်းသာပီတိဖြစ်တယ်။ နီနီက ပစ္စည်းတွေအများကြီးကို ထုတ်နိုင်ချင်မှထုတ်နိုင်မယ်။ အခုထုတ်နိုင်တဲ့ အရည်အသွေးပေါ်မှာ စိတ်ချယုံကြည်ပြီး ထုတ်ရတဲ့အပေါ်ကို ပီတိဖြစ်ပါတယ်။ ပစ္စည်းအသစ်တွေကိုလဲ စီစဉ်ထားတာတွေ အများကြီးရှိပါတယ်။ နှစ်ကုန်အထိ ဆက်တိုက်ထွက်ပါမယ်” လို့ ဧရာဝတီကို ပြောပါတယ်။

မကြာခင်မှာ ထွက်ရှိလာမယ့် Super Red နှုတ်ခမ်းနီအသစ်များမှာ Lily၊ Tulip၊ Rose၊ Lavender၊ Cherry ဆိုပြီး ပန်းနာမည်များနဲ့ နှုတ်ခမ်းနီများဖြစ်ပါတယ်။

ဇွန်လကုန်တွင် အွန်လိုင်းကနေတဆင့် ပရိသတ်ဆီကိုပေးမယ့် တေးသီချင်းကတော့ အသည်းကွဲပြီး အရက် သောက်တဲ့ ကောင်မလေးတယောက်အကြောင်းကို ရေးသားထားတာဖြစ်ကြောင်း သိရပါတယ်။

အောက်တိုဘာလထဲတွင်လည်း နီနီခင်ဇော်က သူမရဲ့ တတိယမြောက်တကိုယ်တော်အယ်လ်ဘမ်ကို ပရိသတ်လက်ထဲ ထည့်ပေးတော့မှာဖြစ်ပြီး သူမရေးသားထားတဲ့ သီချင်းများပါဝင်သွားမယ်လို့ သိရပါတယ်။

The post ပရိသတ်အတွက် အသစ်တွေပေးဖို့ ရင်ခုန်နေတဲ့ အဆိုတော်နီနီခင်ဇော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ