Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Miss Golden Land Myanmar Theme Song နဲ့ ယွန်းသီရိကျော်

$
0
0

တေးသံရှင် ယွန်းသီရိကျော်က Miss Golden Land Myanmar Theme Song ဟာ သူ့ရဲ့ မူပိုင်သီချင်းဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

“၂၀၁၅ ခုနှစ်မှာ Miss Golden Land ပြိုင်ပွဲကို ပြိုင်ကတည်းက ဒီသီချင်းကို ရေးသားသီဆိုပေးခဲ့တာပါ။၂၀၁၆ ခုနှစ်သြဂုတ်လမှာ အသစ်ထပ်ထည့်ဖို့ Miss Golden Land က ဆရာတွေက တောင်းဆိုလာတဲ့အတွက် သီချင်းကို မြန်မာမှုပြုပြီးတော့ သီချင်းတပိုဒ်ကို ထပ်ထည့်ခဲ့ပါတယ်။ အတီးဆရာ ကိုဇေထူးအောင်ကလည်း သေချာ ဖန်တီးပေးခဲ့ပါတယ်။၂၀၁၆ Miss Golden Land ပြိုင်ပွဲပြုလုပ်ပြီးတော့ Project-K အဖွဲ့က ကိုရီးယားမှာ သွားပြိုင်မယ့် ပွဲအတွက် ဒီသီချင်းထဲက အသစ်ဖန်တီးထားတဲ့ သီချင်းအပိုဒ်ကို ယူသုံးဖို့အတွက် ခွင့်တောင်းခဲ့ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုသွားပြိုင်မှာဖြစ်တဲ့အတွက် တပွဲစာအတွက် ခွင့်ပြုပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်ရင်တော့ ယူသုံးလို့မရဘူး။

Theme Song ဖြစ်နေတဲ့အတွက်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်သူတို့က မြန်မာပြည်ကို ပြန်ရောက်တဲ့အခါမှာ အဲဒီသီချင်းကို အသုံးပြုခဲ့ပါတယ်။ ဒီသီချင်းကို ၇ လတိတိအသုံးပြုခဲ့ပါတယ်” လို့ ပြီးခဲ့တဲ့ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ယွန်းသီရိကျော်က ပြောဆိုခဲ့ပါတယ်။

အဆိုပါ တေးသီချင်းကို Project-k အဖွဲ့က သူတို့ရဲ့ Official Facebook Page တွင် တစ်ကြိမ်သာ credit ပေးခဲ့ပြီး သုံးကြိမ်မက သူတို့ဖျော်ဖြေခဲ့တဲ့ ပွဲတိုင်းမှာ ၇ လတိတိ ဖျော်ဖြေခဲ့ပြီး တချို့ပွဲများတွင် ယွန်းသီရိကျော်နဲ့ Project-k အဖွဲ့တို့ တချိန်တည်းအတူတူ ဖျော်ဖြေခဲ့ရတာလည်းရှိကာ ယွန်းသီရိကျော်ဘက်မှ ပြဿနာဖြစ်မည်စိုး၍ မပြောဘဲ ထားခဲ့ရတယ်လို့ ပြောပါတယ်။

ထပ်မံ၍ Project-K အဖွဲ့က ဇွန်လ ၁၁ရက်နေ့တွင်ပြုလုပ်ခဲ့တဲ့ Miss Myanmar World ပြိုင်ပွဲ တိုက်ရိုက် ထုတ်လွှင့်ပြသတဲ့ပွဲမှာလည်း ဖျော်ဖြေခဲ့တဲ့အတွက် ယွန်းသီရိကျော်က Project-K အဖွဲ့နဲ့ ဂီတအစည်းအရုံးတွင် ဖြေရှင်းခဲ့တယ်လို့ သိရပါတယ်။

ဂီတအစည်းအရုံးတွင် ဖြေရှင်းခဲ့ရာ “Project-K အဖွဲ့ကလည်း ဒီသီချင်းကို ဆက်မသုံးတော့ပါဘူး။ သတင်းစာ ထဲမှာလည်း ခွင့်ပြုပေးခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းကို ကြော်ငြာပေးမယ်လို့ ဂီတအစည်းအရုံးမှာ လက်မှတ်ထိုးခဲ့ပြီးပါပြီ။အားလုံးလည်း ပြေလည်ခဲ့ပြီးပါပြီ။ ဒါပေမယ့် တချို့သော သူတွေက လူမှုကွန်ရက်မှာ ယွန်းကို အထင်အမြင်လွဲပြီး စွပ်စွဲပုတ်ခတ်နေတဲ့အတွက် အဖြစ်မှန်မသိသေးတဲ့သူတွေကို ဒီသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောခြင်းဖြစ်ပါတယ်” လို့ ယွန်းသီရီကျော်က ပြောပါတယ်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး Miss Golden Land Myanmar Theme Song Music ရဲ့ မူပိုင်ဖြစ်သူ တေးသံရှင် ယွန်းသီရိကျော်အား လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စွပ်စွဲပုတ်ခတ်တာမျိုးတွေ ခြိမ်းခြောက်မှုမျိုးတွေလည်း ရှိလာတယ်လို့ သိရပါတယ်။

The post Miss Golden Land Myanmar Theme Song နဲ့ ယွန်းသီရိကျော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ