Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အဆိုတော် ထူးအယ်လင်းနဲ့ ကော်ဘရာတို့ အမှုဖွင့်ခံရ

$
0
0

ရန်ကုန်မြို့ ဦးဝိစာရလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်မှာ ဇွန်လ ၂၂ ရက်နေ့ ညက အရက်သေစာသောက်စားမူးယစ်ပြီး ဆူပူရမ်းကားခဲ့တဲ့ အဆိုတော် ထူးအယ်လင်းနဲ့ ကော်ဘရာ Cobra တို့ကို ဒဂုံမြို့မရဲစခန်းက ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၀ အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

၎င်းတို့ စီးနင်းအသုံးပြုသော 4C—- SOLUNA VIOS ငွေမင်ရောင်မော်တော်ယာဉ်အား စစ်ဆေးရာမှာ ယာဉ်၏ ရှေ့ခန်း ထိုင်ခုံ ၂ ခု အကြား၌ ရွှေအိုရောင် လက်ကိုင်ရိုးတွင် အနက်ရောင်ရာဘာရိုးစွပ်လျက် အရိုးအသွား ၁၉ လက်မခန့်ရှိ ရဲဒင်း ၁ လက်အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုတော် ထူးအယ်လင်းနဲ့ ကော်ဘရာ (Cobra) တို့က ဘေးအန္တရာယ်ဖြစ်စေနိုင်သော(သို့မဟုတ်)ပြစ်မှုကျူးလွန်ရန် အသုံးပြုနိုင်သော လက်နက်တစုံတရာနဲ့ တွေ့ရှိလို့ မေးမြန်းရာတွင် လက်နက်တို့ကို မည်သည့်အကြောင်းကြောင့် ကိုင်ဆောင် သယ်ယူလာရကြောင်း ကျေနပ်လက်ခံနိုင်လောက်သော အကြောင်းမပြ၊ မပြောနိုင်တာကြောင့် ရန်ကုန်ရဲအက်ဥပဒေ ပုဒ်မ – ၃၀ အရ အမှုဖွင့်ထားပြီး ပြစ်ဒဏ် ၃ လအထိ ချမှတ်နိုင်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဖြစ်စဉ်ကတော့ “ဦးဝိစာရလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်မှာ အဆိုတော် ထူးအယ်လင်းနဲ့ ကော်ဘရာတို့ သောင်းကျန်း ကြတယ်။ ဖြစ်တာက Taxi နဲ့ ကားချင်းညှိပြီး Taxi ရှေ့ကားပိတ်ရပ်၊ ကားပေါ်က taxi သမားက မဆင်းတော့ ထူးအယ်လင်းက ပုဆိန်နဲ့မှန်ကို ခွဲတယ်။ (ကိုယ်တိုင်တော့ မတွေ့ဘူးတွေ့တဲ့သူကပြောတာ) ကားသမားဆင်းလာတော့ ကော်ဘရာက အေးဆေးပြောတုန်း ထူးအယ်လင်းက ဝင်ထိုးတယ်။ ကားပေါ်မှာပါလာတဲ့ ကောင်မလေးကဆင်းပြီး ထိုင်ကန်တော့ တောင်းပန်တာကိုပါ ထူးအယ်လင်းက ထိုးလိုက်တယ်။ ဘေးနားက ကြည့်နေတဲ့ ရပ်ကွက်က လူတွေတောင် ဒေါသထွက်ပြီး ထူးအယ်လင်းတို့ကားကို ခဲနဲ့ဝိုင်းထု လူကိုပါ ထိုးမလို့လုပ်ကြတာ။ ရပ်ကွက်က လူကြီးတွေတားနေလို့ သက်သာရာရသွားတယ်။ အဲဒါတောင် ထူးအယ်လင်းက ပတ်ဆဲနေသေးတယ်။ ရဲတွေရောက်လာတော့ သူတို့ကို ရဲကားနဲ့ခေါ်သွားတယ်။ဘေးမှာ ကြည့်နေတဲ့လူတွေအကုန်လုံး ထူးအယ်လင်း ရဲကားထဲဝင်တော့ လက်ခုပ်ဝိုင်းတီးပြီး ဥပဒေအတိုင်းဖြစ်ပါစေလို့ ဝိုင်းအော်ကြတယ်” လို့ ဦးဝိစာရအိမ်ရာတွင် နေထိုင်သူတဦးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ Taxi အငှားယာဉ်က အခင်းဖြစ်နေရာမှာ မတွေ့ရသလို တက္ကစီယာဉ်မောင်းက ရဲစခန်းကို တိုင်ကြားတာမရှိပေမယ့် ရမ်းကားသူ အဆိုတော် ၂ ဦးကို ဒဂုံမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။

The post အဆိုတော် ထူးအယ်လင်းနဲ့ ကော်ဘရာတို့ အမှုဖွင့်ခံရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ